ကြိုးစားခြင်း အဓိပ္ပါယ်

သုရွင္June 25, 20141min02
ကြိုးစားခြင်းအဓိပ္ပါယ်ကောင်းကျိုးကို မခံစားလိုက်ရပေမယ့်
တစ်ချို ့က အသေခံကြိုးစားခဲ့ကြ။

တစ်ချို ့ရဲ့ ကြိုးစားမှုမှာ
သမိုင်းစာမျက်နှာတွေပဲ အရာထင်ခဲ့ရတယ်။

တိုက်ချွတ်ဆေးကြောနေစရာမလိုပါဘူး။
အချိန်တွေ ကြာလေ ကြာလေ။
သူတို့အတွက် ဆုတံဆိတ်တွက
ပြောင်ပြီးသား လတ်ပြီးသား။

လူ့ပါးစပ်ဖျားမှာ
သူတို့ရဲ့ နာမည်က
နှိုင်းယှဉ် စံထား
အတုယူပြီးရင်း ယူနေရဦးမှာ။

နည်းနည်း ကြိုးစားပြီး
များများ ခံစားချင်နေတဲ့ လူ ့အန ္တတွေ
ပေါများလွန်းနေသ၍လေ။

သုရှင်(၂၅-၆-၁၄)

2 comments

  • kyeemite

    June 25, 2014 at 4:17 pm

    ဆရာအောင်သင်း စကားတစ်ခုသတိရသွားတယ်…
    ဟိုးတုန်းက လူတွေ မစားပဲ စွန့် သွားခဲ့ကြလို့
    ခုလူတွေ မစွန့်ပဲစားနေကြရတာတဲ့….. 🙁

    Reply

  • alinsett (gazette)

    June 25, 2014 at 4:26 pm

    ကဗျာလေးပါ
    ကောင်းသောကဗျာလေးပါ

    Reply

Leave a Reply

Your email address will not be published.