ရွှေအကြောင်းသိကောင်းစရာ 19,20

Zaw AungJune 14, 20141min06

ရွှေအကြောင်းသိကောင်းစရာ(၁၉)

လေပတ်ကားဆိုတာလဲ ရွှေလောကမှာတစ်ချိန်က တော်တော်ခေတ်စားခဲ့တဲ့ စကားလုံးပါပဲ ပတ်ကားရိုက်တယ်ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတာဖြစ်နိုင်ပါတယ်

ဥပမာ- ရွှေတစ်ပိဿာ နောက်တစ်ပတ်နေရောက်မယ်
ခုနှစ်သိန်းနဲ့ရောင်းပေးမယ် ဝယ်မလား ဝယ်မယ်ဆိုရင်
ပတ်ကားရိုက်လိုက်တယ်လို့ပြောကြတယ်

အဲဒီနေ့မှာ
ခြောက်သိန်းဈေးဖြစ်ဖြစ် ရှစ်သိန်းဈေးဖြစ်ဖြစ် ခုနှစ်သိန်း
နဲ့ပဲအရောင်းအဝယ်လုပ်ရတယ်

လေပတ်ကားဆိုတာက
တော့ ရောက်မယ့်ပစ္စည်း ချေဖို့ငွေမရှိဘဲနဲ့ အရောင်းအဝယ်လုပ်ထားကြပြီး အဲဒီနေ့ပေါက်ဈေးနဲ့
အရှုံးအမြတ်ရှင်းကြတာကိုခေါ်တာပါ

ရွှေအကြောင်းသိကောင်းစရာ(၂၀)

‘လမ်းကြောင်း’ ဆိုတာကတော့ ခုလောလောဆယ် ရွှေဈေးကွက်မှာ အသုံးတွင်ကျယ်နေတဲ့စကားတစ်ခုပါ ရွှေရောင်းမယ်ဆိုရင် လမ်းကြောင်းရောင်းမှာလား ရေမြန်ရောင်းမှာလားလို့ ပြန်မေးလိမ့်မယ်

လမ်းကြောင်းဆိုတာကအမှတ်(၈)မှာပြောထားသလို ဈေးတက်ရင်ပြန်ရောင်းမယ်စိတ်ကူးနဲ့ စာရင်းမှတ်ပြီးဝယ်မယ့်လူကိုပြောတာ သူ့ကိုရောင်းထားလို့ကတော့ ရော့ရွှေ ပေးငွေဆိုပြီး သွားပြောလို့မရဘူး

စောင့်ပေတော့ ညနေငါးနာရီအထိ အဲဒီအချိန်ရောက်မှနောက်ဆုံး ပစ္စည်းသိမ်းပြီး ငွေထုတ်ပေးတဲ့ ဝယ်သူလက်ထဲကို ကိုယ့်ပစ္စည်းအပ်ပြီးငွေထုတ်ယူရတယ်

6 comments

  • မီ မီ

    June 15, 2014 at 12:54 pm

    မဝယ်နိုင်ပါဘူး
    ဗဟုသုတအဖြစ်မှတ်သားရပါတယ်ရှင့်
    ကျေးဇူးတင်ပါတယ်

    Reply

  • ဦးကြောင်ကြီး

    June 15, 2014 at 1:04 pm

    ဇောင်အောင်
    ဖော်ကောင်
    မျှော်ယောင်
    စော်တောင်
    ချော်ပြောင်
    ညှော်လောင်
    တော်မောင်
    ပျော်နောင်..

    Reply

  • Ma Ma

    June 15, 2014 at 8:22 pm

    ရွှေအရောင်းအဝယ်အကြောင်း ဗဟုသုတတွေကို လိုင်းပေါ်ကလူက ပြောလို့သာ ဒီလိုသိရတာ။ 🙂

    Reply

  • alinsett (gazette)

    June 15, 2014 at 9:31 pm

    ဗဟုသုတ တကယ်ရလို ့..စောင့်ဖတ်နေပါတယ်နော့

    🙂

    Reply

  • kyeemite

    June 16, 2014 at 2:21 pm

    ကောင်းပါလေ့ဗျာ..တချို့ အသုံးအနှုံးတွေ ကြားတောင်မကြားဖူးပါဘူး..သင့်ခရုပါ

    Reply

  • ခင် ခ

    August 6, 2014 at 11:50 pm

    ပက်ကား တို့ လမ်းကြောင်း တို့ ခုမှသိတာဗျ

    Reply

Leave a Reply

Your email address will not be published.