ဘောလုံးသမိုင်းရဲ့ရာဇဝင်

TNA ဆိုတဲ့ကျွန်မဟာ အတော်ကို မိန်းမမဆန်တဲ့မိန်းမတယောက်ပါ။ ဝါသနာပါတာကိုပဲကြည့်ဘောလုံးပွဲ။ ကမ္ဘာ့ဖလားများဆို တလလုံးညမအိပ်တန်း အားပေးရတာအမော။ ဘယ်လောက်ထိအားပေးခဲ့သလဲဆို အရင်က စလောင်းရှိတဲ့အိမ်မှာ ပိုက်ဆံနဲ့ပြတာကို သွားကြည့်ခဲ့တာ။ ယောင်္ကျားတွေကြားထဲ ကိုယ်ကမိန်းမ တယောက်ထဲ။ 😀 အဲ့လောက်။ အဲ့မှာ ဘုန်းကြီးကလဲလာကြည့်တော့ VIP တန်းမှာ ကျွန်မနဲ့ ဘုန်းကြီးပေါ့။ အဲ့လောက်ထိကြည့်တာ။ မင်္ဂလာဆွမ်းကျွေးတော့ အဲ့ဘုန်းကြီးကမှတ်မိတယ် ငါနဲ့ဘောလုံးပွဲအတူတူကြည့် တဲ့ ဒဂါမမဟုတ်လားတဲ့။ တင်ပါ့ဘုရားဆိုပြီး သတို့သားမျက်နှာ မကြည့်တော့ပါဘူး။ :b: အဲ့လောက်ပါဆို။ ဒီဘောလုံးပွဲကြည့်တာလဲ ရာဇဝင်နဲ့မို့ ခု ကမ္ဘာ့ဖလား ပွဲလေးအပြီးမှာ စာတင်ပရစေတော့ရှင်။ :mrgreen:
၁၉၉၃ ဆယ်တန်းအပြီးမှာ တက္ကသီလာကျောင်းတော်မဟာကလဲ ကိုယ့်အလှည့်မကျသေးလေ တော့ အိမ်မှာ များလားများလားပေါ့ရှင်။ မာရီယိုဂိမ်းလေးဆော့လိုက် ဈေးကပို့တဲ့ ဟင်းလေးချက် လိုက်နဲ့။ အဲ့မှာ ဘာနဲ့သွားတွေ့သလဲဆိုတာ့ English premier league နဲ့သွားတွေ့တော့တာပဲ။ အဲ့မှာ စကြည့်ဖြစ်တာပဲဘောလုံးပွဲကို။ စကြည့်တော့ အင်္ဂလိပ်အဆင့်မြင့်တန်းက အသင်းတွေ QPR၊ Arsenal၊ Liverpool၊ Manchester United ၊ Manchester City၊ Chelsea စတဲ့အသင်းတွေကို သတိထားမိလာတယ်။ ဘယ်အသင်းအားပေးရမှန်းမသိပဲ ယောင်လည်လည်ကြည့်နေရာက အား ပေးရမဲ့တသင်းသွားတွေ့တယ်။ အဲ့အသင်းကတော့ Manchester United ပါပဲ။ ဘာဖြစ်လို့ အားပေးဖြစ်သလဲဆိုတော့ David Beckham က ဆံပင်ရွှေရောင်လေးနဲ့ အရံထဲမှာ ချစ်စရာလေး။ Eric Cantona ကြီးကလဲ ရှေ့တန်းမှာ ရင်ခုန်စရာ။ Ryan Giggs ကလဲ အလယ်တန်းမှာ ချောမှချော။ Peter Schmeichel ကြီးကလဲ အသံဝါဝါကြီးနဲ့ အရမ်းဂိုးဖမ်းတာတော် ဆိုတော့ ဒီအသင်းကိုအားပေးဖို့ ဆုံးဖြတ်ပြီး အားပေးခဲ့တာ ယနေ့ထိပဲဆိုပါတော့။ Neville ညီအကိုကလဲ ချောဆိုတော့ ဒီအသင်းကို အသည်းစွဲခဲ့တာပေါ့။ ဘယ်လောက်တောင်အားပေးခဲ့သလဲဆိုတော့ Eric Cantona ကြီး ပရိတ်သတ်ကို ကွန်ဖူးကစ်နဲ့ နောက်ပြန်ကစ်လိုက်တာ ကိုယ်မွေးနေ့မှာဖြစ်နေတာကို အောင်မယ်လေး ငါ့မွေးနေ့ကျမှ လုပ်တယ်တော့ဆိုပြီး ကြံဖန်ဂုဏ်ယူတဲ့အထိ အားပေးခဲ့ရတာ။ နဲတဲ့သမိုင်းလားနော်။ 🙂
အဲ့လိုနဲ့ ဘောပိုးဝင်သွားလိုက်တာ 1994 USA World Cup မှာတော့ ရောဂါကတော်တော်ရင့်နေပါပြီ။ တိုက်ရိုက်လွှင့်တဲ့ပွဲကော နောက်ကျမှပြန်လွှင့်တဲ့ ပွဲကော တပွဲမှအလွတ်မခံပါဘူး။ ညမအိပ်ပဲလဲကြည့်။ ထမင်းမေ့ဟင်းမေ့ကိုတလုံးကြည့်ခဲ့တာပေါ့။ ဒါပေမဲ့ ကိုယ်ကလဲ ပထမဆုံး ကမ္ဘာ့ဖလား ကြည့်ဖူးတာဆိုတော့ သိပ်တော့ နားမလည်ပါးမလည်ကြည့်ခဲ့ရတာပေါ့။ အဲ့တုန်းက အင်္ဂလန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲတောင် မအောင်လို့ မပါနိုင်ပဲ ဘောလုံးဘိုးအေကြီး မဟာအရှက်တော့ ဗျန်းဗျန်းကွဲနေချိန်ပေါ့။ ကိုယ်ကလဲ အင်္ဂလိပ်ဘောလုံးသမားတွေကလွဲလို့ ကျန်ဘောလုံးသမားတွေ အကြောင်း မသိသေးတော့ ဘယ်အသင်းအားပေးရမှန်းမသိ အုပ်စုပွဲတွေမှာ ယောင်ချာချာပေါ့။ အဲ့အိမ်ရှင် USA ကိုတော့ အားပေးသပေါ့။ အဲ့မှာ မေးစေ့မှာ ဆိတ်မုတ်ဆိတ်လို မုတ်ဆိတ်ထားတဲ့ဘောလုံးသမားတယောက်က လက်ပစ်ဘောပစ်တာ သန်းတိုးအောင်တို့ ခြေထောက်နဲ့ကန်သလောက်ရောက်သမို့ သူ့ကို Goat ဂိုးအက်လို့ ကွ့ကိုယ်နာမည်ပေးပြီး အားပေးခဲ့တာ။ :buu: အဲ့လိုနဲ့ အဲ့မှာ ဘာသွားတွေ့သလဲဆိုတော့ အီတလီအသင်းက ရှေ့တန်းတိုက်စစ်မှုး Roberto