စောဖေါရှော ၏ မိတ်ဆက်နှုတ်ထွက် အခမ်းအနား။

Saw Faw ShawJune 27, 20141min030

မင်္ဂလာပါ ခင်ညာ။

တားတားဂတော့ အပြောအဟော သိတ်ကောင်းတယ်လို့နာမည်ကြီးတဲ့

စောဖေါရှော လေးပါခင်ည။

တားဂို ဂျစ်ကြပါနော်…နော်…နော်လို့…။

တားဂ ရွာထဲမှာ တစ်ကောင်ကြွက်ပါ ခင်ညာ။

တနည်း စော်တိတ်ကြည်တဲ့ လူဗျိုလေး ခင်ည။

အာ့ကြောင့် တား မှားတာရှိရင် အပြစ်တော်မမြင်ဘဲ အချစ်တော်ဝင်ကြပါလို့

ကြိုတင်ကြံစည်…အဲ…တောင်းပန်ထားပါရစေ ခင်ည။

အခု တားတားဂ ဦးရီးတို့ ဒေါ်လေးတို့ဂို မိတ်ဆက်ရင်း နှုတ်ဆက်ခဲ့ပရဇီခင်ညာ။

အမှန်ဂဒေါ့ တားတား ဒီရွာထဲမှာ မိန်းမယူပြီး တစ်အိုးတစ်အိမ်ထူ ကလေးတွေမွေးပြီး

တစ်ရွာတစ်ဂျီဆောက်မလို့ ခင်ည။

ဒါပေမယ့် ရွာဂို အကဲခတ်လိုက်တော့ အနံ့အသက်က သိတ်မကောင်းလှတာမို့

မိတ်ဆက်ပြီးတာနဲ့ တစ်ခါတည်း ပြန်နှုတ်ထွက်လိုက်ရခြင်းဖြစ်ပါတယ်ခင်ည။

ရွာထဲက အပျိုတွေ အတွက်တော့ ကံဆိုးမှုကြီးတစ်ခုပေါ့ ခင်ညာ။

ဦးရီးတို့ ဒေါ်လေးတို့ ရဲ့ မန်းဒလေးဂေဇက် ဆိုတဲ့ ရွာကြီးဂ နာမည်ကြီးလွန်းလို့

ဝင်ကြည့်မိပါတယ်။ ထင်သလောက်လည်း မဟုတ်ပါဘူးဗျ။

ဂဇွန်းဥတွေ ပုံထားတဲ့ ဒါ့ပုံ တပုံတည်းနဲ့ ပို့စ် တစ်ပုဒ်ဖြစ်နေတာကြည့်မလား။

လယ်တီဆရာတော်ဘုရားကြီးရေးထားတာကို ပို့စ်တင်တာကြည့်မလား။

အွန်လိုင်းပေါ် ဘယ်ထောက်ထောက် ပွင့်နေတဲ့ ဒေါက်တာသန်းထွန်း ရဲ့

သမိုင်းတွေ ကူးတင်တာကြည့်မလား။

ရွာသားတစ်ယောက်အတွက် တစ်နေ့ ၂ ပုဒ် တင်ခွင့်ပေးထားတာကို

ကော်ကောင်းချိန်တင်ရတယ်ဆိုပြီး မျက်နှာပြောင်တိုက် ငါးပုဒ်လောက်တင်တာ ကြည့်မလား။

အဲဒီလို ပို့စ်မျိုးတွေနဲ့ ရင်ဘောင်တန်းပြီး တားတားဂ ပို့စ်တွေ တင်ဂျင်စိတ် မရှိတော့တာမို့

ဦးရီးတို့ ဒေါ်လေးတို့ ဂို ရွာထဲခဏဝင် နှုတ်ဆက်ပြီး ပြန်ထွက်သွားပါပြီ။

ကံမကုန်ရင် ပြန်ဆုံကြမည်။

စောဖေါရှော

(ခေတ္တ နထိုးကြီး)

 

