၁၉ ဇူလိုင် မမေ့နိုင်…

ကုိ ထြဋ္July 18, 20144min08

bas-163

ရရင်စားချင်တယ်ပဲ ပြောတာနော်… စားချင်တယ် ဝယ်ပေးလို့ ပြောတာ မဟုတ်… ဘယ်လောက် သိမ်မွေ့လိုက်လဲ…

Aung San

” ဟဲ့ အောင်ဆန်း နင် ဘုရင်ဖြစ်ပြီဆို ”

” ဟုတ်တယ်အမ၊ ကျနော့သမီး အမမြေးလေး ကြည့်စမ်းပါ့ ”

” အခုလာရင်းမှာ အမဆီက
ကျနော့သမီးလေး
ခမဲပေးသလိုလို နားဆွဲလိုလို့
အမွေအဖြစ် လာတောင်းတာပါ။ ”

” ဟယ် အောင်ဆန်း
တိုင်းပြည်မှာ နင်ဘုရင်ဆို
သမီးလေး နားဆွဲလိုတာများ
ငါ့ဆီမှာ လာတောင်းနေရသလား ”

” ကဲ ကြည်ရေ
အထုပ်တွေသယ်
ဘူတာဆင်းကြမယ်
ပြန်ကြစို့ ”

ဘာမှ ထပ်မမန့်တော့ဘူးဗျ… ကယ်ဆမ်ကွေကာပဲ သောက်ကြပါစို့… 🙂

1KYATS

နောင်လာနောင်သားတွေ အတွက်ပါ… အဲဒါ ဘယ်သူကြီးလဲလို့ မေးရင် ခက်ရချည်ရဲ့… ကျွန်တော့်မျိုးဆက်တွေအတွက် သိမ်းထားတာလဲ ပါတယ်… 😉

12(2)

ဒါလေးက ရှားပါးဖြစ်မယ်ထင်လို့ တင်ပေးထားတာပါ… တော်တော်များများက မြင်ဖူးလောက်ပါရဲ့…

13

ဗိုလ်ချုပ်လဲ ဆေးလိပ်ကြိုက်တယ် ထင်ပါ့.. ၃ ၄ ၅ ပုံလောက်ရှိတယ်.. အကုန်တင်ရင် မြို့အုပ် တုပ်မှာစိုးလို့.. လိုချင်ရင် မေးလ်ကနေ ဆက်သွယ်နိုင်ပါတယ်…

43

တိုက်ပုံအနက်ကလေးနဲ့…ခန့်တာပဲ…

54

အရင်ကတော့ မှတ်မိတယ်.. ဘာလုပ်နေတယ် .. ဘာညာဆိုပြီး.. စုထားတာတော့ မနည်းဘူး.. ဓာတ်ပုံတွေ.. ခွင့်လွှတ်ပါ.. မမှတ်မိလို့…

71

တောင်ရှည်နဲ့ ရှူးနဲ့.. ကပိုကရိုလေး… ဒါလဲ သဘောကျတာပဲ.. ဘာဝတ်ဝတ်ဗျာ… ချစ်သော မျက်စိနဲ့ ကြည့်လို့လား မသိ.. အကုန် အိုကေတယ်…

 

 

83

123

148

 

20050930142811bogyoke_aungsann_union_leader

aung+san+in+london+28+afp+file

aung2Bsan2Bby2BAP

ခန့်တာတော့ မပြောနဲ့တော့.. သဘောအကျဆုံးထဲမှာ ဒီပုံလဲ ပါတယ်…

 

 

aungsan

အကြိုက်ဆုံးထဲက တပုံ…

bas-134

bas-150

 

ကဲ.. ဒီလောက်ဆို ဗိုလ်ချုပ် အလွမ်းပြေတွေ လုံလောက်ပြီထင်ပါတယ်… လိုသေးရင်တော့ မေးလ်ကနေ ဆက်သွယ်နိုင်ပါတယ်…

ပို့စ်လေးကို နစ်သက်မယ်ထင်ပါတယ်… ရှားပါးပုံတွေပါ တင်ထားပါတယ်.. မြို့အုပ်တော့ လေးလို့ တင်းမလားပဲ .. ဟဲ… ကော်နက်ရှင် လွှတ်ကောင်းတုန်း ကြုံးလိုက်တာ… 🙂

ဒီပို့စ်လေးကို ဖတ်ပြီးပြီးချင်း… ဂုဏ်ပြုတဲ့ အနေနဲ့.. တမိနစ်လောက် ငြိမ်သက်အလေးပြုပါလား.. အကြံပြုတာပါ… ပေါတယ်ထင်ရင်တော့ မလုပ်ပါနဲ့ .. အတည်ပြောတာပါ…

