လွမ်းမိသော မိုးရာသီအက်ဆေးတပုဒ်…

ကုိ ထြဋ္July 1, 20141min011

Own Tune ရေးဖို့ ဘော်ဘော်တွေက ဝိုင်းကျပ်ပေးကြတော့လဲ ရေမြေ့သနင်း တယောက်နေမရတော့ပါဘူး…

ရေးမယ့်ကြံတော့ ဘာရေးရမှန်းလဲ မသိ..

ဒါနဲ့ ကျွန်တော့် နှစ်သက်တဲ့ ဆရာကြီးပေါ့ သစ္စာနီရေးတဲ့ မိုးရာသီအက်ဆေးကို သွားသတိရတယ်…

သတိရတာထက် လွမ်းမိတာပေ့ါလေ.. ဆရာကြီးက ပြောထားတယ်..

မိုးရာသီလို့ ဆိုလိုက်တာနဲ့တဲ့.. ဖြူစိမ်းတွေ၊ ဝင်းဝါနေတဲ့ သရက်သီးမှည့်တွေ၊ ရေမြောင်းပိတ်တာတွေ၊ ဝမ်းရောဂါတွေ သွေးလွန်တုပ်ကွေးတွေ ဒါတွေကို ဆိုထားတယ်ဗျ..

အဲဒါတွေ အခုထိတော့ မှန်တုန်းပဲ မမှန်တော့တာဆိုလို့ ဆရာကြီးဆိုထားတဲ့ မိုးရာသီမတိုင်ခင် လူပျိုလှည့်နေကြဖြစ်တဲ့ စာအုပ်ကြော်ငြာတွေပဲ..

အရင်ကဆို ဟုတ်ပါတယ် သတင်းစာတွေမှာ ဘယ်စာအုပ်တိုက်က ဆိုပြီး ကလေးစာစောင်တွေ ဗုဒ္ဓစာပေတွေနဲ့ အချစ်ဝတ္ထု တွေ စုပြီး တကွက်တည်းနဲ့ ကြော်ငြာတယ်..

တီဗွီမှာဆိုလဲ စာအုပ်ကြော်ငြာလေးတွေ လာသဗျာ.. ကျွန်တော် သတိထားတတ်တဲ့ အရွယ်မှာတော့ နည်းနည်းကျဲသွားပြီဗျ..

ခုတော့ သတင်းစာမှာ မိုးရာသီ လူပျိုလှည့်တေး အနေနဲ့ ဝါမဝင်ခင်  ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ မြေကွက်များရောင်းဝယ်လိုသည်ဆိုတာက နေရာယူထားတယ်…

တီဗွီမှာဆို အပြိုင်အဆိုင် နာစေးချောင်းဆိုး တုပ်ကွေးဖြစ်ရအောင် ကြော်ငြာပေးတဲ့ Decogen တို့.. Biogesic တို့က နေရာယူထားပါတယ်…

ကျွန်တော်ဆိုလဲ အရင်က ဒီလိုအချိန်လေးဆို စာလေးဖတ် ကော်ဖီလေးသောက်ရာကနေ  မြေပုံလေးကြည့်၊ မြေကွက်လေးကို ဈေးဖြတ်ဖြစ်သွားတယ်ဗျ…

ခေတ်တွေကပဲ ပြောင်းတာလား… လူတွေကပဲ ပြောင်းတာလားဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် မသိတော့ဘူး…

စာဖတ်သူနည်းလို့ စာအုပ်ထုတ်ကြော်ငြာနည်းတာလား… စာအုပ်ထုတ်ကြော်ငြာနည်းလို့  စာဖတ်အားနည်းသွားတာလား…

ထင်တာတခုတော့ ရှိတယ်… အရင်ကလို မချောင်လည်ကြတော့ဘူးဆိုတာပဲ… အဘွားစကားနဲ့ ပြောရင် နင်တို့ပိုက်ဆံက ဂျပန်ပိုက်ဆံတွေလိုပဲတဲ့…

ဒါတောင်နော် ၂၀၀ဝ နဲ့လောက်တယ် ပြောတဲ့သူက ပြောသေးတယ်… တကယ်သာလောက်ရင် ကျွန်တော်လဲ စာဖတ်ဖြစ်လောက်ပြီး.. စာအုပ်ကြော်ငြာတွေ ပြန်လည်ဖြစ်လာမယ်လို့ထင်ပါတယ်…

ဒါလေးကတော့ ဆရာရဲ့ လက်ရာကိုလဲ ပြန်သတိရ… အရင်ခေတ်ကလေးကိုလဲ ပြန်တမ်းတတဲ့.. ကျွန်တော် ရေမြေ့သနင်းရဲ့ လွမ်းမိသော မိုးရာသီအက်ဆေးတပုဒ် အကြောင်းလေးပါပဲ…

 

 

ps: စမ်းရေးထားတာနော်.. လာတည့်ပေးကြပါဦး.. လိုတာလေးတွေမန့်ကြပါဦး… 🙂

11 comments

  • JackSkellington

    July 1, 2014 at 10:08 am

    စာအုပ်ဈေးရယ်
    ဝင်ငွေရယ်
    အီးဘွတ်ခ် တွေ များလာတာရယ်
    စာအုပ်ဖတ်ဖို့ အချိန်မပေးနိုင်တာရယ်
    ဇာတ်လမ်းတွဲတွေရယ်….
    …..
    …..
    …..
    …..