Baggio။ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်ကိုယ့်ချစ်သူချောချောလေး။ အိုးဘာပြောကောင်းမလဲတခါတည်းပစ်ကြွေပြီး သကာလ အီတလီအသင်း ကိုပဲအသေအလဲအားပေးခဲ့တော့တာပေါ့။ ဖိုင်နယ်မှာ ဘရာဇီးကို ပိန်းနဲသီးမှာရှုံးပြီး ဒုတိယပဲရတော့ ငိုလိုက်ရတာ ဝက်ဝက်ကွဲ။ 😥 အဲ့ကတဲက ဘရာဇီးကိုစိတ်နာလွန်းလို့ ကမ္ဘာ့ဖလားပွဲတိုင်း ဘရာဇီးကိုအားမပေးတော့တာ ယနေ့ထိ။ :buu: ( ဒီပွဲမှာတော့ ဘရာဇီးအိမ်ရှင်မို့ နိုင်နိုင်ချေရှိရဲ့ ဆိုပြီး နိုင်မယ်လို့ ခန့်မှန်းမိတာ လွဲလိုက်မှလွဲ။ ဒါပေမဲ့ဝမ်းသာလိုက်တဲ့ဖြစ်ချင်း။ ၁၉၉၄ ကရှုံးကြွေးပြန်ဆပ်နိုင်လို့ :kwi: ) အဲ့ကတဲကစလို့ အီတလီကို ကမ္ဘာ့ဖလား တိုင်းတောက်လျှောက်အားပေးခဲ့တယ်။ နောက် အဲ့တုန်းက အားပေးခဲ့တာ ကိုလံဘီယာ။ နောက်တန်းက Andres Escobar ဆိုတဲ့ကောင်လေးကိုချစ်လို့။ အားပေးခဲ့တာ။ သူကလဲကောင်းရှာတယ်။ တကယ့်ကို ခံစစ်လုံလုံနဲ့ကစားခဲ့တာ။ ဒုတိယအနေနဲ့ အဲ့အသင်းကိုအားပေးခဲ့တာပေါ့။ အုပ်စုပွဲနောက်ဆုံး အဆုံးအဖြတ်ပွဲမှာတော့ သူရွတ်ရွတ်ချွံချွံကာကွယ်ပေမဲ့ သူဖျက်ထုပ်လိုက်တဲ့တလုံးက ဝင်သွားပြီး သူ့အသင်း အိမ်ပြန်ခဲ့ရတယ်။ သူ့နိုင်ငံရောက်ရောက်ချင်းမှာပဲ သူ့ကို လုပ်ကြံသတ်ဖြတ်ပလိုက်ကြတယ်။ အိုးဘာပြောကောင်းမလဲ အသဲတွေတစစီပေါ့။ 😥 အဲ့ကတဲက စိတ်ထဲစွဲသွားခဲ့တာမို့ ကိုလံဘီယာကို ကမ္ဘာ့ဖလားပွဲတိုင်းအားပေးခဲ့မိတယ်။ နောက်ဘောလုံးပွဲတိုင်းအားပေးခဲ့တဲ့ အသင်းတွေကတော့ ဂျပန်၊ တောင်ကိုရီးယား အသင်းတွေပေါ့ရှင်။ သူတို့ကတော့ အာရှအသင်းတွေမို့ အာရှသားအချင်းချင်းအားပေးတာပေါ့။ နောက် ကမ္ဘာ့ဖလားပွဲတိုင်း အင်္ဂလန်အသင်းပြန်ပါလာတော့ အင်္ဂလန်အသင်းကိုလဲ အားပေးရတဲ့ အသင်းထဲထည့်ရတာပေါ့။ နောက်တသင်းကတော့ ဂျာမနီ။ Klinsmann ရဲ့ လူကြီးလူကောင်းဆန်တာကို သဘောကျတယ်။ ပြီးတော့ ပြင်သစ်ကမ္ဘာ့ဖလားမှာ ပွဲထုပ်လာတဲ့ Klose လေးကိုလဲချစ်လို့။ အားပေးခဲ့မိတယ်။ အဲ့ အင်္ဂလန်နဲ့ ဂျာမနီတွေ့တဲ့ပွဲတိုင်းတော့ အင်္ဂလန်ဖက်ကပဲအားပေးခဲ့တယ်။ ဒါပေမဲ့ အင်္ဂလန်ပဲအမြဲရှုုံးတယ်။ ဒါပေမဲ့ ဂျာမနီကို ဘရာဇီးလိုမမုန်းဘူး။ ထူးဆန်းချက်။ Klose လေးမျက်နှာကြောင့်ဖြစ်မယ်ထင်ပါရဲ့။ 🙂
အဲ့ကျွန်မအားပေးတဲ့အသင်းတွေရှိသလို အားမပေးတဲ့အသင်းတွေလဲရှိတယ်ရှင့်။ ဘရာဇီးကတော့ အထက်မှာပြောခဲ့သလိုပေါ့။ နောက်တသင်းကတော့ အာဂျင်တီးနား။ အဲ့အသင်းကတော့ မာရာဒိုနာကိုကြည့်မရလို့။ အဲ့ဘုရားပေးတဲ့လက်နဲ့ အနိုင်ရခဲ့တယ်ဆိုတာလဲ မတရားဘူးထင်လို့။ အားမပေးခဲ့တာဒီနေ ့အထိ။ စပိန်လဲအားမပေးဘူး။ ဘာရယ်တော့မဟုတ်ဘူး။ နွားရိုင်းသတ်ပွဲကိုမကြိုက်လို့။ ကျွန်မကအဲ့လိုကြောင်တာ။ :p: ဒါပေမဲ့ အဲ့အသင်းကိုယနေ့ထိအား မပေးမိခဲ့ဘူး။ အဲ့နောက်တသင်းကတော့ ပေါ်တူကီ။ အဲ့ဒါကတော့ နောက်ပိုင်းမှဖြစ်တာ။ ဟို စီရိုနယ်ဒိုဆိုတဲ့ ဘောလုံးသမားကိုကြည့်မရလို့။ သူကတ ကိုယ်တော် ခြေစွမ်းပြချင်တာလဲမကြိုက်ဖူး။ ပလာတာရိုက်တာလဲမကြိုက်ဖူး။ စောင့်ကြွားကြွားကိုလဲမကြိုက်ဖူး။ အဲ့ဒါနဲ့အာမပေးဖြစ်ခဲ့ဖူး။ နောက်တသင်း ကတော့ တရုတ်။ သိတဲ့အတိုင်းကျွန်မတို့နဲ့က ကျောင်းတော်ကရန်စမို့ အားကိုမပေးတာ။ နိုင်ငံရေးပါမစိုးလို့ဆက်မပြောတော့ဘူး။ :s: နောက်ဆုံးအား မပေးတဲ့ အသင်းစကတော့ ဆော်ဒီနဲ့ အီရန်အစရှိတဲ့ အရှေ့အလည်ပိုင်းအသင်းတွေ။ သူတို့က ခြေသလုံးနားလေဟပ်သွားရင်တော့ အပါတ်နှစ်ဆယ်လောက်လိမ့်ပြီး အရှိန်သေခါနီးမှာ ကော့ထိုးပြီး အိုက်တင်လုပ်ပြတာမုန်းလို့။ သူတို့ကိုလဲ ယနေ့ထိအားမပေး။ 😆

