ငယ်ရွယ်စဉ် စိတ်ဖိစီးမှုများလျှင် မျိုးဗီဇပြောင်းလဲသွားနိုင်

bolayAugust 12, 20101min01

ငယ်ရွယ်စဉ်တွင် စိတ်ဖိစီးမှုများလျှင် မျိုးဗီဇပြောင်းသွားနိုင်ကြောင်း ဂျာမနီနိုင်ငံ၊ မက်ပလန့်စိတ်ရောဂါ ကုသမှု ပညာတက္ကသိုလ်မှ သိပ္ပံပညာရှင် ခရစ္စတိုဖာမာဂါထရွိုက် ဦးဆောင်သော အဖွဲ့ကလေ့လာတွေ့ရှိခဲ့သည်။ ယင်းသိပ္ပံပညာရှင်များသည် မွေးကင်စကြွက်ကလေးများကို ကြွက်မိခင်နှင့် ခွဲခွာထားရှိ၍ စမ်းသပ်ခဲ့သည်။ ခွဲခွာထားခံရသော ကြွက်ပေါက်စကလေးများသည် နောက်ပိုင်းတွင် အပြု အမူပိုင်းဆိုင်ရာပြသနာများရှိလာခဲ့သည်။ ကြွက်ကလေးများနှင့်လေ့လာစမ်းသပ်မှုအရ ငယ်စဉ်က စိတ်ဒဏ်ရာနှင့်စိတ်ဖိစီးမှုများသည် မျိုဗီဇများကို ပြောင်းလဲစေပြီး အပြုအမူပိုင်းဆိုင်ရာ ပြသနာများအား ဖြစ်ပေါ်စေနိုင်သည့်လမ်းစများတွေ့ရှိခဲ့သည်။ ကြွက်ပေါက်စလေးများတွင် ကာလကြာရှည်သည် အထိ စိတ်ဖိစီမှုများ ဆက်လက်တည်ရှိနေသည်ဟု သိပ္ပံပညာရှင်များက Nature Neuro science ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။ စိဖိစီးမှုဖြစ်ပေါ်နေသော ကြွက်ကလေးများတွင် မျိုးဗီဇပြောင်းလဲစေသော ဟော်မုန်းများထွက်ရှိပြီး ၎င်းတို့၏ ဘဝတစ်လျှောက်အပြုအမူများအပေါ်တွင် ထိခိုက်မှုများရှိလာခဲ့သည်။ ယခုလေ့လာမှုကို မော်လီကျုးများဖြစ်စဉ်အထိ အသေးစိတ်လေ့လာခဲ့ပြီး ငယ်စဉ်ဘဝက စိဖိစီးမှု ခံစားရသော အတွေ့အကြုံများသည် ကာလတာရှည် အပြုအမူအပေါ် အတိအကျပြဠာန်းသွားနိုင်သည်ဟု ခရစ္စတိုဖာက ပြောကြားခဲ့သည်။ “ကြွက်ပေါက်စလေးတွေကို သူတို့မိခင်တွေဆီကနေ တစ်နေ့ကို သုံးနာရီနှုန်းနဲ့ ဆယ်ရက်ကြာခွဲထားလိုက်တယ်။ ကြွက်ကလေးတွေဟာ အာဟာရမပြည့်ဝတဲ့ ဒဏ်မခံရပေမယ့် စွန့်ပစ်ခံရတယ်ဆိုတဲ့စိတ်ခံစားမူတော့ရှိခဲ့ပါတယ်” ဟု၎င်းကပြောကြားခဲ့သည်။ ငယ်ရွယ်စဉ် စွန့်ပစ်ခံရသော ကြွက်ကလေးများသည် ၎င်းတို့၏ဘဝတစ်လျှောက် စိဖိစီးမှုများသော အခြေအနေများကို ရင်ဆိုင်နိုင်စွမ်းနည်းပါးလေ့ရှိပြီး မှတ်ဉာဏ်လည်းအားနည်းလာလေ့ရှိသည်ဟု တွေ့ရှိရသည်။

One comment

  • khinmintatthu

    August 13, 2010 at 12:24 am

    ကြွက်နဲ့တော့ တူလောက်ပါ့မလား….

    Reply

Leave a Reply to khinmintatthu Cancel Reply

Your email address will not be published.