ငါတို့ အိမ်​​ဂေဟာ

naywoon niJuly 7, 20141min014

စိုက်​ခင်​း​တွေမှာလည်​း
ထွက်​သမျှကိုသာသိမ်​းထုတ်​
​မြေဩဇာမထည်​့
​ပေါင်​းမသင်​ပဲ
ဒီအတိုင်​းပစ်​ထားလိုက်​တာကြာ​တော့
သီးနှံ​တွေက
အရင်​လိုမချိုမြိန်​​တော့ဘူး ။
​ဈေးလည်​း​ကောင်​း​ကောင်​းမရ​တော့ဘူး ။
ရဖို့တစ်​ခုသာကြည်​့ပြီး
ထုတ်​ကုန်​အရည်​အ​သွေးမြှင်​့တင်​ဖို့ ထည်​့မတွက်​တဲ့ လူ​တွေချည်​့​နေတဲ့ အိမ်​​ဂေဟာမှာ
မိုးလင်​းတာနဲ့
တစ်​​ယောက်​ကို တစ်​​ယောက်​ကမာန်​မဲ
ဆူဆူပူပူနဲ့
ဟိုး ……အရင်​လို​အေး​အေးလူလူ မရှိ​တော့ဘူး ။
အရင်​က​တော့ မရှိ​အေး​အေး ရှိ​အေး​အေးနဲ့
ထမင်​းကြမ်​း​တောင်​ ယပ်​ခတ်​စားကြတယ်​ဆိုတဲ့အိမ်​မှာ
ခု​တော့ ………….
မြင်​မြင်​သမျှ ကိုယ်​့အိတ်​ထဲထည်​့
ခိုးတန်​တာခိုး ဝှက်​တန်​တာဝှက်​နဲ့
စရိုက်​​တွေ တစ်​​နေ့တစ်​ခြားပျက်​စီးပြီး
တစ်​​နေ့က​တောင်​
ကိုယ်​​နေတဲ့ အိမ်​ မီးနဲ့ပြန်​ရှို့မလို့တဲ့
​ကြောက်​စရာ လူ​တွေရဲ့ ရူးသွပ်​ပုံ​ပြောပါတယ်​ ။
အပြင်​ပ​ယောဂ ​တွေကလည်​း
ဝင်​ဝင်​ပူး
တစ်​​ယောက်​နဲ့မှမသ်​ိတဲ့ တစိမ်​း​တွေလည်​း အိမ်​​ပေါ်​ရောက်​လို​ရောက်​နဲ့
ငါတို့ရဲ့ အိမ်​​ဂေဟာ​လေးဟာ
တစ်​​နေ့ထက်​တစ်​​နေ့ အို အိုလာ​နေ
ယိုင်​ယိုင်​လာ​နေပါ​ပေါ့လား ။

​နေဝန်​းနီ
JUL 6 , 2014
23:40

14 comments

  • kai

    July 7, 2014 at 6:49 am

    လူသားအခြေခံ.သီလ.. . ငါးပါးသီလကို ေ-ာက်တလွဲပြောင်းပြန်အချိုးဖောက်ဆုံးတိုင်းပြည်ထဲ.. နံပါတ်၁၂ချိတ်တော့ကာ…
    ဖြစ်ရမယ်… ဖြစ်နေမယ်.. ဖြစ်လိမ့်မယ်..။ ဆက်ခါ… ဆက်ခါ…။
    =
    http://www.7daydaily.com/story/15051#.U7nNtLFeenq

    ကမ္ဘာ့ဘဏ်က နောက် ဆုံးထုတ်ပြန်သည့် နိုင်ငံပေါင်း နှစ်ရာကျော်ပါဝင်သော ကမ္ဘာ့အ ချမ်းသာဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အောက်ဆုံး ၁၂ နိုင်ငံ၌ ပါဝင်ရပ်တည်နေကြောင်း သတင်းရရှိသည်။

