မိစန္ဒီ ရဲ့ ပစ်တိုင်းထောင်…

ကုိ ထြဋ္July 15, 20141min08

mi sandi pyit taing htaung

အဟဲ.. ဝေဖန်တော့မယ်နော်… အဲ.. အဲ… ညွှန်းတော့မယ် ပြောတာပါ…

စကားချီးပေါ့.. နည်းနည်းပြောချင်တယ်… ကျွန်တော့်ကို အုန်းကျွန်းရေးခိုင်းတော့ ရေးရင်းကနေ ဒီလို ပို့စ်တွေ ဖြစ်လာတယ်.. အဆင်ရော ပြေရဲ့လား မသိဘူး.. 🙂

သီချင်းတွေကတော့

၁ Dance

၂ ကျေးကျွန် (ft. နီနီခင်ဇော်)

၃ ရစ်လုံး

၄ ငါ့ဆီပြန်လာခဲ့

၅ ပစ်တိုင်းထောင်( ft. မိခတ္တာ )

၆ ဆုတောင်း ( ft. ရဲရင့်အောင် )

ရ အလွမ်းရဲ့ ထုထည်

၈ နောင်ဂျိန် နောင်ဂျိန် ( ft. Bobby Soxer )

၉ ရေမြေခြားက သက်ဆိုင်သူသို့ ( ft. ဟိန်းသစ် )

၁ဝ ချန်ပီယံ Beauty ( ft. စိုးကြီး )

၁၁ နှုတ်ခမ်းများ သော့ခတ်ထားတယ်

၁၂ စိန်ပြေးလိုက်တမ်း ( ft. X Box )

ပထမ အခွေနဲ့ ဘာကွာလဲ ဆိုတော့… သိပ်မကွာပါဘူး.. သူကြိုးစားထားတယ်လို့တော့ MRTV 4 က အစီအစဉ်တခုမှာ ပြောထားတာ ကြည့်ဖူးတယ်…

တပုဒ်စီကို ဝေဖန်ပေးမယ်…

Dance… အမြူးပုံစံလေးပဲ.. အသည်းကွဲလဲ အေးဆေးပေါ့.. သဘောက.. တကယ်လဲ ဟုတ်ပါတယ်.. သူ အသီးကွဲနေတာပါ…

ကျေးကျွန်… နီနီခင်ဇော်နဲ့ မဆိုးပါဘူး.. နီနီခင်ဇော်က လက်ရှိ အင်းလေးမှာရွာတဲ့ မိုးရော.. မာရီယို ဗွီစီဒီလဲ ထွက်ထားတော့ စိတ်ဝင်တစား နားထောင်ကြည့်ပေါ့.. အဆွေးသီချင်းပါပဲ.. ကောင်းတယ်ပဲပြောရမယ်..

ရစ်လုံး… ဒါလေးက သူ့ဘဲက ရစ်တယ်ပေါ့.. ချစ်ဖို့လဲ ကောင်းတယ်ပေါ့.. ချစ်စနိုးနဲ့ ရစ်လုံးလေးဆိုပြီး ဆိုထားတယ်.. ချစ်ဖို့ကောင်းတယ် ပြောမလားပဲ သီချင်းကတော့… ဒါက မပြတ်ခင်ရေးတာနေမှာ… LOL

ငါ့ဆီပြန်လာခဲ့… အရင် ရေခဲရိုက်အပြုံး ပုံစံမျိုးဖွဲ့ထားတာပါ… ဒီပုံစံလေးနဲ့ ပေါက်ထားတော့ နောက်တပုဒ်ပြန်ထည့်ထားတာနေမှာ.. ဂီတ အတိုင်း နားထောင်ရင်တော့ ကြိုက်ကြမှာပါ…

ပစ်တိုင်းထောင်… နာမည်လေး အတိုင်းပါပဲ.. လောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့ လဲကျရင် ပြန်ထဖို့ ပစ်တိုင်းထောင်လေးလိုပေါ့… Motivation Song လေးပေါ့…

ဆုတောင်း… ဟဲ.. ကျွန်တော် နည်းနည်းသဘောကျသလားပဲ… သီချင်း တီးလုံးပုံစံလေးကကို ချစ်ဖို့ကောင်းနေတယ်… သိတယ်မလား.. ဆုတောင်းရင် ပူဖောင်းရမယ်ဆိုတာ… အဲပုံစံမျိုးအမြူးလေး ဆိုထားတာ..

ရဲရင့်အောင် နဲ့ ဆိုထားတာပါ… ” ဂျပိုးကနေ လိပ်ဖြစ်အောင် လိမ်နေတုန်းပဲ… ဆုတောင်းလေ… ” သီချင်းစာသားလေးပါ… ဟဲ…

အလွမ်းရဲ့ ထုထည်… ဘီလို ပြောမလဲ… အလွမ်းအဆွေး သီချင်းပါပဲ.. အသီးကွဲပြီဆိုတော့ သိပ်မကွဲတဲ့ ပုံစံနဲ့ စာသားတွေ သီချင်းတွေ ထပ်ထွက်လာတယ် ပြောမလား.. သိပ်မထူးဘူး..

နောင်ဂျိန် နောင်ဂျိန်… နဲ့… စိန်ပြေးလိုက်တမ်းက Flow တည်ဆောက်ပုံတူနေတယ်… စာသားကွာတယ်… Ft တွေ ကွာသွားတယ်… ဒါပဲ.. အမြူးပါပဲ.. ကြိုက်တယ်တော့ ပြောချင်တယ်..