30 comments

  • လူမိုက် ခင်ဇော်

    June 27, 2014 at 11:15 am

    မိတ် မဆက်ရသေးဝူးးး
    နှုတ်က ထွက် ချင်နေပြီ။
    ဝေ … ကရင်ကြီးးး နိ ဘာလူမျိုးလဲ ဝေ့။
    စောစောစီးစီး ဖွပြီး မပြေးခင် နာ့ ကို ဆပ်ကြေး အရင်ပေးး

    :boss:

    နိ က ပို့(စ) ကောင်းတွေ တင်နေတုန်းက ဘယ် ကဘာရောက်နေလို့လဲ ကွ ဟေ။

    Reply

  • Saw Faw Shaw

    June 27, 2014 at 11:25 am

    ဝေ့ ခင်ဇော်ရေ့။
    နင်ဂ လူမိုက်လားဝေ့။
    လူမိုက်ဆိုရင် နင်တို့ရွာထဲက အရှုပ်တွေ မိုက်ကြေးခွဲပါတော့လားဝေ့။
    နင်ဂ အလဂါး လူမိုက်ပဲဝေ့။

    Reply

    • လူမိုက် ခင်ဇော်

      June 27, 2014 at 11:28 am

      အေးနော်။
      နိ မြှောက်ပေးတာနော်။

      :boss:

      Reply

  • alinsett (gazette)

    June 27, 2014 at 11:39 am

    နှုတ်ထွက်တယ်လို့ ပြောတယ်ဆိုတော့
    အချော့ခံချင်လို့လားဝေ့
    ဒီရွာမှာ အရသာရှိရှိ ချော့မယ့် ဝတ်မှုန်ရွှေရည်တို့ မိုးယုစံတို့တော့မရှိဘူးဝေ့။
    ဒီတော့ မနေချင်လည်း ထွက်ပေါ့ဝေ

    ခွဲခွါရတာ ဝမ်းသာပါတယ်။

    Reply

    • Saw Faw Shaw

      June 27, 2014 at 11:51 am

      ဝေ့ အလင်းဆက်ဆိုတဲ့ ကောင်ရေ့။
      နင်ဂ နေရာတကာလိုက်ပါနေတာ ရွာလူကြီးလားဝေ့။
      ငါ့ဟာငါ အချော့ခံချင်ချင် မခံချင်ချင် နင့်အပူလားဝေ့။
      နင်တို့ရွာကြီး ဖြစ်ချင်တိုင်းဖြစ်နေတာကိုတော့ နင်ဒီတိုင်းကြည့်နေလားဝေ့။
      ကြာရင် နင်တို့ရွာကြီး ကော်ပီရွာကြီးဖြစ်တော့မယ်ဝေ့။
      နင် ကြပ်ကြပ်သတိထားနေလိုက်ပါ။
      ချောင်းရိုက်ခံရမယ်ဝေ့။

      Reply

      • alinsett (gazette)

        June 27, 2014 at 12:00 pm

        ဒီအတိုင်း ကြည့်နေနေ မနေနေ ခီညား အပူလားဝေ့
        ဒီမှာ ကိုယ့်ဟာကိုယ်တောင် ထမင်းနပ်မှန်အောင် မနည်းရုန်းကန်နေရတာဝေ့
        ကြည့်နေသင့် နေရမှာပဲဝေ့
        ကြည့်မနေနိုင်တဲ့အခါ လုပ်ပေးမှာပဲဝေ့

        နေရာတကာ ပါတော့ရော ဘာဖြစ်လဲဝေ့
        နေရာတကာပါလေလေ ဒီရွာအကြောင်း သိလေလေပဲဝေ့

        ချောင်းရိုက်ခံရကိန်းတော့ ကျုပ်လည်း မြင်တယ်ဝေ့
        အခုတောင် ကျုပ်ကို အတော် မျက်စိနောက်နေလောက်ပြီဝေ့

        ဒါပေမယ့် နီမှတ်ထားဝေ့
        ကျုပ်မသေသ၍ ကျုပ်နည်းကျုပ်ဟန်နဲ့ ဒီရွာမှာ နှောက်နေဦးမှာဝေ့
        မျက်စိနောက်သူတွေ မျက်စိညောင်းတဲ့အထိဝေ့