    နိုင်ငံပေါင်း ၂၁၅ နိုင်ငံ ပါဝင်သောစာရင်းတွင် မြန်မာနိုင်ငံ က အောက်ခြေမှစ၍ ရေတွက် လျှင် အဆင့် ၁၂ နေရာ၌ ရပ် တည်နေခြင်းဖြစ်ပြီး ဒေသတွင်း အာဆီယံနိုင်ငံများတွင် အောက် ဆုံးရောက်ရှိနေကြောင်း အဆိုပါ စာရင်း၌ ဖော်ပြသည်။

    ကမ္ဘာ့ဘဏ်က တစ်နိုင်ငံ လုံး၏ အသားတင်ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုးကို နိုင်ငံ့လူဦးရေနှင့် အချိုးကျ တွက်ချက်သောနည်း (GDP per ca-pital) ဖြင့် တွက်ချက်ထားသည့် စာရင်း၌ ဒေသတွင်း ဒုတိယ အဆင်းရဲဆုံးဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံကြားတွင် အဆင့်ငါးဆယ်ကွာခြားနေပြီး အီသီယိုးပီးယား၊ ကျူးဘား၊ မြောက်ကိုရီးယား၊ ဆိုမာလီယာ စသည့်နို်င်ငံတို့က မြန်မာနိုင်ငံ အထက်တွင် ရပ်တည်နေသည်။

    Reply

  • ဇီဇီ

    July 7, 2014 at 10:37 am

    အိမ်ခေါင်ပေါ်မှ ခြင်သေ့ယောင်ဆောင်ထားတဲ့ ခွေးတွေ၊ ဖွတ်တွေ တက်နေတာကိုးးး

    😥

    Reply

  • naywoon ni

    July 7, 2014 at 11:38 am

    အဲ့ဒါစည်​းကမ်​းကို အစကတည်​းကမရှိလို့ ဖြစ်​တာ ။ မလိုတဲ့​နေရာ ​တွေမှာ ဥပ​ဒေ​တွေ ​ဖောင်​းပွ​နေပြီး လိုအပ်​တဲ့​နေရာမှာ ဘာစည်​းကမ်​း ဘာဥပ​ဒေမှ မပြဌာန်​းနိုင်​လို့ ဖြစ်​သွားတာ ။

    Reply

  • naywoon ni

    July 7, 2014 at 11:43 am

    မြန်​မာ့ရိုးရာယဉ်​​ကျေးမှုကို ထိမ်​းသိမ်​းရင်​းနဲ့ မနိုင်​ရင်​ကာ​တွေ ဖြစ်​ကုန်​တာပါ သူကြီးက ဝမ်​းသာ​နေတာလား

    Reply

    • kai

      July 7, 2014 at 12:30 pm

      ဘုန်းကြီးအင်အား ၅သိန်းကျော်တဲ့..
      စစ်သားအင်အား ၃သိန်းကျော်တဲ့..
      မိသားစု၊ ကိုရင်၊ ကပ္ပိယ၊ ဘာညာတွေထည့်ပေါင်းရင်.. အလုပ်မလုပ်ပဲ တိုင်းပြည်သယံဇာတတွေ.. ပယံကတတွေ.. ထိုင်ဖြုန်းတီးနေသူ သန်းချီတဲ့တိုင်းပြည်ဟာ..
      ၁) အလုပ်လုပ်နိုင်တဲ့လုပ်အားနစ်နာတာက.. တခါ…။
      ၂) အလုပ်လုပ်တဲ့သူက..မလုပ်သူတွေရဲ့.. စား၊ဝတ်နေရေး ဝင်ဖြည့်ပေး(ကျွန်ခံ)ရလို့.. နာတာကတခါ၊
      ၃) ကျား/မ.. လူဦးရေအချိုးမှာ ကျားတွေ မိန်းမမယူလို့ (လူ့တာဝန်မယူလို့) လူုဦးရေနစ်နာတာတာက.. တခါ…။
      ၄) အားနေ..ထိုင်ပြီးစားသောက်နေယုံမဟုတ်.. မဟုတ်ကဟုတ်က.. ခေတ်နောက်ပြန်အိုင်ဒီယာတွေသွတ်သွင်း.. အုပ်ချုပ်ရေးပိုင်းအစိုးရတာဝန်တွေမှာ ဝင်ရှုပ်လို့.. အတွေးအခေါ်ပိုင်းအရ. နိုင်ငံရေးအရ.သံသရာမှောက်တာက၁ခါ..