အဲ့ဒါကတော့ ကျွန်မ ဘောလုံးပွဲစကြည့်ခဲ့တဲ့ ဘောလုံးသမိုင်းတို့ရဲ့ရာဇဝင်ပေါ့ရှင်။

:kwi: ဘာပဲဖြစ်ဖြစ် Klose လေးရဲ့ နောက်ဆုံးပါဝင်ခွင့်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖလားကိုင်ခွင့်ရသွားလို့ အရမ်းကိုဝမ်းသာမိတယ်။ Klose လေးကိုယ်စားဂုဏ်ယူမိတယ်။ :buu:

49 comments

  • ဇီဇီ

    July 17, 2014 at 9:11 am

    ဟမ်မငေးးး
    ယောက်ခမွရယ်။ ရီလိုက်ရတာ။
    :mrgreen:
    တူလိုက်တာ။
    ကျနော်က အဲ့တုန်းက မိုက်ကယ်အိုဝင်ကို ကြိုက်လို့ လစ်ဗာပူး ဘက်က ပဲ အမြဲလောင်းတာ။
    ရှုံးတာနိုင်တာ၊ အပေါ်အောက် ဘာမှ မသိဘူးးး
    ဘောလုံးပွဲကြည့်ရင်တောင် ဘောလုံးနောက် လိုက်မကြည့်ဘူးးး သူ့ပြေးရာနောက် လိုက်ကြည့်ပြီး ကင်မရာက သူ့ကို ကလို့(စ) အပ် မဆွဲပြရကောင်းလား ဒေါသထွက်သေးတာ။
    ဟိဟိ။ :mrgreenn:
    နောက်ပိုင်းတော့ ဘောလုံး နဲ့ တကွ အားကစားလောက ကို ကျောခိုင်းပြီး ရုပ်ရှင် လောကထဲ ခြေစုံပစ် ရောက်သွားတော့တာပါပဲ။
    ဟိ။
    😀

    အနော့ ဘဝမှာ ပါဖက် ချောတယ်လို့ သတ်မှတ်တဲ့ ယောင်္ကျားထဲတော့
    ဒေးဗစ်ဘက်ခမ်း က တော့(ပ) ဖိုက်ထဲ ပါသဗျ။
    ဘယ် ဆံပင်ပုံနဲ့ဖြစ်ဖြစ်ကို ချောတာ။

    :s:

    • TNA

      July 17, 2014 at 2:46 pm

      အဟိ ခုမှဘောရောဂါပိုးပြန်ထလာလို့ ငယ်ချစ်တွေသတိယသွားတယ် ချွိလေးရယ် 😥

  • နှူးဘာ မိဂီ

    July 17, 2014 at 9:27 am

    လော်ဘာတို ဘာဂျီယို ဂျီးကိုကြွေတယ်လား….
    ပက်ဂလူဂျီယာကြီးကော ကြွေဖူးလား …
    စတားလုံး ရုပ်ရည်နဲ့ ဂိုးဖမ်းစားနေတဲ့ ဘီးကျဲလေ… ၉၄တုန်းက နာမည်ကျော်ခဲ့တာ အဲ့လို…

    • TNA

      July 17, 2014 at 2:47 pm

      ဟမ့် ရောဘတ်တိုလေးဘဲ ခုထိ ရင်ထဲထိ :mrgreen:

  • weiwei

    July 17, 2014 at 9:28 am

    ဘောလုံးကို ဘယ်လိုမှ စိတ်ဝင်စားလို့မရ ..
    သူများတွေ ဝါသနာပါကြတာကိုလဲ နားမလည်နိုင်ဖြစ်ရတယ် ..
    ဒါပေမယ့် တစ်ခါတစ်လေမှရေးတဲ့ မွသဲရဲ့ ပို့စ်ကို အားပေးသွားပါတယ်နော် ..