မဟုတ်လဲ မနက်ဖြန်မှ ဖတ်ပြီး အလေးပြုလဲ ရပါတယ်… အာဇာနည်ကုန်းက ကိုယ်မှ မသွားနိုင်တာ.. ဒီညပဲ ခရီးထွက်ရပြန်ပြီလေ… 🙂

 

8 comments

  • ဇီဇီ

    July 18, 2014 at 2:54 pm

    ခေါင်းအညွှတ်မှာ အဖတို့သွေးများ ခန္ဓာကိုယ်အနှံ့စီးပါစေသား
    17th,July,2014at9:30AM
    ~~~~~~~~~~~~~~
    တပ်မတော်ဟာ တစ်ဖွဲ့တစ်ပါတီ၊
    လူတစ်စုအတွက်တည်ထောင်ထားတာမဟုတ်၊
    တစ်နိုင်ငံလုံး၊တစ်မျိုးသားလုံးအတွက်ဖြစ်တယ်။
    အဖရှိစဉ်က အဲ့လိုပြောခဲ့တာ၊ အဲ့လိုဖြစ်ခဲ့တာ။
    အဖမရှိတော့တဲ့အခါ
    တပ်မတော်ဟာ လယ်သိမ်းဖို့၊ယာသိမ်းဖို့
    အာဏာသိမ်းဖို့ပဲလုပ်လာတယ်။
    သယံဇာတတွေကို လက်ဝါးကြီးအုပ်လာတယ်။
    ပြည်သူ့ဆန္ဒမပါဘဲ
    လွှတ်တော်ထဲမှာ အခွင့်ထူးခံလာတယ်။
    အဖတို့ယူပေးခဲ့တဲ့လွတ်လပ်ရေးကို
    သူတို့က ကျွန်ပြန်ပြုတယ်။
    တောက်!
    အခုချိန်အထိ…။

    အင်္ဂလိပ်တွေချွေးတပ်သားဆွဲတာအဲ့လောက်မနာဘူး
    ဂျပန်ကင်ပေတိုင်တွေပါးရိုက်တာလည်းအဲ့လောက်မနာဘူး
    မြန်မာအချင်းချင်း
    လည်မျိုနင်းတာတော့
    အသည်းအက်မတတ်နာတယ်။

    အာဇာနည်စိတ်ဆိုတာ
    လူမျိုးရေးမုန်းတီးမှုတွေမပါဘူး
    ဘာသာရေးအစွန်းရောက်မှုတွေမပါဘူး
    အမျိုးသားရေးခုတုံးလုပ်မှုတွေမပါဘူး
    ကလိမ်စေ့ငြမ်းဆင်တွေမပါဘူး
    အာဏာတည်မြဲရေးတစ်ခုအတွက်နဲ့
    ပြည်သူ့ရင်ဘတ်ကို ဆွဲဆုပ်တာတွေမပါဘူး။

    သူတို့ရဲ့ရင်ထဲမှာ
    အာဇာနည်စိတ် ကိန်းဖို့နေနေသာသာ
    အာဇာနည်နေ့လို့ကြားလိုက်တာနဲ့
    လိပ်ပြာလန့် သွေးပျက်နေကြပုံက
    လွတ်လပ်ရေးရဲ့ကျေးဇူးရှင်ဆိုတာလည်းမသိတော့…
    ကျေးဇူးကန်းနေမိမှန်းလည်းမသိတော့…
    တကယ့် ဂဠုန်ဦးစောလက်သစ်ပဲ အဖတို့ရေ…။

    သူတို့ကို အရမ်းမုန်းတဲ့အချိန်တွေဆို
    အဖတို့ကိုသတိရပြီးငိုမိတယ်။
    အာဏာရှင်ကိုဖြုတ်ချဖို့
    အာဇာနည်တွေထပ်ရင်းဖို့လိုပြီလား။

    ပြည်သူတွေအားလုံး အဖတို့အတွက်
    စက္ကန့်ခြောက်ဆယ်လောက်ဦးညွှတ်နေချိန်မှာ
    အဖတို့သွေးများ ခန္ဓာကိုယ်အနှံ့
    စီး ဆင်း ခွင့် ပြု ပါ လေ…။ ။