        :mrgreen:

        Reply

  • မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

    June 27, 2014 at 11:42 am

    ဝေ့ ဖေါရှော
    နေဦးဟ
    တူဒါဒွေပေါင်းဝါးပီး
    မတူဒါဒွေ ရောင်းစားဂျမယ်လေ့
    ဗြိုင်ဒူတွန်းရင် ပွင့်နိုင်ဘာဒယ်

    Reply

    • Saw Faw Shaw

      June 27, 2014 at 11:56 am

      ဝေ့ အော့ကြောလန် ယောက်ဖရေ။
      ဒီလိုကောင်မျိုးတွေနဲ့တော့ တူတာတွေလည်း ပေါင်းမစားနိုင်ဘူးဝေ့။
      မတူတာတွေလည်း ရောင်းမစားနိုင်ဘူးဝေ့။
      ပြိုင်တူလည်း မတွန်းနိုင်ဘူးဝေ့။
      အဲဒီတော့ နင်ငါ့ကို နေစေချင်ရင်
      အဲဒီ ဗရုတ်သုက္ခတွေကို အရင်ရှင်းပေးဝေ့။
      နင်လည်း မာဆတ်က ကောင်မလေး ကို ဖြတ်လိုက်ပြီလားဝေ့။

      Reply

      • မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

        June 27, 2014 at 12:01 pm

        ညှင်းညှင်း
        ဘေဘီဆော်ဒါ
        ဟုတ်ပါဘူးကွာ မှားလို့
        ဘော်ဘီဆော်ဆာ ရဲ့ စွာတေးလန်ကိုအားကျလို့
        အော့ကြောလန် လို့ပေးထားဒါ
        ဟတ်ချလောင်းးးး လာထားးး
        အော် အော် အော် အော့ကြောလန်
        အော် အအော်အော် အော့ကြောလန်

        ရှင်းပေးမယ်
        ညှင်းညှင်း

        Reply

  • ဦးဦးပါလေရာ

    June 27, 2014 at 11:45 am

    .ဒီမနက် ဒေါ်ဘုမရဲ့ ပဲပြုတ်လေး အကြွေးယူပြီး အီကြာကွေးနဲ့ စားနေတုန်း
    .ရွာ့ ငှက်ကထ ကကြီးမိုက်က ဖုန်းဆက်တယ်
    .ရွာထဲ ကောင်လေးတစ်ယောက် ခဲနဲ့ လျှောက်ပစ်နေလို့ ခေါင်းသွားခံချေ..တဲ့
    .(အဲလေ) သွားစုံစမ်းချေ….တဲ့

    .ကျုပ်မလဲ
    .ကိုယ်ဖါသာ သာ ဦးရှံစားလုပ်နေရတာ ၊
    .ဦးဒိန်းဒေါင် လုပ်ခိုင်းရမယ့် ကိုစွယ်တော်ရွက်ကလဲ လစ်ပြီ…။
    .ဒီတော့ အရေးဆို ဆွဲပြေးဖေါ်ရမယ့်သူမရှိလို့ ခပ်ပါးပါးလေးပဲ ဝတ်ကျေတန်းကျေ စုံစမ်းမယ်နော…..

    .ပထမဦးစွာစဉ်းစားရမှာက ဒါမျိုးဝင်ရေးမှဖြင့် ကိုယ့် လူမသိအောင် လွှဲထားရမယ်-
    .ဒါ့ကြောင့်-
    .၁- ဒီလူဟာ လူငယ်လေးလေသံဖမ်းထားတဲ့အတွက် အမှန်တော့ အသက်ကြီးကြီးဖြစ်ရမယ်
    .၂- အမျိုးသားလိုလုပ်ပြီးရေးထားတာမို့ အမှန်တော့ အမျိုးသမီးဖြစ်ရမယ်
    .၃- ကရင်နာမည်ယူထားတာမို့ အမှန်တော့ ကုလားလူမျိုးဖြစ်ရမယ်
    .ဒီအထိက (အသက်ကြီး+အမျိုးသမီး+ကုလားလူမျိုး)= ကုလားမကြီး

