ဝေဖန်ရေးကို ကြိုဆိုတဲ့ ချောရတနာ

DaveMarch 6, 20101min05

ဇာတ်ရုပ်အမျိုးအစား မရွေး သရုပ်ဆောင်နိုင်စွမ်းရှိပြီး ဇာတ်ကားရိုက်ကူးမှုများ စိပ်လာတဲ့ ချောရတနာကို ပရိသတ်များ အသိအမှတ် ပြုလာခဲ့ပြီဖြစ်ပါတယ်။ ချောရတနာဟာ မော်ဒယ်၊ ဗီစီဒီ၊ အစီအစဉ် တင်ဆက်သူ စတဲ့ လှေကားထစ်များကို အဆင့်ဆင့်တက်လှမ်းရင်း ပရိသတ် ရင်တွင်းသို့ ခိုဝင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

မော်ဒယ်ဘဝနဲ့ အနုပညာ အလုပ်ကို အစပျိုး ခဲ့တာဆိုတော့ ဝါသနာအရလား၊ ဒါမှမဟုတ် သရုပ် ဆောင်ဖြစ်ဖို့ ရည်ရွယ်ချက်နဲ့လား။

သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်စိတ်နဲ့ မော်ဒယ် ဘဝကိုအစပျိုးတာပါ။ မော်ဒယ်ဘဝ နဲ့စပြီးဒီလောကထဲ ဝင်ရောက်ခဲ့တာလေ။ပရိသတ်နဲ့အထိအတွေ့ များလာ ပြီး ကြောက်စိတ်လဲ ပျောက်တာပေါ့နော်။

သရုပ်ဆောင်နဲ့ပတ်သက်ပြီးတော့သင်တန်းတွေ ဘာတွေတက်ခဲ့သေးလား။

မတက်ခဲ့ပါဘူး။ဒီလောကထဲစဝင်တုန်းကသင်တန်း တွေ ဘာတွေ တက်ခဲ့ရတာမျိုးမဟုတ်ပါဘူး။ မတက်ခဲ့ ဘူးဆိုတာ အဲဒီအချိန်တုန်းက သင်တန်းလည်း မရှိခဲ့ဘူး။ ဝါသနာအရဝင်လာတာ။ ရိုက်ရင်းနဲ့ အတွေ့ အကြုံတွေ ယူရတာပေါ့။ နောက်ပိုင်းအတွေ့အကြုံရလာပြီး အလုပ်က သင်သွားတာပေါ့နော်။

တလောက ဩစတြေးလျမှာ ဘာတွေဖျော်ဖြေ ဖြစ်ခဲ့လဲ။

သီချင်းဆိုတာရော၊ ပြဇာတ်ကတာရော၊ အငြိမ့် ကတာရော အကုန်လုပ်ခဲ့ရပါတယ်။ မြန်မာပရိသတ်တွေ အရမ်းအားပေးကြပါတယ်။

ချောက ဗီလိန်ဇာတ်ရုပ်တွေလည်းလုပ်တာကို တွေ့ရ တယ်။

ဟုတ်ပါတယ်။ ချောက ဗီလိန်ဇာတ်ရုပ်တွေလည်း ရိုက်ပါတယ်။ ချစ်ပန်းဝါဝါ ဆိုတဲ့ကားမှာ ဗီလိန်လုပ်တာ မမုန်းဘဲ ကြိုက်ကြတယ်လို့ ပြောကြတယ်။ ချောက ဇာတ်ကောင်စရိုက်ကို အဓိကထားပြီး မရွေးချယ်ပါဘူး။ ကိုယ်ရိုက်လိုက်တဲ့ဇာတ်လမ်းလေးဟာ ပရိသတ် ကို တစ်ခုခုပေးနိုင်တာမျိုးပဲ ရွေးချယ်ဖြစ်တယ်။ဇာတ် ကောင် စရိုက်ကျတော့ ပရိသတ် အကြိုက် နဲ့ မျှအောင် အားထုတ်ဖို့လိုမှာပေါ့။
ကိုယ်ကြိုက်တာချည်းပဲလည်း မလုပ်ပါဘူး။ ကိုယ်တိုင် ကာရိုက်တာမရွေး လုပ်ချင်ပေမယ့် ပိုကြိုက်တာက ဒရမ်မာဇာတ်၊ မိသားစုဝင်ဇာတ်ပေါ့နော်။ ဒါပေမယ့် ပရိသတ်ကြိုက်တာကို လုပ်ပေးချင်ပါတယ်။

