အေးနေဝင်း နဲ့ သန္တာလှိုင် က သူငယ်ချင်းလေးပါပဲ တဲ့…….
ဒေါ်ရင်ဝိုင်း မူကြိုကတည်းက အတူတူတက်ခဲ့ကြတဲ့ အလယ်က သူငယ်ချင်းသုံးယောက် သင်္ကြန်တွင်းတုန်းက ညတိုင်းဘုရားအတူတူ ဖူးခဲ့ကြတယ်။ ဘာအဓိဠ်ာန်မှမရှိပေမယ့်လည်း လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ကိစတစ်ခုအောင်မြင်သွားခဲ့လို့ ကိုယ့်ကိုယ်ကို ကျေနပ်ခဲ့ရတယ်ဆိုတာ share လုပ်သင့်တယ်ထင်လို့ ဖော်ပြလိုက်ပါတယ်။
အမရဲ့အဖေထောင်ကျနေတုန်းက 98 99 မှာ Red Cross မရှိသေးတော့ ဒီသူငယ်ချင်း ၂ယောက်ပဲ အတူတူတိတ်တခိုး လှုပ်ရှားခဲ့ကြတယ်လေ…. နောက်ပိုင်း NGO Red Cross ရောက်လာမှ RC ကနေတဆင့် ထောင်ထဲကနေ အပြင်ကိုတရားဝင် စာလေးရေးလို့ရတာ။ ၄နှစ်အရွယ်ကနေ အခုချိန်အထိ ဘာလုပ်လုပ် အတူတူပဲ။ ရည်းစားတွေပြောင်း အိမ်ထောင်တွေကျ ခလေးတွေသာ မွေးရင်မွေးသွားမယ်…. ဒီ ၂ယောက်ရဲ့ friendship ကတော့ အခုထိမပြောင်းလဲသေးပါဘူး။
တနင်္လာနေ့က သူ့ဖေ့စ်ဘုတ်ထဲ တင်လိုက်တဲ့ ပါတီပွဲဓာတ်ပုံအများအပြားထဲမှာလည်း သူ့သူငယ်ချင်းကိုအေးနေဝင်းကို တွေ့ခဲ့ရပါတယ်။ သူ့သူငယ်ချင်းတွေက ကိုအေးနေဝင်းက မကြာသေးခင်က အင်းစိန်ထောင်က ပြန်လွတ်လာသူ ဖြစ်ပါတယ်။ သူတို့ သူငယ်ချင်းတွေ ဖြစ်တယ် ဆိုတာကို မီဒီယာမှာ မတွေ့ခဲ့ရပါဘူး။
မော်ဒယ် သန္တာလှိုင်ရဲ့အိမ်မှာ ဒီလဆန်းပိုင်း အိမ်တက်လုပ်တယ်၊ ပရိတ်ရွတ်တယ်လို့ မကြာသေးခင်က ဖော်ပြခဲ့ပါသေးတယ်။ သမီးနဲ့ သားကို ဗုဒ္ဓဘာသာ သင်တန်းတက်ဖို့ စီစဉ်ပြီးပြီ လို့လည်း မှတ်ချက် ရေးထားပါတယ်။ သူကိုယ်တိုင်လည်း “မွေးကတည်းကနေ အခုချိန်အထိ ဗုဒဘာသာဘဲ ကျင်ကြံ ကိုးကွယ်တာပါ“ လို့ သန္တာလှိုင်က မှတ်ချက်ရေးထားပါတယ်။




3 comments
koyinmaung
June 25, 2014 at 7:19 pm
တို့ကျတော့လဲ တုန်းချက်က အကောင်ပြတာတောင်အရိပ်လောက်ဘဲမြင်တာပါ….လေ….
alinsett (gazette)
June 26, 2014 at 7:49 am
သတင်းတွေတော့ သာမန်ကာလျှံကာပဲ ဖတ်သွားပါတယ်
ပုံတွေကိုတော့ သေသေချာချာကျိသွားပါတယ်
အဟိ
kyeemite
June 26, 2014 at 10:40 am
♪♫ ♪♫ငယ်…သူငယ်ချင်းရေ…ခုတော့ငယ်ကျွမ်းဆွေ…♪♫ ♪♫ 😀