ရွှေအကြောင်းသိကောင်းစရာ 29,30

Zaw AungJune 28, 20141min02

ရွှေအကြောင်းသိကောင်းစရာ (၂၉)
‘ ဒုံး ‘ ထည်ဆိုတာဘာလဲ အလျော့တွက်မယူဘဲ ရောင်းတဲ့အထည်ကိုခေါ်တာပါ။ ဘာလို့အလျော့တွက်မယူဘဲ
ရောင်းနိုင်တာလဲ များသောအားဖြင့်တော့ တစ်ချို့ရွှေဆိုင်တွေက လာပြန်သွင်းတဲ့ အထည်တွေကို အရည်မကျိုဘဲ ‘ ဒုံး’
ပြန်ရောင်းကြတာပါ။ တစ်ချို့ အထည်အသစ်ကို ‘ ဒုံး ‘ ရောင်းကြတဲ့ဆိုင်တွေလဲရှိပါတယ် မြို့ထဲကဆိုင်တွေမှာတော့
မရှိဘူး ရပ်ကွက်ဆိုင်တွေမှာရှိတယ်။ သူတို့ကျတော့ ရွှေရည်နဲ့ ရွှေဈေးမှာ အမြတ်ယူကြတာပေါ့။
ဘယ်ဆိုင်မှာဝယ်သင့်သလဲဆိုရင် အလျော့တွက်သက်သာတဲ့ ဆိုင်ရွေးဝယ်ဘို့ အကြံပေးချင်တယ်။ ရွှေရည်တို့
ဈေနှုန်းတို့ဆိုတာ ကျွမ်းကျင်သူမဟုတ်ရင် သိဖို့ သိပ်မလွယ်ဘူးလေ ပြန်ရောင်းတဲ့အခါ အများကြီးရှုံးသွားနိုင်တယ်။
ရွှေအကြောင်းသိကောင်းစရာ(၃၀)
အကယ်ဒမီရွှေတုံးဝယ်တဲ့အခါ ရွှေတုံးမှာကပ်ထားတဲ့စတစ်ကာက code နံပါတ်နဲ့ ရွှေအလေးချိန်စာရွက်က code
နံပါတ်တူမတူ ရွှေအလေးချိန်ရေးထားတဲ့ စာလုံးတွေ ထင်မထင် သေချာကြည့်ကြတယ်။ code မတူရင်
စာလုံးမထင်ရင် တစ်ကျပ်သားကို လေးငါးရာကွာသွားတယ် အဲဒါကလဲ ရွှေကုန်သည်တွေကို နာမည်ပျက်စေတဲ့
အချက်တစ်ခုပါပဲ။ အကယ်ဒမီ ရွှေတုံးဝယ်သိမ်းထားတဲ့သူက အဲဒီစာရွက်ကို ဂရုတစိုက် သိမ်းရတယ်။
ညစ်ပတ်ပေရေသွားရင် ဘောပင်နဲ့ နာမည်တွေဘာတွေ ရေးလိုက်ရင် ပြန်ရောင်းတဲ့အခါ ဈေးလျော့သွားရော။
တစ်ကယ်လို့သာ ရွှေဈေးကွက်တစ်ခုလုံးက ပစ္စည်းမှန်စာရွက်မှန်ရင် ပြီးရောဆိုပြီး လက်ခံလိုက်ရင်
အရမ်းကောင်းသွားမှာပါ။ ရွှေကုန်သည် အသင်းကလဲ ကြိုးစားနေပါတယ် မအောင်မြင်သေးပါဘူး။

2 comments

  • ရွှေ ကြည်

    June 29, 2014 at 7:42 pm

    ကျေးဇူးပါဗျ အကယ်ဒမီဝယ်မလားလို့ ဟီးးးး

    Reply

  • Ma Ei

    July 17, 2014 at 11:52 am

    ဒါဆို တစ်ချို့ရွှေဆိုင်တွေမှာ ကြော်ငြာတဲ့ ဒုံးရောင်းသည်ဆိုတာ အထည်ဟောင်းရောင်းသည်လို့ ပြောတာပေါ့နော်…

    Reply

Leave a Reply

Your email address will not be published.