ဟွန်းမတီးရ

ဟွန်းမတီရ
*************

၁၉ ဂျုလိုင်မှာကားတွေဆိုင်ကယ်တွေဟွန်းမတီးဖို့
အမိန့်ထုတ်ထားသဗျာ။
အဲဒီတော့ဘာလုပ်ရမလဲ??
မတီးနဲ့ဆို။
မတီးယုံပေါ့။
ဘာဖြစ်သတုံး။
ဒီလူဒွေက၂၀၁၅ မတိုင်ခင် ဆွပေးနေအုံးမှာပဲ။
ဆွလိုက်။
ထိုးလိုက်။
ဖွလိုက်။
မြောက်လိုက်။
ပင့်လိုက်။
အမျိုးမျိုး မျှင်းးးသတ်နေတာ။
ခင်ဗျားတို့ အဲသည်နောက်ပဲလိုက်နေမဲ့အစား
ကိုယ့်ပန်းတိုင်ကိုဘယ်လိုချီတတ်ကြမလဲ??
ဘယ်လိုပုံဖေါ်ကြမလဲ?
ဒါတွေလုပ်ကြ။
ကိုင်ကြ။
စဉ်းစားကြပါလားး။
“ပြေးဝင်လာတဲ့ခွေးကို”
ဘာတဲ့
“ပြိုင်မကိုက်ပါနဲ့”
ဟုတ်လားးး??
“လမ်းဖယ်ပေးလိုက်ပါတဲ့”
သဘောတူသလားး??
မတူရင်
ခင်ဗျားဘာဖြစ်သွားမယ်ထင်လဲ???
ဒီနေ့ကစပြီး
စဉ်းစဉ်းစားစားလုပ်ကြတော့။
ခင်ဗျားတို့အားတွေ
အချိန်တွေ
ပညာတွေ
အကုန်လုံး ပြုန်းတီးကုန်မယ်။
ဒီတော့
ဟွန်းမတီးနဲ့ဆို
မတီးဘူးပေါ့။
အဲသည်အချိန်
တနိုင်ငံလုံး
အပ်ကျသံကြားရလောက်အောင်
တိတ်ဆိတ်စွာနဲ့
ဗိုလ်ချုပ်တို့ကို
ဂုဏ်ပြုပေးလို့
မရဘူးလားး???
အာဇာနည်သမိုင်းအကြောင်းကို
ညီငယ်
ညီမငယ်
သားငယ်
သမီးငယ်
တွေကို
လက်ဆင့်ကမ်းပြောပေးလို့
မရဘူးလားး??
တမျိုးပြီးတမျိုးမရိုးရအောင်
နောက်ထပ်
နောက်ထပ်
အမျိုးမျိုးလာအုံးမှာမို့
လမ်းသာပေးလိုက်ပါ။
အမြီးတန်းလန်းတန်းလန်းနဲ့
ပြေးသွားပါလိမ့်မယ်။

12 comments

  • အရီးခင်

    July 16, 2014 at 2:11 pm

    ဒါကို အပြည့်အဝ ထောက်ခံပါတယ်။
    မနှစ်ကလဲ ဒီလိုဘဲ တားခဲ့တာထင်ရဲ့။
    ဟွန်းမတီးဘဲ တိတ်ဆိတ်နေအောင် နေကြတာ ပိုပြီးတောင် အာရုံပြု သတိရလို့ ကောင်း ပါတယ်။

    Reply

    • မင်း ခန့် ကျော်

      July 16, 2014 at 4:15 pm

      မန်းလေးမှာတော့တီးကြပါတဲ့။

      တီးဆိုမှတော့ ကောင်းကောင်းတီးဖို့

      ဘက်ထရီ အသစ်လဲထားကြောင်း :mrgreen:

      Reply

    • အရီးခင်

      July 16, 2014 at 2:21 pm

      LOL:-))) That is true. :-))

      Reply

      • မဟာရာဇာ အံစာတုံး

        July 16, 2014 at 4:06 pm

        အော် …
        ဂလိုဂျောင့်ဂိုး … ခိခိ
        :mrgreen:

        Reply

    • မင်း ခန့် ကျော်

      July 16, 2014 at 4:23 pm

      အိုက်ကာတွန်းကို မြင်ယောင်ပီးရေးထားတာပဲကို။
      ခက်တာက
      တချို့သောအဖွဲ့အစည်းတွေက
      လူလို့မြင်ပြီးအသနားခံစာတွေဘာတွေ
      အောက်ကျခံပီးတင်နေတာမို့
      မတီးရ တဲ့။
      မတီးဘူးပေါ့။
      ခွေးကိုက်တော့မခံချင်ဘူးရယ်။

      Reply

  • naywoon ni

    July 16, 2014 at 2:15 pm

    ​နေနိုင်​ပါဘူးဗျာ ဖုန်​းထဲမှာ apk ထည်​့ထားတယ်​ ။ လူထူထူမှာသွားဖွင်​့မယ်​ ။ သူတို့က ဟွန်​းမတီးဖို့ပဲ​ပြောတာ ။ ဖုန်​းနဲ့ ဥဩ မဆွဲရဘူးလို့မပါဘူး ။ မဟုတ်​လား

    Reply

    • မင်း ခန့် ကျော်

      July 16, 2014 at 4:53 pm

      အသံကကျယ်ပါ့မလားး??
      ကျယ်တဲ့ဗနည်းတော့ရှိမယ်ထင်တယ်။
      ဒီနည်းလဲသဘောကြသဗျာ။
      ဥပဒေအရ
      သိမ်းစရာလိုင်စင်မှမရှိတာပဲကိုး

      Reply

  • Ma Ei

    July 16, 2014 at 4:00 pm

    ကျမတို့ ငယ်ငယ်က ဆော့နေကြလဲ ဥဩသံကြားရင်
    ရောက်ရာမှာရပ်လို့ အလေးပြုခဲ့ဘူးတယ်…
    ခုခေတ်ကလေးတွေ အာဇာနည်နေ့မှာ ဥဩဆွဲရင်
    ဘာကြောင့်မှန်းသိကြပါ့မလားနော်…
    ဥဩသံ သူတို့ မကြားဖူးကြဘူးလေ…

    Reply

    • မင်း ခန့် ကျော်

      July 17, 2014 at 9:12 am

      မအိရေ
      တတ်နိုင်သလောက်တော့
      ပြောနိုင်သလောက်တော့
      လက်ဆင့်ကမ်းပြောပြနိုင်ရင်
      တာဝန်ကျေတဲ့နိုင်ငံသားတယောက်
      ဖြစ်သွားမှာပါ။

      Reply

  • Yae Myae Tha Ninn

    July 16, 2014 at 5:04 pm

    မနှစ်က ရန်ကုန် လှည်းတန်းမှာ တီးပါတယ်.. ကိုယ်တောင် မေ့နေတာ.. တစီးက စ တီးလိုက်တာနဲ့.. တောက်လျှောက်ကို ညံနေတာပါပဲ.. တချို့လိုင်းကားပေါ်မှာ ကပ်ထားတဲ့စာရွက်တွေဆို အခုထိ မပြဲသေးဘူး… ဟွန်းတီးတာပဲနော့်… ကားလမ်း မပိတ်ရင် ပြီးတာပဲ ဟာကို…. 😉

    Reply

    • မင်း ခန့် ကျော်

      July 17, 2014 at 9:16 am

      အခြေအနေကြည့်
      ဒူးသင့်ရင်ဒူး :mrgreen:

      Reply

Leave a Reply to မင်း ခန့် ကျော် Cancel Reply

Your email address will not be published.