    .၄- သူ့ကိုယ်သူစော်ကြည်တယ်လို့ရေးထားတော့ အမှန်အားဖြင့် ကုလားကြီးတွေကမုန်းတဲ့သူဖြစ်ရမယ်
    .၅- ကန်စွန်းဥတွေပုံထားတာမကြိုက်တော့ အမှန်အားဖြင့် ခရမ်းသီးတွေကြိုက်တာဖြစ်ရမယ်
    .၆- ဒေါက်တာသန်းထွန်းစာတွေမကြိုက်တော့ အမှန်အားဖြင့် ဒေါက်တာချက်ကြိးစာတွေကြိုက်တာဖြစ်ရမယ်
    .၇- တစ်နေ့ထဲ ပိုစ့် ၅ပုဒ်တင်တာမကြိုက်တော့ အမှန်အားဖြင့် တစ်နေ့ထဲ ပိုစ့်ဆယ်ပုဒ်တင်တာကြိုက်တာဖြစ်ရမယ်…။

    .ဒီတော့ကာ ရွာ့ငှက်ကထကြီးနဲ့တကွ လူကြိးသူမများကို
    .ကျွန်ုပ်ဦးရှံစား ရဲ့ စုံစမ်းတွေ့ရှိချက်တွေကို အစီရင်ခံရရင်ဖြင့် …….

    .ဤကိစ္စသည် ခရမ်းသီးကြိုက်ပြီး ကုလားကြီးများမုန်းသော ကုလားမကြီးက
    . ဒေါက်တာချက်ကြီးပိုစ့်များ တစ်နေ့ဆယ်ပုဒ်တင်ပါရန် တောင်းဆိုခြင်း ဖြစ်နိုင်ကြောင်း
    .ကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာ တွေ့ရှိရပါကြောင်း…..

    :s: :s: :s:

    Reply

    • လူမိုက် ခင်ဇော်

      June 27, 2014 at 12:03 pm

      ဥ ဥ ပါ။
      ရွ လူဂျီး လုပ်နေပြီး ဂလိုဒေါ့ ပစ်မထားပါနဲ့။
      တဂျီး ဆိုတဲ့ အမျိုးက ဒီမိုခရေဇီ ပေးတယ် ပေးတယ်နဲ့ လွှတ်ထားတာ.။
      ခု ရွာ တံခါးဝမှာ စာမူ ကိုယ်စီနဲ့ စောင့်နေရတဲ့သူတွေကို သနားပါ။

      :hint:

      Reply

  • Saw Faw Shaw

    June 27, 2014 at 12:01 pm

    ဒီလူဂျီးက ဘယ်ကလူဂျီးလဲဝေ့။
    သူ့ကိုယ်သူ ရက်ဆားရောင်းတဲ့ နှင်းမောင်လိုလို ဘာလိုလိုနဲ့။
    စောဖေါရှောဆိုတဲ့ကောင် က ကရင်လူမျိုး နော်။
    သွေးကလည်း ရဲသလားမမေးနဲ့။
    ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်ဆဲနေတာ။
    ဘယ်ခွေးမှ လူမထင်ဘူးဝေ့။

    Reply

    • ဦးဦးပါလေရာ

      June 27, 2014 at 12:07 pm

      -နောက်ဆက်တွဲ
      -သွေးက ရဲ တယ်လို့ ပြောမှတော့ အမှန်အားဖြင့် သိပ်မနီဘူးဖြစ်ရမယ်။ သွေးအားနည်းရောဂါရှိပုံရတယ်။
      -ရွာရိုးလျှောက်ဆဲနေတာလို့ဆိုတော့ အမှန်အားဖြင့် ထိုင်ဆဲ နေတာဖြစ်ရမယ်…။
      -ဘယ်ခွေးမှ လူမထင်ဘူးလို့ ပြောပုံထောက်တော့ အမှန်အားဖြင့် လူတစ်ချို့ကို တော့ထင်နေပုံရတယ်။ မျက်စိမှုန်သူဖြစ်ရမယ်…