ရေမြေခြားက သက်ဆိုင်သူသို့… ရေးတာလဲ ဟိန်းသစ်လို့ထင်တယ်.. သူ့ပုံစံဝင်နေတယ်… သီချင်းတွေကတော့ အချိန်ပေးပြီး ဖန်တီးထားကြတော့ ကောင်းတယ်ပဲ ပြောရတော့မှာပေါ့…

ချန်ပီယံ Beauty… စိုးကြီးနဲ့ ဆိုထားတာ.. Sexy ပုံစံပေါ့.. ဒါလဲ စိုးကြီး ပုံစံဝင်နေတာပဲ…

နှုတ်ခမ်းများ သော့ခတ်ထားတယ်… နောက်ထပ် အဆွေးသီချင်းပါပဲ.. ခေါင်းစဉ်ကြည့်တာနဲ့ သိပါတယ်.. နော်….

Summary အနေနဲ့ ပြောရရင် အသီးကွဲထားတော့ ရင်နာတယ်.. ဒါပေမဲ့ တင်းပြီးရေးထားတာနဲ့… အေးဆေးပဲ ပုံစံနဲ့ ရေးထားတာနဲ့… တခါတခါကျတော့လဲ လွမ်းတယ်.. ပြန်လာစေချင်တယ်..

အဲလို အဆွေးသီချင်းလေးတွေနဲ့.. မကွဲခင်က ချစ်စနိုးနဲ့ ခေါ်တဲ့ သီချင်းလေးတွေနဲ့… အဲသလို လောကဓံမှာ ပစ်တိုင်းထောင်လို ရပ်တည်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်…

ဒါတွေကို ပေါင်းစပ်ပြီး ဒီ Alblum ထွက်လာတယ်လို့ထင်ပါတယ်.. အကြောင်းအရာတွေထပ်တယ်.. သံစဉ်တွေထပ်တယ်…

ပထမအခွေလောက်မကောင်းဘူး… ဟဲ… နည်းနည်းများပြီလား မသိ.. 🙂  တကယ်ကို ပုဂ္ဂိုလ်ရေး မပါပါဘူး.. အမြင်တိုင်း ရေးတာပါ…

ကျွန်တော်လဲ သူ့ပရိသတ်ပါပဲ… ဘာပဲဖြစ်ဖြစ် အားပေးပါတယ်..  ကောင်းပါတယ်.. ဆက်လုပ်ပါပေါ့… 🙂

 

ps.. ဆုတောင်းကတော့ လက်ရှိ ကျွန်တော် နှုတ်စွဲနေတဲ့ သီချင်းလေးပါ… ကျွန်တော်ပြောလို့ မကောင်းဘူးလို့ မထင်နဲ့ဦးနော်.. အကြိုက်မတူပါဘူး..

ဘာပဲဖြစ်ဖြစ်ပါ… ဆုတောင်းတော့ နားထောင်ကြည့်လိုက်ပါ… နားစွဲလွယ်ပြီး ကြိုက်ကြမယ် ထင်ပါတယ်… ကျေးဇူးတင်ပါတယ်… 🙂

 

8 comments

  • alinsett (gazette)

    July 15, 2014 at 7:21 pm

    နားထောင်ကြည့်ဦးမယ်ဗျာ.. ။

    ကျနော်အခုတလော စိတ်ထဲစွဲနေတဲ့သီချင်းလေးကတော့…
    စိးတီးFM 11န ှစ်မြောက် စီးရီးထဲမှာပါတဲ့…
    ဖြူဖြူကျော်သိန်းဆိုထားတဲ့..အချစ်မီး…

    🙂

    Reply

  • ဇီဇီ

    July 15, 2014 at 7:28 pm

    သူ့ကို မကြိုက်ဘူးးး
    အသံ က ပြာယာခတ်နေလို့။

    😀

    Reply

  • Yae Myae Tha Ninn

    July 16, 2014 at 10:03 am

    အားပေး နားသောတဆင်ပေးလိုက်ကြပါဦး… 🙂

    Reply

  • Crystalline

    July 16, 2014 at 12:26 pm

    သူ့ရုပ်ကလေးကို ချစ်ဖို့ကောင်းလို့ချစ်ရုံပဲ.. အသံတွေအဆိုတွေက နန်းဆုရတီစိုးထက်တော့သာပေမယ့် ကြိုက်တဲ့အထဲမပါ.. ဘာမှလည်းမဆိုင် :mrgreenn:

    Reply

  • မဟာရာဇာ အံစာတုံး

    July 16, 2014 at 12:57 pm

    ကျော်လည်း နည်းနည်း ဝေဖန်မယ်
    ဟို ပစ်တိုင်းထောင် မှာ နှုတ်ခမ်းနီပြီး
    သူ့နှုတ်ခမ်း ကျတော့ မထင်ပေါ်ဘူး
    အိုက်ဒါ … အိုင်ဒီယာ နည်းနည်း တိမ်တယ် ထင်တယ် … ခွိ

    Reply

  • Yae Myae Tha Ninn

    July 16, 2014 at 1:37 pm

    အကုန်လုံးကို အောပင့် လုပ်ထားလို့ ထင်တယ်… 🙂

    Reply

  • ရွှေအိမ်စည်

    July 16, 2014 at 10:50 pm

    သူ ့အသံကော…ဆိုဟန်ကော..သိပ်မကြိုက်ဘူး..မောလွန်းလို ့နားထောင်ရတာ….:p

    Reply

  • Yae Myae Tha Ninn

    July 17, 2014 at 5:08 pm

    အကုန်တော့ ဟုတ်ဘူး.. တချို့ဟာလေးတွေတော့ နားထောင်လို့ရပါတယ်… 😛

    Reply

Leave a Reply to alinsett (gazette) Cancel Reply

Your email address will not be published.