Poetryငါတို့ကျောင်း Maung ThuJuly 9, 20141min06ငါတို့ကျောင်း ___________ မပြောင်းလဲပါဘူး အရင်ကလိုပဲ ခေါင်းလောင်းသံတွေ ညံနေတုန်း ။ ပြောင်းလဲလာတာက အဖြူအစိမ်းတွေ မီးခိုးငွေ့ကို စားသုံးနေကြပြီ ။ သူတို့လက်ကြားမှာ အနာဂတ်တွေ တငွေ့ငွေ့လောင်လို့ ။ ။ မောင်သူ Post Views: 0
ဇီဇီJuly 9, 2014 at 11:05 am နေခြည်မှာ ရွှေရည်မလောင်းနိုင်တော့ တဲ့ စာသင်ကျောင်းတွေပေါ့ဗျာ။ :hint: Reply
Maung ThuJuly 9, 2014 at 12:28 pm ရ တန်း ၈ တန်း တွေကအစ ကျောင်းလစ်ပြီး ဆေးလိပ်သောက်ကြတယ် ဆေးလိပ်ကလည်း ကျောင်း အနီးနားမှာ အလွယ်တကူ ဝယ်ရနေတယ် ဈေးသည်တွေကလည်း စည်းမစောင့်ဘူး ကျောင်းသားတွေ လာဝယ်လည်း ရောင်းတယ် ကျောင်းမုန့်ဆိုင်တွေကလည်း ဆေးလိပ် ခိုးရောင်းကြတယ် ရင်လေးစရာပါဗျာ Reply
Ma MaJuly 10, 2014 at 10:40 am ဆရာဝန်တစ်ယောက်ရဲ့ အမြင်နဲ့ အနာဂတ်အတွက် ရင်လေးသံပေ့ါ။ ဘယ်သူမပြု မိမိမှု့ ဆိုသလို ……. ကိုယ့်အနာဂတ်လှပဖို့ ကိုယ်တိုင်ပဲ ထိန်းဖို့လိုတယ်ဆိုတဲ့ အသိဉာဏ်လေးရသွားအောင် မိဘနဲ့ ဆရာတွေက ဝိုင်းဝန်းဆုံးမဖို့လည်း အရေးကြီးတယ်။ ကျမတို့အထက်တန်းကျောင်းတုန်းကဆိုရင် ကိုယ်ချစ်ခင်လေးစားရတဲ့ ဆရာ/မတွေ ပြောတာကို အလေးထားပြီး လိုက်နာဖြစ်တယ်။ ဆရာ/မတွေ ကိုယ်တိုင်ကလည်း တပည့်တွေ ချစ်ခင်လေးစားရသူတွေ ဖြစ်အောင် စံပြပုဂ္ဂိုလ်လို ကျင့်ကြံနေထိုင်ကြဖို့လိုတယ်။ ဥပမာ- တပည့်တွေ အပေါ်မှာ တန်းတူဆက်ဆံတာ၊ အဂတိလိုက်စားမှုမရှိတာ၊ သိစေချင် တတ်စေချင်တဲ့စေတနာနဲ့ ပြောဆိုဆုံးမတာ မျိုးတွေပေ့ါ။ အခုကိစ္စတွေကို ရွာထဲကဆရာမလေး ဝင်ပြောရင် ပိုကောင်းမယ်။ Reply
ခင် ခJuly 11, 2014 at 1:40 am ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို အမှန်တကယ်ထိခိုက်နိုင်သည် ဟူသော စာသားတွေ ဆေးလိပ်ဗူးတွေမှာရေးစေပြီး တီဗွီ billboard တွေမှာ စီကရက်ကြော်ငြာတွေ ခွင့်ပြုဘူးလို့ လုပ်ဆောင်တဲ့အချိန်မှာဘဲ စီကရက် တွေလည်း တံဆိပ်မျိုးစုံ ပိုများလာတော့တာပါဘဲ။ မလုပ်စေရဆိုတာလဲ သူတို့ဘဲ သွင်းခွင့် ထုတ်ခွင့်ပေးတာလဲ သူတို့ပါဘဲ အဲဒီတော့ ကောင်းစေချင်သလိုလို အဆိုးတွန်းပို့နေတာလားလို့ တစ်ခါလေးတွေးမိရုံလေးပါ Reply