    • TNA

      July 17, 2014 at 2:50 pm

      ကျေးဇူးပါမဝေရေ။ တကယ်တော့ အိမ်ထောင်ကျကတဲက ဘောလုံးနဲ့ဝေးသွားတာ။ အခုအင်တာနက်ခေတ်ရောက်မှ အိပ်မက်ကပြန်လန့်နိုးလာတော့ ပါလာတဲ့ဝါသနာ တားမရဖြစ်တာပေါ့။ အဟိ။ အဲ့တော့လဲ ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာဆိုသလို အတိတ်ဟောင်းကိုပြန်တူးကြည့်တာ 😀

  • ဦးကျောက်ခဲ

    July 17, 2014 at 9:33 am

    ဪ လေဒီတွေများ … အံ့ဩ ကုန်နိုင်ဘွယ်ပဲ… အဟိ အဟိ
    အားကစားစိတ်ဓာတ်အပြည့်နဲ့ ဘောမင်းသားတွေကို အားပေးတာကိုး…
    ဟိုးရှေးးးခေတ်က ဓာတ်ရှင်ထဲမှာ ရွှေဘ ရှုံးလို့ ပိတ်ကားကို ခဲနဲ့ထုတယ်ဆိုတာ ဟုတ်မယ်…
    အခုတောင် ကမ႓ာ့ဖလား လေနဲ့ကန်ကြတာ ဟတ်ထိတဲ့သူထိကုန်ကြသတဲ့…
    😀

    • TNA

      July 17, 2014 at 2:53 pm

      အောင်မယ်တော် လေဒီဒွေပဲပြောနေ ရှင်တို့ မန်းဒွေကော ထူးပါဘူးလေတော်။ သများဒို့က ရုပ်ချောတာတခုတင်မဟုတ်ပါဘူး။ ဘောစွမ်းရည် အဲ့ ဘောလုံးစွမ်းရည် ပါရမီကိုလဲအားပေးဒါပါနော်။ :mrgreen:

    • kai

      July 18, 2014 at 6:38 am

      “ပရိတ်သတ်ကြီးခင်ဗျား..မကြာခင်ရွှေဘ ပြန်ချပြီးနိုင်ပါလိမ့်မယ်..”
      လို့.. ထပြောပေးမယ့်သူတေ့ာမရှိ… :mrgreen:

  • black chaw

    July 17, 2014 at 10:35 am

    ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားဖြစ်ဖူးတဲ့
    လိုင်ဘေးရီးယား က ဂျော့ဝီယာလေး မြင်ရင်
    မသည်းနုအေးတို့ ခိုင်ဇာတို့ ခိုက်ကြမှာ မြင်ယောင်မိသေး
    ဟေး..ဟေး..။
    😀

    • ဇီဇီ

      July 17, 2014 at 11:03 am

      ဘယ်မတုန်းးး
      မသိဘူးဗျ။
      ဓာတ်ပုံပြ။
      :mrgreen:
      ခု လည်းးးး တမက်ဆီတည်း မက်ဆီနေကြတာ ချောလို့လားဟင်?
      ပြကြပါဦးးး
      မက်ဆီ ဆိုတာကြီးကို။
      ပက်ဆီသောက်ရင်း ကြည့်ချင်လို့။

      😀

    • TNA

      July 17, 2014 at 2:58 pm

      အောင်မယ်လေး တေဗျဇီး အူးဘက်ရယ်။ :byee:

  • ကြောင်ဝတုတ်

    July 17, 2014 at 11:16 am

    ကျွန်တော်တို့ငယ်ငယ်တုန်းက အီတာလီယာအသင်းသားတွေအကုန်လုံးက မင်းသားရှုံးလောက်အောင် လန်းခဲ့ကြတာ…
    ကျောင်းမှာတုန်းက ပြောစမတ်တွင်ခဲ့သေးတယ်…
    အခန်းထဲကကျောင်းသူတွေ အတန်းထဲကကျောင်းသားတွေနာမည်အသိရင်သာရှိရမယ်…
    အီတာလီယာအသင်းသားနာမည်အားလုံးတော့သိတယ်လို့တောင် ဆိုခဲ့ကြသကိုး…
    အိုဘယ့်အီတာလီယာ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • TNA

      July 17, 2014 at 3:01 pm

      ဟုတ်ပါ့ ဖက်ဖက်ကက်ရယ် အီတလီတွေချောမှချောနော့။ သများလဲ အီတလီဘောလုံးသမားနဲ့များ အဆင်ပြေလေမလားလို့ အီတလီစကားတောင်သင်လိုက်သေး ဟေးဟေး