သရုပ်ဆောင်တဲ့အခါ ကိုယ့်ရဲ့အလှအပကို အသားပေးတာ၊ ဦးစားပေးတာကြောင့် ဇာတ်ရုပ်နဲ့ နည်းနည်းလွဲချော်တာမျိုး ရှိတတ်ကြတယ်။ ချော အနေနဲ့ရော။

ချောတို့က သူ့ဇာတ်ကွက် ကာရိုက်တာနဲ့ လိုက်အောင် ပြင်ရတာမျိုးတွေရှိတယ်။ လှလှပပလေး လုပ်ရ မယ့်နေရာကျတော့ တစ်မျိုးရှိသလို ဆင်းရဲတဲ့အခါမျိုး ကျတော့ အလှအပကို ဦးစားပေးလို့ မရပြန်ဘူး။

ကိုယ့်ရဲ့အလှအပအတွက် ထိန်းသိမ်းမှုက

ခန္ဓာကိုယ်အချိုးအစား သိပ်မဝအောင်လို့ ထိန်း တာမျိုးတော့ရှိတယ်။Body ကို အရင်တုန်းက ကစား ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ အစားအသောက်နဲ့ပဲ ထိန်းတော့တယ်။ နဂိုကတည်းကလည်း အဆီအနှစ် တွေ သိပ်မကြိုက်ဘူး။

သီချင်းတွေရော ဆိုဖြစ်သေးလား။

နယ်ရှိုးတွေမှာတော့ ဆိုဖြစ်တယ်။ သီချင်းဆို တာ ဝါသနာပါတယ်။အခွေထုတ်ဖို့အထိတော့ မရည်ရွယ်ပါဘူး။ ကိုယ်ကသရုပ်ဆောင်မှုကိုပဲ အား သန်တော့ ဂီတနဲ့ပတ်သက်ပြီး ဘာမှသိပ်မလုပ် ဖြစ်ပါဘူး။

နောက်ဆုံးအနေနဲ့ ချောရဲ့ပရိသတ်ကို ပြောချင်တဲ့စကားက။

ကိုယ်လုပ်ချင်တဲ့ ဒီအနုပညာသရုပ်ဆောင် တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နိုင်တာဟာလည်း ပရိသတ်ရဲ့ လက်ခံအားပေးမှုကြောင့် ပါပဲ။ အဲဒီအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။ ချောရှေ့ဆက်ပြီးသရုပ်ဆောင်ကောင်းတစ် ယောက် ဖြစ်အောင် ကြိုးစားနေပါတယ်။ ဝေဖန်မှုကို ကောင်း တာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ကြိုဆိုနေပါတယ်။ အရင်တုန်းကပြောခဲ့တဲ့အတိုင်း အားမနာတမ်း ဝေဖန်ပေးပါလို့။

5 comments

  • စိုင်းနန္ဒ

    April 11, 2010 at 6:48 am

    ချောဘာတွေလုပ်နေလဲ
    ပြောပြလေ
    သင်္ကြန်မှာဘယ်သွားမှာလဲ
    အချစ်ရေးရောစဉ်းစားနေပြီလား
    ဘယ်လိုမျိုးကိုသဘောကြတာလဲ

    Reply

  • Mr.funny

    April 15, 2010 at 7:39 am

    အော်စီကိုလာတုန်းက စပွန်ဆာကြီးနဲ့ ချောရတနာတို့များ နာမည်ကိုကြီးလို့ ..
    အော်စီပိုက်ဆံ ၃ သောင်းအပြည့်ထည့်လာတဲ့ လူကြီးကလည်း ပါလိုက်သေးတယ် . အဟ
    အင်း .. အဖြစ်မှန်တွေကိုပြောနေမှတော့လည်း ဝေဖန်တာကိုကြိုဆိုပါတယ်လို့ ပြောရတော့မှာပေါ့
    ဒါမဆန်းပါဘူး ..

    Reply

  • မိုးပြာရောင်

    May 3, 2010 at 2:09 pm

    ချောရဲ့အဝတ်စားလေးကိုကြိုက်တယ်မြန်မာ့ယဉ်ကျေးမှုလေ

    Reply

  • Mc_Cristy

    August 17, 2010 at 8:52 am

    1) chaw ya ta nar is not beautiful
    2) she is za yar !!

    Reply

  • sususan

    August 17, 2010 at 10:25 am

    သူအိမ်တောင်ပြောင်းလိုက်ပြီအရင်နေရာမှာမဟုတ်တော့ဘူးဆိုပဲ..

    Reply

Leave a Reply to Mc_Cristy Cancel Reply

Your email address will not be published.