alinsett (gazette)July 12, 2014 at 9:55 am အဖြူအစိမ်းတွေ….မီးခိုးငွေ့ကို စားသုံးနေကြပြီ ။…. အဲဒီစာသားလေး….. ဘယ်လောက်..ထိရောက်လိုက်သလဲ..လို ့… ရင် နင့်စရာ….. Reply
6 comments
kyeemite
July 9, 2014 at 9:36 am
ဟုတ်တယ်ဗျာ..စိတ်မကောင်းစရာပါပဲ
ဇီဇီ
July 9, 2014 at 11:05 am
နေခြည်မှာ ရွှေရည်မလောင်းနိုင်တော့ တဲ့ စာသင်ကျောင်းတွေပေါ့ဗျာ။
:hint:
Maung Thu
July 9, 2014 at 12:28 pm
ရ တန်း ၈ တန်း တွေကအစ ကျောင်းလစ်ပြီး ဆေးလိပ်သောက်ကြတယ်
ဆေးလိပ်ကလည်း ကျောင်း အနီးနားမှာ အလွယ်တကူ ဝယ်ရနေတယ်
ဈေးသည်တွေကလည်း စည်းမစောင့်ဘူး ကျောင်းသားတွေ လာဝယ်လည်း ရောင်းတယ်
ကျောင်းမုန့်ဆိုင်တွေကလည်း ဆေးလိပ် ခိုးရောင်းကြတယ် ရင်လေးစရာပါဗျာ
Ma Ma
July 10, 2014 at 10:40 am
ဆရာဝန်တစ်ယောက်ရဲ့ အမြင်နဲ့ အနာဂတ်အတွက် ရင်လေးသံပေ့ါ။
ဘယ်သူမပြု မိမိမှု့ ဆိုသလို …….
ကိုယ့်အနာဂတ်လှပဖို့ ကိုယ်တိုင်ပဲ ထိန်းဖို့လိုတယ်ဆိုတဲ့ အသိဉာဏ်လေးရသွားအောင် မိဘနဲ့ ဆရာတွေက ဝိုင်းဝန်းဆုံးမဖို့လည်း အရေးကြီးတယ်။
ကျမတို့အထက်တန်းကျောင်းတုန်းကဆိုရင် ကိုယ်ချစ်ခင်လေးစားရတဲ့ ဆရာ/မတွေ ပြောတာကို အလေးထားပြီး လိုက်နာဖြစ်တယ်။
ဆရာ/မတွေ ကိုယ်တိုင်ကလည်း တပည့်တွေ ချစ်ခင်လေးစားရသူတွေ ဖြစ်အောင် စံပြပုဂ္ဂိုလ်လို ကျင့်ကြံနေထိုင်ကြဖို့လိုတယ်။
ဥပမာ- တပည့်တွေ အပေါ်မှာ တန်းတူဆက်ဆံတာ၊ အဂတိလိုက်စားမှုမရှိတာ၊ သိစေချင် တတ်စေချင်တဲ့စေတနာနဲ့ ပြောဆိုဆုံးမတာ မျိုးတွေပေ့ါ။
အခုကိစ္စတွေကို ရွာထဲကဆရာမလေး ဝင်ပြောရင် ပိုကောင်းမယ်။
ခင် ခ
July 11, 2014 at 1:40 am
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို အမှန်တကယ်ထိခိုက်နိုင်သည် ဟူသော စာသားတွေ ဆေးလိပ်ဗူးတွေမှာရေးစေပြီး တီဗွီ billboard တွေမှာ စီကရက်ကြော်ငြာတွေ ခွင့်ပြုဘူးလို့ လုပ်ဆောင်တဲ့အချိန်မှာဘဲ စီကရက် တွေလည်း တံဆိပ်မျိုးစုံ ပိုများလာတော့တာပါဘဲ။
မလုပ်စေရဆိုတာလဲ သူတို့ဘဲ သွင်းခွင့် ထုတ်ခွင့်ပေးတာလဲ သူတို့ပါဘဲ အဲဒီတော့ ကောင်းစေချင်သလိုလို အဆိုးတွန်းပို့နေတာလားလို့ တစ်ခါလေးတွေးမိရုံလေးပါ
alinsett (gazette)
July 12, 2014 at 9:55 am
အဖြူအစိမ်းတွေ….မီးခိုးငွေ့ကို စားသုံးနေကြပြီ ။….
အဲဒီစာသားလေး…..
ဘယ်လောက်..ထိရောက်လိုက်သလဲ..လို ့…
ရင် နင့်စရာ…..