  • အခုထိအသီးကွဲနေဆဲမို့ အာဂျင်တိုင်းဒေကပြန်ချော့နေရတုန်းဘာ
    အာဂျင်တိုင်းဖလားမရလို့မဟုတ်ဘူး လီယိုလေးသူလိုချင်တာယူမပေးနိုင်ရှာလို့ပါ။
    😥
    နီပေါက ဟင်ဒူမလေးဒေကတော့ 2018ရုရှမ လီယိုယူနိုင်မှာပါဆိုပြှီး အားခဲနေကြပေမယ့်
    ခုပဲလိုချင်တာမို့ နေရာရွှေ့လာတဲ့ကိုမတ်ကြီးကိုပဲအပြစ်တင်ရမလား။
    ခွက်ဒစ်တူ-တဂျား
    😥
    ဒါနဲ့အဘိုးကြီးအိုရုပ်နဲ့ ခလိုဆေးကို ဘာလို့ကြိုက်တာယဲငင်
    :mrgreen:
    မက်ဆီကို ဘာလို့ကြိုက်တာလည်းမမေးနဲ့
    ကမာ္ဘမှာ သူလိုလူမရှိသေးအောင် ဘောကန်ကောင်းလို့ကြိုက်တာ ရုပ်နဲ့မဆိုင်ပါ။
    ဘက်ခမ်းသားဒေတောင် သုအဖေရဲ့ရန်ဘက်အသင်းကိုမှအားပေးတာကြည့်။
    ဂျာမနီအိန်းကျီနဲ့အားပေးသွားတဲ့ ကာကာကိုတော့ အမွေဖြတ်ပါပြီ။
    အဆုံးသတ်ရသော် မာရီယိုဂေါ့ဇီသည် တသက်စာရန်သူဖြစ်လေဒဒိ။

    • TNA

      July 17, 2014 at 3:04 pm

      ဟယ် ခလိုဆေးလေးက စကန်တုန်းက ဆယ်ခွန်လေကွယ်။ ကဘာ့အသက်အငယ်ဆုံးလက်ရွေးစင်လေးပေါ့။ အဲ့မှာ ဟစ်ထရစ်ရတယ်။ အုပ်စုပွဲမှာတင် သူလေးဂိုးသွင်းတာ။ ခုတော့ အိုပြီပေါ့ဟယ်။ အဲ့တုန်းကတော့ သများနဲ့ အသက်မတိမ်းမယိမ်းကိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး 🙂 အဲ့တုန်းက သူဂိုးသွင်းပြီးတိုင်း ဂျွမ်းပစ်ပြီး အောင်ပွဲခံတာ ခုထိညက်ချိထဲကမထွက် :mrgreen:

  • Crystalline

    July 17, 2014 at 12:38 pm

    မသဲရယ်.. ရီလိုက်ရတာမော.. သမီးယောက်ခမကတော့ လိုက်သလားမမေးနဲ့.. :mrgreenn: ကျမလည်းမိန်းမဖြစ်ပြီး ကြိုက်တာ.. ဘောလုံးပွဲ..ဂေါ့ဖ်..ပိုက်ကျော်ခြင်း..ဘတ်စကက်ဘော… ဘောလုံးပွဲကတော့ ငယ်ငယ်က တော်တော်လေးကိုရူးခဲ့တာ.. 😀

    • TNA

      July 17, 2014 at 3:06 pm

      အိုးဘောလုံးဝါသနာပါတာတော့ပြောမနေနဲ့။ စောမွေးလာလို့သာ။ နဲနဲနောက်ကျမှမွေးရင် မြန်မာ့အမျိုးသမီး လက်ရွေးစင်ထဲတောင်ပါနေလောက်တယ်။ 🙂

  • kyeemite

    July 17, 2014 at 1:25 pm

    ကျုပ်ကလည်း ယောက်ကျားတန်မဲ့ ဘေလုံးဝါသနာပါဘု…
    မွသဲဝါသနာကိုတော့ အပြစ်မပြောပါဘု…လူနောက်လိုက်တာကိုး… 😀

    • TNA

      July 17, 2014 at 3:07 pm

      အော် အူးမိုက်ရယ် ပညာခန်းလဲပညာခန်းကြည့်တာပေါ့ အဲ့ လူလေးလဲနဲနဲတော့ ကြည့်တာပေါ့။ ဟိဟိ :mrgreen:

  • ရယ်လိုက်ရတာ။ အော် …ဒီလိုကိုး လလို့တောင် ြဖြစ်သွားတယ်။ ဟီးဟီး။

    အနော်ဆို ေဘောလုံးနဲ့ပတ်သက်ရင် ဘာဘာဘာမှမသိ။ သူများတွေ ဘောလုံးအကြောင်းပြောရင် သိပ်မျက်နှာငယ်ရတာ။ ခုလည်း ကမ႓ာ့ဖလားသာ ြပြီးသွားတယ်။ တစ်ပွဲမှ မကြည့်လိုက်ရဘူး။ သူများတွေကတော့ ေနေ့နဲ့ညမှားအိပ်ပြီး ဖယ်ရီတောင်လာမလုပ်နိုင်ဘူး 🙂

    • TNA

      July 17, 2014 at 3:10 pm

      အနော်သိထားဖို့လိုဒနော့။ နောက်မှ ဟိုတြောက်က ဘောလုံးပွဲမိုးလင်းကျိ။ ဘောကိုက် အိုက်ကျမှပြုဇုနေရမယ်။ ကိုယ်ပါဝါသနာပါ လိုက်ကြည့်။ ကိုယ်ဘောကိုက်တော့မှ သူ့ကိုပြုဇုခိုင်းရမာ။ ညလေး အတွေးမမှားလေနဲ့ :mrgreen:

      ဘောကိုက် = ဘောလုံးပွဲကိုက် 🙂

  • alinsett (gazette)

    July 17, 2014 at 2:40 pm

    ကျန်းးးး
    သူတို ့ဘောလုံးဝါသနာပါပုံက..တညျိုး….ပဲ….
    အဟိ..အဟိ…ဟိဟိဟိ

    :mrgreen:

    • TNA

      July 17, 2014 at 3:12 pm

      အိုဘာပဲဖြစ်ဖြစ်ပေါ့ဟယ် ဘောလုံးပွဲရသလေးလဲကြည့် ချောချောလေးလဲကြည့်ရတော့ စိတ်ချမ်းသာတာပေါ့ ဟယ်။ 😀 မဟုတ်ရင် ချွေးသံတရွှဲရွှဲသေလုမျောပါး စုတ်ပြတ်နေအောင်ကန်ရတဲ့ကြားထဲ ရုပ်ကပါဆိုးနေရင် တော်ပါဘီဟယ်။ :mrgreen:

  • Iris

    July 17, 2014 at 3:52 pm

    ဟုတ်​ပ မမသဲ။ ​ဘောလုံးမင်​းသားမ​ချောရင်​ မကြည်​့ဘူးအဲ့ပွဲကို။
    ဂျာမနီကို အသင်​းလိုက်​​ကောင်​းလွန်​း လို့ကြိုက်​​ပေမဲ့ တစ်​​ယောက်​ချင်​းဆိုရင်​ ကိုလံဘီယာ က ​ခပ်​​ချော​ချော​ကောင်​​လေး ဂျိန်​းစ်​ကို ကြိုက်​တယ်​။ ရင်​ဘတ်​နဲ့ထိမ်​းပြီးသွင်​းသွားတဲ့ဂိုးလှမှလှ။ တားထားတာ​တွေ​ပေါ်​ကျော်​လို့​ကျော်​ ဖင်​လှုပ်​ပြီးကလို့က။ ဟီး ရှုံးသွားလို့ ငိုတာ​တောင်​ကြည်​့လို့​ကောင်​းမှ​ကောင်​း။ ပြီး​တော့ မက်​စီ. အရပ်​ပု ​ပေမဲ့ ​တော်​​တော်​ကြိုးစားပြီး ​တော်​လို့ မက်​စီ ဆိုပြီး ဖြစ်​လာတာလို့ကိုယ်​့ဟာကိုယ်​သတ်​မှတ်​ပြီး အား​ပေးတယ်​။ ​နောက်​ဆုံး​နေ့မှာ ဂျာမနီဆီက ဖလားလုပြီး သူ့ကို​ပေးချင်​သွားတယ်​။ ပထမ တုန်​းက စိတ်​ထဲမှာကြိတ်​ဆု​တောင်​း​နေတာ ဂျာမနီ အချိန်​ပိုနဲ့ အာဂျင်​တီးနားကို ပွဲသိမ်​းဖို့။ ပနယ်​သီ မကြည်​့ရက်​လို့။ ​ဟော်​လန်​နဲ့အဂျင်​ပွဲကြည်​့ပြီးထဲက။

    • TNA

      July 17, 2014 at 5:57 pm

      ဟမ့်မလုပ်ပါနဲ့ ဂျာမနီခမျာ သွေးမြေကျခံပြီးယူထားရတဲ့ဖလားလေးပါကွယ်။ ချမ်းသာပေးပါ။ မတ်စိကိုတော့ ဟိုအလုံးလေးပေးလိုက်တယ်လေ တော်ရောပေါ့ :mrgreen: ( ဒီစာသော်ကလေးမမြင်စေရ ) 🙂

  • Mr. MarGa

    July 17, 2014 at 4:47 pm

    တိန်
    တီသဲက တကယ့် ဝါသနာအိုး ပါလားဗျ
    အိမ်က အဒေါ်တွေနဲ့ တွဲပေးထားရမယ်
    အဟီးးး
    ကျနော်ကတော့ ကြည့်လိုက် မကြည့်လိုက် လို့ ပြောရမယ်

    • TNA

      July 17, 2014 at 6:00 pm

      အေးဟယ် အရင်ကတကယ့်ကိုအင်တိုက်အားတိုက်ကြည့်ခဲ့တာပါဟယ်။ နောက် ထောင်ကျ အဲ့ အိမ်ထောင်ကျပြီး လှုပ်မရတော့တာနဲ့ ဝေးဝေးကပဲချစ်နေရာက ခုအင်တာနက်တွေကြောင့် ငယ်ပေါင်းလေးကိုပြန်လွမ်းလာလို့ လွမ်းတော်မူလို့စာကိုစီလိုက်တာပါဟယ် ( ခွဒစ်တူ မိဂီ )

  • sorrow

    July 17, 2014 at 4:56 pm

    ငိုပါရဇီ .. ဒီကုန်ပဏီရောက်မှ ဘောလုံးပွဲတပွဲမှမကြည့်ရ …. အလုပ်ကပြန်…ရေချိုးတန်းအိပ်..မနက်ထရေချိုး …အလုပ်လာ….ချစ်သူလေးက ရုံးလာကြို ..တခုခုစားပြီးပြန်..သူလဲမဝနေရိုးလား…..ဂီဂီပြောသလို..ဦးလေးက ရုံးကိုအိမ်လုပ်နေသကိုးဗျ…ဆိုပဲ ….အဟင့်ဟင့်….

    • TNA

      July 17, 2014 at 6:02 pm

      ချစ်တီးမမျက်နှာလေးသာကျိတော်မူပါ ဒေါင်းဥ အဲ့ ငုံးဥ မွှားလို့ ဟမ်းစတားစိုင်းရယ် :mrgreen:

  • Iris

    July 17, 2014 at 5:09 pm

    ဟီးဟီး မမသဲ အဲ့ဒီ klose ကို Mario gotze ​လေးနဲ့လဲလိုက်​လို့ ဖလားရသွားတာ။ နည်​းပြခန်​့ခန်​့ကြီးရဲ့ဆုံးဖြတ်​ချက်​မှန်​လို့။ အဲ့ဒီနည်​းပြကြီးက​တော်​​တော်​ အိန်​ဒ​ရေရှိတာပဲ။

    • TNA

      July 17, 2014 at 6:04 pm

      ဟုတ်ပါ့ နည်းပြကြီးက အရမ်းကိုဆုံးဖြတ်ချက်မှန်လွန်းအားကြီးတယ်။ ကလိုဆေးကို အသေကပ်ထားကြတော့ ကလိုဆေးမလှုပ်နိုင်တော့ တခြားတယောက်ထည့်လိုက်တာမယ်တချက်လွတ် တဂိုးရ အဟေးဟေး ပျော်ထှာ

