ရန်ကုန်မြို့ရှိ မြို့လယ်ရုပ်ရှင်ရုံအချို့ ရုပ်ရှင်လက်မှတ်ခ နှုန်းထားများ ပြောင်းလဲ

manawphyulayAugust 13, 20101min01
ရန်ကုန်မြို့ရှိ မြို့လယ်ရုပ်ရှင်ရုံအချို့ ရုပ်ရှင်လက်မှတ်ခ နှုန်းထားများ ပြောင်းလဲ

ရန်ကုန်မြို့ရှိ မြို့လယ်ရုပ်ရှင်ရုံ အချို့၏ ရုပ်ရှင်လက်မှတ်ခနှုန်းထားများ အနည်းငယ်ပြောင်းလဲ သတ်မှတ်မှုများကို ဇူလိုင်လလယ်ပိုင်းအတွင်း ပြုလုပ်ခဲ့ပြီး ပရိသတ်ကြည့်ရှုမှု အရေအတွက်မှာ လျော့ကျသွားခြင်း မရှိဟု သိရသည်။

‘အခုတစ်ပတ် ရုပ်ရှင်သွားကြည့်ဖြစ်တဲ့အခါ ပုံမှန်သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေနဲ့ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ အများကြီး ပြောင်းသွားတာတော့ မဟုတ်ပါဘူး။ လက်မှတ်ခတစ်တန်းကို ကျပ် ၃၀ဝ လောက်စီ တိုးသွားတာတွေ့ရတယ်’ဟု ရုပ်ရှင်ကြည့်ပရိသတ်တစ်ဦးက ပြောပြခဲ့သည်။

ထို့အပြင်မြို့လယ်ရုပ်ရှင်ရုံ တစ်ရုံမှ လက်မှတ် အရောင်းဝန်ထမ်းတစ်ဦး က ‘လက်မှတ်ခတွေကို အခုရက်ပိုင်းအတွင်းမှာ ဈေးအနည်းငယ် တိုးမြှင့်လိုက်ပါတယ်။ ပရိသတ် တော်တော်များများကတော့ ဈေးပြောင်း လိုက်တာကို မသိကြသေးဘဲ ရုပ်ရှင်ရုံရောက်မှပဲ သိကြတာများပါတယ်’ ဟု ရှင်းပြခဲ့သည်။

ပြောင်းလဲသွားခဲ့သည့် ရုပ်ရှင်ရုံ အချို့၏လက်မှတ်ခနှုန်းထားများမှာ အောက်ထပ်တွင်ယခင် ၄၀၀၊ ၆၀၀၊ ၈၀ဝတန်းများအား ယခု ၆၀၀၊ ၈၀၀၊ ၁၀၀ဝ ကျပ်တန်းများအဖြစ် လည်းကောင်း၊ အပေါ်ထပ် ယခင် ငွေကျပ် ၁၀၀၀၊ ၁၂၀၀၊ ၁၄၀ဝ တန်းများအား ယခုငွေကျပ် ၁၃၀၀၊ ၁၅၀၀၊ ၁၈၀ဝ တန်းများအဖြစ် လည်းကောင်း၊ Super lodge ထိုင်ခုံ ယခင် ၄၅၀ဝ မှ ယခု ၅၅၀ဝ ကျပ် အဖြစ် လည်းကောင်း ပြောင်းလဲသတ်မှတ်ခဲ့သည်ဟု သတင်းရရှိသည်။
source: news.eleven

One comment

  • intro

    August 13, 2010 at 12:11 pm

    အွန်…. တေပီဟ၊ ပိုက်ပိုက်တော့ ပိုထွက်တော့မှာပဲ..

    Reply

Leave a Reply

Your email address will not be published.