ရွှေအကြောင်းသိကောင်းစရာ 94,95

Zaw AungJuly 9, 20141min03

ရွှေအကြောင်းသိကောင်းစရာ(94)
(စဉ် 93 မှအဆက်)
ဆိုင်စည်းကမ်းတွေကတော့ တစ်မျိုးတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းပါပဲ ဝန်ထမ်းတွေနဲ့နီးစပ်တဲ့သူတွေမှ သိကြမှာပါ။
ကျွန်တော်သိတဲ့နဲနဲထူးဆန်းတယ်ထင်ရတဲ့ စည်းကမ်းတစ်ချို့ကတော့ မိတ်ကပ်လိမိးရမည် နှုတ်ခမ်းနီဆိုးရမည်။
ဒေါက်မြင့်ဖိနပ်ဝတ်ရမည်တဲ့ အလှကုန်ရောင်းတဲ့ဆိုင်က ဝန်ထမ်းပြောပြတာပါ။နောက်စတိုးဆိုင်တစ်ခုကတော့ မထိုင်ရ
ဝန်ထမ်းအချင်းချင်း ရည်းစားမထားရတဲ့ အိမ်ထောင်မရှိသူဖြစ်ရမည် ဆိုတာကတော့ အလုပ်ခေါ်ကြော်ငြာ တောေ် တာ်
များများမှာ တွေ့နေရပါတယ်။ ရွှေဆိုင်ထဲမှာဆိုရင်တော့ အမျိုးသားချည်းပဲ အရောင်းဝန်ထမ်းခန့်ထားတဲ့ဆိုင် အမျိုး
သမီးချည်းပဲထားတဲ့ဆိုင်နဲ့ နှစ်မျိုးလုံးရောထားတဲ့ဆိုင်ဆိုပြီးသုံးမျိုးရှိပါတယ်။ ကိုယ့်အယူအဆနဲ့ကိုယ်ပေါ့ ဘယ်ဟာက
ပိုကောင်းတယ်ရယ်လို့ မရှိပါဘူး အားလုံးမှာအားသာချက် အားနည်းချက်တွေ ရှိပါတယ်။ (စဉ် 95 သို့)
ရွှေအကြောင်းသိကောင်းစရာ(95)
(စဉ် 94 မှအဆက်)
ကျွန်တော့်ဆိုင်မှာတော့ အရောင်းဝန်ထမ်း အမျိုးသမီးပဲထားပါတယ် အသက်၂၅ နှစ်အောက် အိမ်ထောင်မရှိသူ
အပျိုတွေခန့်ထားတာပါ။ ဆိုင်မှာလုပ်ရင်းနဲ့ အိမ်ထောင်ကျသွားသူ အသက် ၂၅ နှစ်ကျော်သွားသူတွေတော့ ရှိတာပေါ့
ကျွန်တော်ဆိုင်ဖွင့်စက ထားခဲ့တဲ့ ရယ်စရာကောင်းတဲ့စည်းကမ်းတစ်ခုဆိုတာက ရည်းစားမထားရဆိုတာပါပဲ။ အခုတော့
မရှိတော့ပါဘူး ဖျက်လိုက်တာကြာပါပြီ အဲဒီတုန်း ကအတွေးကတော့ ရည်းစားထားရင်အလုပ်မှာ စိတ်ဝင်စားမှုလျော့မယ်
အိမ်ကိုအလုပ်လာမယ်ညာပြော အလုပ်မှာကျတော့ခွင့်ယူ ပြီးရင်ရည်းစားနဲ့ လျှောက်လည်မယ် ပျက်ရက်တွေများမယ်
ရည်းစားနဲ့စိတ်ဆိုးစိတ်ကောက်ပြီးရင် အလုပ်မှာမှိုင်တွေနေမယ် အမှားတွေများမယ် စသဖြင့်ပေါ့။ အခုပြန်တွေးကြည့်
တော့လဲ အော် ငါတော်တော်အတွေးတွေလွဲခဲ့ ချော်ခဲ့ပါလားဆိုပြီး ပြုံးမိပါတယ်။ (စဉ် 96 သို့)

3 comments

  • Ma Ma

    July 11, 2014 at 9:58 am

    တကယ့်လုပ်ငန်းခွင်ဗဟုသုတတွေမို့ အဖိုးတန်လှပါတယ်။
    မျှဝေပေးတာ ကျေးဇူးပါ။ 🙂

    Reply

  • alinsett (gazette)

    July 12, 2014 at 10:03 am

    ရည်းစားနဲ ့အဆင်ပြေနေရင်.. ကျန်တာ အားလုံး အိုကေနေတဲ ့…ကောင်မလေးတွေလည်း. ရှိတယ်မဟုတ်လား ။
    ဒီတော့.. ဆိုင်က ဝန်ထမ်းလေးတွေကို.ပြောရမယ်..
    ရည်းစားထားကြ လို ့…
    တစ်ယောက် မကောင်းရင်..နောက်တစ်ယောက် ပြောင်း ထားကြ..
    မကောင်းမချင်း..ကောင်းတာ ပြောင်းထားကြ..
    ဒါမှ အဆင်ပြေမှာ..
    အဟိ

    ( နောက်တာနော် )

    Reply

  • Zaw Aung

    July 12, 2014 at 9:29 pm

    good idea!

    Reply

Leave a Reply to Zaw Aung Cancel Reply

Your email address will not be published.