  • ဟိုစာကိုမြင်ဖြစ်အောင်နြင်သွားလို့အမွေဖြတ်ပါတယ်။
    တစ်ယောက်မှကိုယ့်ဘက်မရှိတဲ့အကောင့်မှာသေသင့်ပေမယ့် နောက်တစ်ကောင့်မှာတော့ လီယို လီယိုနဲ့တလွင့်လွင့်လူနေကြတာမို့ ဘွကနေပျော်ပါသေးတယ်ဆိုတာပြောကြားရင်း အမှန်တရားဆိုတာ မက်ဆီ့အိမ်ကရွှေဘောလုံးဒေ ရွှေဖိနပ်တေ ဆုဖလား ခွက် အချောင်း အတုံး အလုံး အပြား အချွန်ပေါင်းစုံပါလို့ အဆုံးသတ်ပျဇေ
    🙄

  • ဟို ဒင်း

    July 17, 2014 at 8:12 pm

    :byee:
    :mrgreen:
    🙂
    ဘောာာာပွဲ ချည်း ပလိန်းကြီး ကြည့် – အဆင်မပြေဘူး
    အနဲအပါး လောင်းပါလား –
    အာဟိ
    :b:
    :buu:

  • TNA

    July 17, 2014 at 9:13 pm

    သော်ရယ် အလုံးဒွေအချောင်းဒွေတော့ပေါဘာဒယ် ဖလားမမချိဘဲကွယ် အဲ့ဟယ်အဲ့ဟယ်

    ဟိုဒင်းရယ် အိုက်ညကလောင်းလိုက်ကြတာမှဝက်ဝက်ကွဲရယ်။ လူမသတ်ကြရုံတမယ်။ :mrgreen:

    သော် ဦးဆာ ဒို့များရယ် အဟိအဟိ

  • surmi

    July 17, 2014 at 9:36 pm

    လာပြီ လာပြီ
    တနေကုန်မအားလို့ အခုမှဝင်လာရတယ်
    ဂျီးတော်မသဲနုရဲ့ ဘောသမားနာမည်မှတ်မိပုံကိုတော့ ၄ စားတယ်ဗျို့
    ကျနော်ဆိုမမှတ်မိတော့ဘူး
    ဒီတစ်ပတ် ကမ္ဘာဖလားလဲ နာက်ဆုံးတစ်ပွဲဘဲကြည့်လိုက်ရတယ်
    မနိုးတာရယ် အိပ်ပျော်သွားတာရယ်ဟနဲ့ပြီးသွားတာဟ
    နောက်ဆုံးပွဲလည်းရောက်ရော ည၁၁ နာရီခွဲကနေ မနက် ၄ ခွဲအထိ လေနဲ့ကန်နေတာ :mrgreen:
    တော်သေးတယ် နိုင်လို့ :kwi:

  • ဪ နောက်ဆုံးတစ်ပွဲပဲကြည့်ပြီးဝိုင်းဆော်နေကြတာခံရတာလောက် ခံဇားရတာမရှိဘူး
    😥
    ဒီမှာတော့ အိပ်ရေးဒေပျက် မျက်ရည်ဒေပျက် ခွန်အားဒေပျက် အသက်တောင်မနည်းဆက်ထားရတယ်။ဒါတောင် အဇူဂီက ဦးကျော်သူနောက်ပါသွားပြီမှတ်ဆိုပဲ
    😥
    ပြစ်ဒဏ်ဘောကန်ခါနီး မက်ဆီသုတ်တဲ့မျက်ရည်ဒေကြောင့်
    😥

  • TNA

    July 17, 2014 at 10:22 pm

    အော်ဦးဆာရယ် ဘယ်မေ့နိုင်ပါ့မလဲ။ ငယ်ကအချစ်အနှစ်တရာမမေ့သာတဲ့။ :mrgreen: ရင်ထဲအသဲထဲကနေလှိုက်လှိုက်လှဲလှဲအားပေးခဲ့ဒါကိုး။ 🙂 ခုသော်လေးတမတ်စိကိုအားပေးဒလိုမျိုး 😀 ပြေးဘီ

  • ဘာပဲပြောပြောအနိုင်ကျင့်ထားတဲ့လူဒေအကုန်စုပြီး 2018ကျရုရှပို့ပေးပါ။
    စာရင်းတို့ထားဗျီ
    😀

  • အရီးခင်

    July 17, 2014 at 11:17 pm

    မက်ဆီ ရတဲ့ Best player ဆုကတော့ မတန် ပါ။
    ဒီနှစ် သူ့ထက် အများကြီးကောင်းတဲ့ သူတွေ ရှိနေတာကို။
    ကြည့်ရတာ သူ့ ကြော်ညာ စပွန်စာ တွေ လာဘ်ထိုးထားတာ ထင်ရဲ့။

    အရီး လဲ ငယ်တုန်းက အစ်ကို မောင် တွေနဲ့ ဘောလုံး ဝင်ကန် ရကြောင်း။
    သူတို့ က မဟာဒူး တို့ ဘာတို့ နာမည်ကောင်းတွေ ယူပြီး ကိုယ့်ကျ “ဟန်သိန်း” တဲ့။
    ကြိုက်ကြိုက် မကြိုက်ကြိုက် ပါလို့ရအောင် ပေးတဲ့ နာမည် ယူရတာပါဘဲ။

    စိတ်ရှိလက်ရှိ ဝင်ရေးရရင် ညစာငတ်တော့မှာမို့ တော်တော့မယ်။
    အခုတောင် စာဝင်ဖတ်လိုက်၊ ဟင်းအိုးမွှေရင်း ရေးဖို့ စဉ်းစားလိုက်၊ ရေးလိုက်၊ ဟင်းအိုး ဆီပြန်ပြေးလိုက် လုပ်နေတာ။ Multitasking မိန်းမ တွေဘဲ လုပ်နိုင်သလားမသိ။ :-)))