      Reply

  • Saw Faw Shaw

    June 27, 2014 at 12:12 pm

    ဒီမှာ ဦးပါ ဆိုတဲ့ လူဂျီး။
    တချို့ ပို့စ်တင်မယ့်သူဒွေ ပို့စ်ကိုင်ပြီး
    ွရွာထိပ်က ထိုင်စောင့်နေကြပြီတဲ့ ဗျ။
    ဆန်ဒါ ပြကြမလို့တဲ့။
    ကျုပ်ကိုလည်း သူတို့က နေ့တွက်ပေးငှားပြီး
    ရွာထဲလှည့်ဆဲ ခိုင်းထားတာ။
    ရှင်းပေးဘာ။ ရှင်ပေးပါ။
    အနှောက်အယှက်တွေဂို ရှင်းပေးပါ။

    Reply

    • ဦးဦးပါလေရာ

      June 27, 2014 at 12:26 pm

      .ဟဲ့ … ဖိုးခွား ရဲ့ …
      . ကျုပ်ကိုများ မော်တာပီကေ မှတ်နေသလား
      . သူများကို ရှင်းပေးဖို့နေနေသာသာ ကျုပ်ကို လာရှင်းမသွားအောင်တောင် မနည်းကြည့်ရှောင်နေရတာ
      . အမြည်းမရှိတော့ အာပူ .. သဂျီးမကြည့်တော့ ရွာဆူ …. တဲ့ ..
      . သူ့အိမ်ပေါက်ဝသာ သွားအော်ပေတော့…..

      :buu:

      Reply

  • cobra

    June 27, 2014 at 12:29 pm

    မရောက်တာအတော်ကြာတော့ ဘာတွေဖြစ်နေမှန်းမသိဘူး
    ဘာတွေ ဖစ်နေကြတာလား?
    ပြောပြပါဦး

    Reply

    • မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

      June 27, 2014 at 12:41 pm

      ဒလိုကွာ မွေဟောက်ရ
      မနေ့က ရွာထိတ်က အဖိုးဂျီးမွေးနေ့မှာ
      ငါက ဖဲလိမ်ရိုက်လိုက်တာကွာ
      အဲဒါဖေါရှောတို့က လာပီး ဝေစုခွဲနေလို့ကွ

      ဟုတ်ပါဘူးကွာ
      1 ခြားစီ ဖြစ်ကုန်ပီ

      Reply

  • လူမိုက် ခင်ဇော်

    June 27, 2014 at 1:05 pm

    ဟဲ့။
    ဖောရှော အဟွာ နဲ့ အော့အော့။
    တစ်ပို့(စ) ချင်းလိုက်ပြောနေရင် ကော်မန့်ရတယ် ဆိုပြီး မလျှော့ပဲနေရော့မယ်။
    အဲလို တွေးမိလို့ တအိမ်တက်ဆင်း ဆဲ မဲ့ အစီစဉ် မနက်ကတည်းက လက်လျှော့ထားတာ။

    😀

    Reply

  • နောင် ရိုး

    June 27, 2014 at 1:13 pm

    စောဖေါရှော
    ၃ခါဖောပြီး ရှောဘာဇေ….။ ဒီ ကရင် မြန်မြန်တေ..အေးရော…

    Reply

  • kyeemite

    June 27, 2014 at 2:00 pm

    စော…ဖေါ…ရှော…တဲ့လား
    တွေ့တာအရက်တစ်ပိုင်း…အဲအဲအဲ နှစ်ရက်တစ်ပိုင်းပဲရှိသေး ထွက်တော့မို့ရားဂျ
    ခီများနာမျီ ကလည်း နမိတ်မီကောင်းပါလား…
    စောစောစီးစီး..ဖေါပြီး ..ရှောမဲ့သီဘောဖစ်နေတယ်…
    စောချောမော…လို့နာမျီပြောင်းလိုက်..ဆော်တွေ ချက်ချင်းကျီပီး ဒီရွာက မခွာနိုင်ဖစ်တွားမယ်..ခိခိ 😀