    Reply

  • kyeemite

    July 1, 2014 at 10:31 am

    ကို ရေမြေ့သနင်း ရေးတဲ့ မိုးရာသီအက်ဆေးလေးက ကောင်းသားပဲဗျ…လုပ်စမ်းပါဗျာ..
    စာအုပ်စာပေ တန်ဖိုးတွေတက်တော့ တော်ရုံလူမဖတ်နိုင်ဘူးဗျ…နောက် ကျုပ်တို့ငယ်ငယ်ကလို
    စာအုပ်အငှားဆိုင်လည်းသိပ်မရှိတော့ “စာအုပ်စာပေ လူနဲ့ဝေးနေ” ဆိုတာလိုဖြစ်နေတာပေါ့…
    ဆက်ဆွဲဆရာရေ..အားပေးမယ် 🙂

    Reply

  • Yae Myae Tha Ninn

    July 1, 2014 at 10:48 am

    ကျွန်တော် ရေးတာ ဟုတ်ဘူးဗျ.. ဆရာသစ္စာနီရေးတာကို ပြန်ကိုးကားပြီး ခေတ်အမြင်နဲ့ ပြန်တင်ပြတာ.. အဲခေတ်ကိုလဲ လွမ်း.. ဆရာ့စာလဲ သတိရပေါ့.. နာမည်ကကို ဆရာရဲ့ ဆောင်းပါးနာမည် မိုးရာသီအက်ဆေးလေ.. ကျွန်တော်က လွမ်းမိတော့ လွမ်းမိသော မိုးရာသီအက်ဆေး ဖြစ်သွားတယ်… ဟဲ…ရေးသာရေးရတာ.. စမ်းရေးတာဆိုတော့ …:) တကယ်တော့ အီးဘွတ်ဘယ်လောက်ကောင်းကောင်း စာအုပ်ဖတ်ရတဲ့ အရသာ အကြိုက်ဆုံးပဲ.. ဖတ်လိုက် စဉ်းစားချင်ရင် စာအုပ်ကလေးကို ရင်ဘတ်ပေါ်တင်လိုက်.. ဇိမ်ပဲ.. 🙂

    Reply

  • Ma Ma

    July 1, 2014 at 10:48 am

    ရေမြေ့သနင်းရဲ့ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်အရေးကို အားပေးပါတယ်။
    မိုးရာသီဖွဲ့တေးတွေ ပြောင်းလဲသွားတာကို ထင်သာမြင်သာ ရှိသွားတာပေ့ါ။
    🙂

    Reply

  • ဇီဇီ

    July 1, 2014 at 11:13 am

    ဟုတ်တယ်ဗျ။
    လွမ်းစရာ။
    ငယ်တုန်းက ဆို မိုးရိပ်မြင်ရင် မိုးရွာခါနီးရင် စာအုပ်ဆိုင်လေးပြေးပြီး စာအုပ်လေးတွေ ယူပြီး မိုးရွာချိန်နဲ့ ကွက်တိ အိပ်ရာထဲ ဇိမ်ယူရတာ။
    စာအုပ်ကို ပိုကြိုက်တာလည်း တူတူပဲ။
    ပိုင်ပိုင်နိုင်နိုင် ဖတ်ရတယ်လို့ခံစားရတယ်။

    🙂

    Reply

  • Yae Myae Tha Ninn

    July 1, 2014 at 12:09 pm

    ဟဲ အဲလို တအားကြီး မြှောက်နဲ့ ဗျ.. နေတတ်တော့ဘူး.. ဟီး.. ထပ်ကြိုးစားပါ့မယ်လို့… နောက်တပုဒ်အတွက် အားယူပြီး ထပ်ရေးပါဦးမယ်.. ၂ ပို့စ် တင်လို့ ရတယ်မလား.. ၂ ပုဒ်တော့ ရေးမှာပေါ့… 🙂

    Reply

  • black chaw

    July 2, 2014 at 1:57 pm

    အားပေး ဖတ်ရှုသွားပါကြောင်း…။
    :mrgreen:

    Reply

  • လူပျိုလှည့်စာအုပ်ကြော်ငြာတွေ ခေတ်စားတာ ဘယ်နှစ်ခုနှစ်လောက်က ဖြစ်မလဲဟင်။ သိပ်မကြားဖူးလို့။

    Reply

  • Yae Myae Tha Ninn

    July 2, 2014 at 3:19 pm

    ဟုတ်ဘူးလေဗျာ.. လူပျိုလှည့် စာအုပ်ကြော်ငြာဆိုတာ.. စာအုပ်ကြော်ငြာက လူပျိုလှည့်သလို သူ့အချိန်ခါရောက်ရင် ရောက်ရောက်လာတာကို ပြောတာပါ… လူပျိုလှည့်တဲ့ စာအုပ်ကြော်ငြာ မဟုတ်ရပါ… 🙂

    Reply

  • Yae Myae Tha Ninn

    July 2, 2014 at 3:26 pm

    Sorry… စိတ်ထဲ မှတ်မှတ်ထင်ထင်.. စေတနာစာပေက ကြော်ငြာတာ မှတ်မိတာ.. ၂၀၀၄၊ ၂၀၀၅ ပေ့ါ.. တာရာမင်းဝေခေတ်စားတုန်းကလဲ ကြော်ငြာပါတယ်.. အဓိကကတော့ အွန်လိုင်း သိပ်မဖွံ့ဖြိုးသေးတဲ့ အချိန်ပဲဗျ.. 🙂

    Reply

Leave a Reply

Your email address will not be published.