    မွသဲ ရယ် ဒီလောက် စာရေးကောင်းတာ ရေးစမ်းပါ။
    ဖတ်ချင်လွန်းလို့။

    ဒါထက်
    အဲဒီ အီတလီ နံပါတ် ၁ဝ Old ကြီး က အခုအထိ ကြည့်လို့ ကောင်းနေဆဲ ဖြစ်ကြောင်း။
    တစ်ခြား တော်တဲ့ နာမည်ကြီး No(10) တွေကတော့
    နေမာ
    ပီလီ
    ဇီဒန်း
    ရူနီ
    မက်စီ
    ဇီဇီ (ကာရန်ကိုက်)
    :-))))

  • TNA

    July 18, 2014 at 6:27 am

    မင်္ဂလာပါအရီးရေ။ မတ်စိရတဲ့အလုံးကြီးကတန်ဘူးနော် :mrgreen: ဟင်းချက်လိုက် ပြေးမန့်လိုက် အရီးကတော်ချက်။ အရီးလဲဘောသမားကို။ အဖော်ရပြီ 🙂 အီတလီ ချစ်ချစ်ကလှတုန်းလား မတွေ့တာတောင်ကြာပြီ။ အရီးပြောမှပိုတောင်လွမ်းသွားပြီ 😀

  • ခင် ခ

    July 18, 2014 at 9:57 am

    ကမ္ဘာ့ဘောလုံးပွဲတွေ ဒီကညဉ့်အချိန်မှ လာတာ ကြည့်ရမှာမို့ မကြည့်ဖြစ်ရင်းနဲ့ဘဲ ကမ္ဘာဘောပွဲအကြောင်း ဘာဆို ဘာမှ မသိပါဘူးဗျာ။ ဒါနဲ့ဘဲ ဘောလုံးပွဲဝါသနာမပါသလို ဖြစ်နေပါရဲ့ထင်ပါတယ်။
    ဒါပေမယ့် ဒေါ်သဲရေးတာလေးကတော့ ဖတ်လို့ကောင်းသလို တစ်ချို့ကိုယ်မသိတာလေးတွေလည်း သိရပါတယ်ဗျ။

  • TNA

    July 18, 2014 at 11:17 am

    ချစ်လို့စဒါဘာသော်ကလေးရယ်။ ရွာထဲကနေတွားဘာနဲ့။ 😥

    အဟိကိုခင်ခရေ အိုက်တုန်းကတော့ ရူးခဲ့တာပေါ့ရှင် အဟိ။ ခုပြန်တွေးတော့ ချက်ချာဂျီး အဟီး 🙂

  • TNA

    July 18, 2014 at 3:02 pm

    ဒဂျီး ဂုမှတွေ့ဒယ်။ ဒဂျီးပဲအော်ပေးပါတော့ဒဂျီးရယ်။ ရွှေဘနိုင်ပါမြည်လို့ :mrgreen:

  • ကူမားရ်

    July 18, 2014 at 8:26 pm

    မိနုရယ်..ဒီလောက် ဝါတနာပါတာ ..မသိဘူးကျန်း….
    ဘောတွေ အကုန်လုံး..အဲအဲ ဘောသမားတွေ အကုန်လုံး ကိုနာမည်နဲ့ ခုနှစ်နဲ့ အသင်းနဲ့ ကိုမှတ်မိတာ…
    ဗေတားကတော့ သိပ်မှတိမိဘူး ကြိုက်တာကတော့ အရင် ဘရာဇီးက ကစားသမား ရောဘတ်တိုကားလို့စ်..

  • TNA

    July 19, 2014 at 12:14 am

    ဟယ်ဗေတားရယ် ဟောဒမိနုဘလာဇီးကြိုက်ဖူး။ ရောဘတ်တိုးလိုစ်ဂင်တိုကိုလဲကျိမြဘူးရယ်။ ခုနှစ်နဲ့တကွမှတ်မိတာကတော့ ရင်ထဲအသဲထဲကစွဲခဲ့ဒါဂိုး :mrgreen:

  • မဟာရာဇာ အံစာတုံး

    July 19, 2014 at 1:01 am

    အောက်မငီးးးးး
    ဘော ချရာမကြီးပဲ ….
    ထင်ရဝူးနော် … :mrgreen:

    ရေးထားတာ ဖတ်ကြည့်မိတော့ ….
    လားလားလား …. ကိုယ့်ထက် အများကြီး ဝါရင့်နေတဲ့ ချရာမကြီး ဖြစ်နေပါပေါ့လား …
    ကိုယ်တောင် ကန်တိုနာ ခေတ် မမှီလိုက်ဘူးရယ် ….
    ဒေးဗစ်ဘက်ခမ်း ခေတ်ကတောင် ကျိုကြားကျိုကြားပဲ ဘောပွဲ ကြည့်ဖြစ်ခဲ့တာ …
    အခု … ကြည့်စမ်းပါဦး …
    ကန်တိုနာ ရဲ့ ကွန်ဖူးကစ် အတွက်တောင် မွေးနေ့နဲ့ တိုက်လို့ ဂုဏ်ယူလိုက်သေးသတဲ့ ….

    ဘော နဲ့ ပတ်သက်ပြီး နားလည် တတ်ကျွမ်းမှု အပိုင်းမှာ
    တိုရီးသဲ ကို အထင်စမော မိတာတွေများ ရှိခဲ့ရင်လေ …
    တားဂို ခွေးလွှတ်ပေးပါနော် ….. :mrgreen:

    • TNA

      July 19, 2014 at 10:19 am

      ဒါပေါ့ဟယ်။ နီ့ထက်အများကြီးစောမွေးထားဒါကိုး။ အိပ်စပီးရီးယင့်က ဘယ်နဲမလဲ ငိငိငိ အိုက်ဒုန်းကရူးပုံကတော့ ကြံဖန်ဂုဏ်ယူပြီးရူးခဲ့ရတာပါဟယ်။ မလိမ်မိုးမလိမ်မာလေးပေါ့ :mrgreen:

Leave a Reply