    Reply

  • မှတ်တမ်း တင် တယ်ဗျာ

    ပ ထ မ ဆုံးပိုစ် ရေး ပြီး တစ်ခါ ထဲ ဝင် တစ် ခါ ထဲ ထွက် လိုက် တာ မိုက်စ်

    Reply

  • Crystalline

    June 27, 2014 at 2:41 pm

    ခုလို လက်မတင်လေး တွေ့လိုက်ရတာ ဝမ်းသာပါတယ်ရှင့်.. :kwi:

    Reply

  • ကို ငြိမ်းမောင်

    June 27, 2014 at 2:55 pm

    စော ဖော ရှော တစ်ယောက် မွေးမွေးချင်း မသာပေါ်လို့ ရွာထဲသတင်းထွက်တာနဲ့ အဲဒီ သက်ဆိုးမရှည်တဲ့ ကောင်ကိုလာကြည့်တာပါ။

    Reply

  • Saw Faw Shaw

    June 27, 2014 at 3:09 pm

    ဝေ့ငြိမ်းမောင်ဆိုတဲ့ ကောင်ရေ့။
    အသားလွတ်ကြီး လူမိုက်ဝင်လုပ်တာလားဝေ့။
    လူဆိုတာ မသာပေါ်တဲ့ အမျိုးကြီးပဲဝေ့။
    မင်းလည်း မသာပေါ်မယ့် အမျိုးပဲဝေ့။
    လမ်းလျှောက်ရင်လည်း သတိလေးနဲ့ လျှောက်ပါဝေ့။
    မင်းတို့လို အကုသိုလ်ကောင်တွေ အပေါ် ဓါတ်ကြိုးပြတ်ကျတတ်တယ်ဝေ့။
    ငါက ကရင်လူမျိုးမို့ ဒဲ့ပဲ ပြောတတ်တယ်ဝေ့။

    Reply

  • တွေ့ မရှောင်

    June 27, 2014 at 4:15 pm

    သို့
    စောဖေါရှော
    ရည်ရွယ်ချက်ခြင်းတူမည်ထင်သည်
    လိုအပ်ပါက ပြန်လာပါ

    Reply

  • TNA

    June 27, 2014 at 5:23 pm

    ကရင်ကြီးရယ် ရွာထဲနေပြီးအမြင်မတော်တာလေးတွေဖယ်ပေးပါအုံး ထွက်မသွားနဲ့အုံးလေ့။ ကရင်သွေးရဲဆို လူမိုက်လေးတော့လုပ်သွားပါအုံး

    Reply

  • captainamerica

    June 27, 2014 at 6:05 pm

    ဒီလူ မနေ.တစ်နေ.ကမှ ရောက်လာပီး လာနောက်နေပြန်ပါဘီ ဒီလူ ဗျူ ိ. ကပု အောင်ကြူ း ရွာလူမိုက် အီးဒုံးတို. မြန်မြန်လာဂျဘာ

    Reply

  • kotun winlatt

    June 27, 2014 at 11:40 pm

    အမ်….ဘီလိုဂျီးးးဒုန်းးး ခုမှ ဝင်လာတယ်… ခုမှ ပြန်ထွက်သွားမယ်ဆိုတော့…

    Reply

  • စုန်းမ

    June 28, 2014 at 3:13 am

    သွားစမ်းပါ ….
    မာယာတွေရိုးနေပြီကွာ ….
    (ခွက်ဒစ် – ချစ်ကောင်း)
    :-))))

    Reply

  • Ma Ma

    June 28, 2014 at 6:47 am

    စောဖောရှောရေ-
    အထက်တန်းကျောင်းမှာ ဓာတုဗေဒသင်တဲ့အခါ ideal gas ဆိုတာ သိမယ်ထင်ပါရဲ့။
    အမှန်တော့ အဲဒီ ideal gas ဟာ အပြင်မှာ မရှိဘူး။
    အဲလိုပဲ အလုံးစုံကောင်းမွန်ပြီး အပြစ်ကင်းတဲ့နေရာ တွေ့ထားရင် ကျမတို့လည်း လိုက်ချင်လို့ အသိပေးပါအုံး။ :buu:

    Reply

Leave a Reply

Your email address will not be published.