    မောင်ဆောင်းခ

    Reply

  • Yae Myae Tha Ninn

    July 18, 2014 at 3:12 pm

    ကောင်းလိုက်တဲ့ ကဗျာလေးဗျာ… ကျေးဇူးတင်ပါတယ်… 🙂

    Reply

  • မဟာရာဇာ အံစာတုံး

    July 19, 2014 at 1:07 am

    ဗိုလ်ချုပ် ပုံတွေ စုံလှချည်လား ဘရားသားရာ …
    ဆေးလိပ် သောက်နေတဲ့ ပုံရဲ့ အထက်က ပုံဆိုရင် အခုမှ မြင်ဖူးတာဗျ …
    ဗိုလ်ချုပ်က ဆေးလိပ်တော့ သောက်တယ် …
    လုပ်ကြံ မခံရခင် ရက်ပိုင်းအတွင်းကပဲ အတွင်းများရုံးကို ဆရာမင်းသုဝဏ်တို့ ရောက်လာတော့
    ဆေးလိပ်နဲ့ ဧည့်ခံပြီး စာကြောင်း ပေကြောင်းတွေ ပြောလိုက်သေးသတဲ့ …

    Reply

  • surmi

    July 20, 2014 at 11:03 am

    ရှားပါးပုံတွေပါလား
    တစ်ခုသောကာလမှာတုန်းကတော့
    ဖျောက်ဖျက်ထားကြလေရဲ့

    Reply

  • Yae Myae Tha Ninn

    July 22, 2014 at 9:13 pm

    ကျန်သေးတယ်.. တဂျီးမင်း ငြိုငြင်မှာစိုးလို့.. အားပေးရင် နောက်ဆက်တွဲထပ်တင်ပေးမယ်.. ရှိသေးတယ် ပုံတွေ… ဟီး…

    Reply

  • kyeemite

    July 23, 2014 at 1:31 pm

    တစ်
    ဘာမှမထူးဆန်းတဲ့ နာမည်တစ်ခုပါပဲ
    အောင်ဆန်း … တဲ့
    မင်းမိဘကသာ အဲဒီလိုပေးခဲ့ရင်
    မင်းနာမည်လည်း အောင်ဆန်းပဲပေါ့။
    ဒါပေမယ့် … မနှိုင်းနဲ့
    သူ့သမိုင်းလောက် မင်း .. မခမ်းနားဘူး
    သူ့လောက် မင်း … မပေးနိုင်ဘူး
    သူ့လို မင်း … အနစ်နာမခံနိုင်ဘူး
    သူ့လောက် မင်း … မရဲရင့်ဘူး
    သူ့လောက ်မင်း …. မနူးညံ့ဘူး
    သူ့လောက် မင်း …. မချစ်တတ်ဘူး
    သူ့လောက် မင်း … မပြတ်သားဘူး
    သူ့လောက်မင်း မရှင်သန်နိုင်ဘူး
    (၉၆ နှစ်ရှိခဲ့ပြီ … အခုထိမသေဘူး.. ဘယ်တော့မှလည်း သေမှာမဟုတ်တော့)
    သူ့သမိုင်းမှာ
    ဖျက်ရာ မရှိဘူး
    ပြင်စရာ မလိုဘူး
    သူက အပေးသမား
    ဘာမှ ယူမသွားခဲ့
    ဒါကြောင့် သူဘာမှမမှားခဲ့ ..
    နောက်ဆုံး ….
    သူပျိုးခဲ့တဲ့ အပင်ကိုတောင်
    သူမမြင်လိုက်ရဘူး။
    ကဲ .. သူငယ်ချင်း
    မင်းလည်း အောင်ဆန်းဆိုတဲ့ အမည်တစ်လုံး
    ပေးခွင့်ရှိတယ်
    ဒါပေမယ့် ..
    စာလုံးပေါင်းကလွဲလို့
    ဘာမှတူမယ် မထင်နဲ့။
    ကိုကြည်နိုင်(ကျုံတိုင်းရွာ)
    =============================================
    ကြိုက်လို့ဖြည့်ထည့်ပေးလိုက်ပါတယ် ရေမြေ့သနင်းေ၇

    Reply

  • Yae Myae Tha Ninn

    July 23, 2014 at 2:15 pm

    ကျေးကျေး.. ကိုကြီး မိုက်ရေ… 🙂

    Reply

  • manawphyulay

    July 24, 2014 at 3:34 pm

    နှစ်စဉ် လွမ်းရတဲ့ အလွမ်းများစွာတဲ့ မမေ့နိုင်တဲ့ အလွမ်းပါပဲ။

    မနောလည်း ပုံလေးတွေ စုထားပါတယ်။ မရှိသေးတာတွေ ထပ်ယူသွားပါတယ်။

    အခု ပွင့်လင်းစွာ လွမ်းခွင့်ရှိနေပြီ….လေ..

    Reply

Leave a Reply

Your email address will not be published.