      မိအေး ၄ခါနာ…။
      ဝမ်းသာစရာတော့ မဟုတ်..။ ဝမ်းတော်တော့်ကိုနာစရာ..။
      အင်း..
      ဗိုက်ပါနာလာပြီ..။ :mrgreen:

      Reply

      • အရီးခင်

        July 7, 2014 at 3:03 pm

        ဒီမှာလဲ workless benefit ယူစားနေသူတွေ အများကြီးပါ။
        ပိုဆိုးပါတယ်။
        ဒါပေမဲ့ အခွန်ထမ်း ငွေ ပြည်သူ့ ဘဏ္ဏာချမ်းသာ နေတာမို့ ဝေစား မျှစား ပေါ့။

        မြန်မာပြည်က ပြည်သူ့ ဘဏ္ဏာ မှာ အနှုတ် ဖြစ်နေတာလေ။
        ဘုန်းကြီး population နဲ့ တော့ တိုက်ရိုက် မဆိုင်ပါ သူကြီးမင်း ရှင့်။
        ယိုးဒယားမှာလဲ များတာပါဘဲ။
        ဒါပေမဲ့ နိုင်ငံ က ဒီမှာလောက် မမွဲ ပါဘူး။

        အဓိက ပြသနာ က ဘုန်းကြီး မဟုတ် ပါ လို့။
        ရွှေသမင် က ဘုန်းကြီး တာ က မထွက်ပါ။
        မင်းကြီးတာ ကဘဲ ထွက်ပါတယ်။

        Reply

  • Kaung Kin Pyar

    July 7, 2014 at 1:20 pm

    😥
    😥
    😥

    Reply

  • Choo

    July 7, 2014 at 4:50 pm

    အိုခေ အိုခေ အိုက်ကိစ္စကို ဆူးလေမှာ ဆံဒပြလိုက်မယ် ဒန့်ဝါရီ 😛

    Reply

  • Mr. MarGa

    July 7, 2014 at 7:32 pm

    မမြင်
    မသိ
    မကြား
    🙁

    Reply

    • Ma Ma

      July 7, 2014 at 10:07 pm

      မလုပ်
      မပြော
      မတွေး
      :'(

      Reply

  • ခင် ခ

    July 7, 2014 at 10:46 pm

    ယိုင်ကာချိနဲ့
    ယိုယွင်းပေမယ့်
    အိမ်တိုင်ချွတ်ကာ
    ပေါင်အုံးမဟဲ့
    အကြံပက်စက်
    လူတစ်စုလည်း
    မခွါနိုင်သေး
    အိမ်အိုးဟောင်းမှာ
    တွယ်ငြိနေတာ
    ခုချိန်ထိပါ။

    Reply

  • kyeemite

    July 8, 2014 at 1:20 pm

    မြန်​မာ့ရိုးရာယဉ်​​ကျေးမှုတို့ ဘာသာဓလေ့ထုံးတမ်းစဉ်လာတို့ နဲ့ နိုင်ငံရေးရောထွေး လွှမ်းမိုးနေသ၍
    အင်း….ကြာအုံးမယ် 🙁

    Reply

  • manawphyulay

    August 5, 2014 at 1:31 pm

    အိမ်အိုလေးက ယိုင်ဟောင်း
    ထောင့်ကန်မှုတွေနဲ့ ကျားကန်ဖို့
    လိုနေပေါ့…

    ယူစရာရှိတာ
    ယူပါတဲ့ ယူပါ
    ရှိတာ အကုန်ပေး
    အိမ်တိုင်ပါ ချွတ်ဖို့ သူ ကျန်ပေါ့
    အမယ်မင်း….
    ကြားလို့မှ ကောင်းကြသေးရဲ့လား…

    Reply

  • အမှန်အတိုင်းပြောရင် ပွင့်လင်းလာတဲ့ဆိုတဲ့ အိမ်အိုလေးကို နည်းနည်းစိတ်ကုန်လာတာ အမှန်ပဲ.. 🙁

    Reply

Leave a Reply to naywoon ni Cancel Reply

Your email address will not be published.