ဘယ်သူ့မှ မပြောရဘူးနော်

moonpoemJune 11, 20141min015

ပြောရမယ်ဆိုရင်ဖြင့် ပေါ့ဗျာ။ရန်ကုန်မှာ ကားကြပ်ခြင်းတွေကို အမြန်ဆုံး အဆင်ပြေအောင် လုပ်နိုင်တဲ့ နည်းလမ်းက မရှိဘူး မဟုတ်ဘူးနော် ရှိတယ် ခင်ဗျ။ကျွန်တော် မပြောတာ ကျွန်တော့်အကြောင်းနဲ ့ကျွန်တော်ရှိတယ်။ ဘယ်သူမှတော့ မသိစေနဲ ့ခင်ဗျားကို ကျွန်တော် ပြောပြမယ် နားထောင်နော်။ ပြီးရင် ဘယ်သူ ့မှ ပြန်မပြောရဘူးနော်။

ကျွန်တော်တွေးမိတယ်ဗျ။ ရန်ကုန်မြို ့တော်တွင်း ဆိုင်ကယ်မဝင်ရ ဆိုင်ကယ်မစီးရဆိုပြီး သတ်မှတ်မယ့်အစားရန်ကုန်မြို ့တော်တွင်း ကားမဝင်ရ ကားမစီးရဆိုပြီး သတ်မှတ်လိုက်ရင် ကားကြပ်ခြင်းတွေဟာ အချိန်တိုအတွင်းမှာပဲ ပျောက်ကွယ်သွားမယ်ဆိုတာ ကျွန်တော်သိနေတယ်ဗျ။

ပြည်သူတွေက ဆိုင်ကယ်စီးရင်စီး၊ မစီးချင် စက်ဘီးစီးပြီး အလုပ်သွားလေဗျာ။အားလုံးအေးဆေးပဲ။မိသားစုလိုက်သွားချင်လာချင်ရင် ဆိုက်ကားစီးသွား။တောကဆွေမျိုးတွေ လာရင် မြင်းလှည်းစီး နွားလှည်းစီး။

နိုင်ငံခြားသားတွေကိုလည်း လေယာဉ်ကွင်းကနေ မြင်းလေးတစ်ကောင်ဆွဲပြီး သွားကြို။အုပ်စုများရင် မြင်း၄ကောင်ဆွဲတဲ့ မြင်းရထားကြီးနဲ ့ကြို။ဒါဆို ကားပါမစ်တွေ ဈေးကျပြီး နယ်တွေဘက်မှာပဲ အစီးများမှာ။နယ်က မြင်းအကောင်တစ်ရာနဲ ့ရန်ကုန်ကားတစ်စီးလဲတဲ့ ဈေးကွက် ဖြစ်နိုင်တယ်။

ကားဆားဗစ်စင်တာတွေနေရာမှာ မြင်းဆားဗစ်စင်တာ ဖြစ်လာမယ်။ကားဝပ်ရှော့တွေ နေရာမှာ မြင်းဝပ်ရှော ့တွေ နွားဝပ်ရှော ့တွေ ဖြစ်လာမယ်။ ကားအပိုပစ္စည်းတွေအစား မြင်းကုန်းနှီးတို ့ဇက်ကြိုးတို ့အရောင်းအဝယ်ဆိုင်တွေများလာမယ်။ကားအလှပြင် ပစ္စည်းဆိုင်တွေအစား မြင်းအလှဆင် တို ့နွားချိုအလှဆင်တာတဲ့ ဈေးကွက်
ကျယ်ပြန် ့လာမယ်။ အိုးး….ဘယ်လောက်ကောင်းလိုက်လဲဗျာ။မော်တော်ပီကယ်တောင် သိပ်လိုတော့မှာ မဟုတ်ဘူး။

အဲ အဲဒီအကြံ ရွာထဲမှာ ပျံ ့လို ့မဖြစ်ဘူး ပြီးတော့ လူကြီးတွေ သိလို ့မဖြစ်သေးဘူး။
ကျွန်တော်က အသည်းငယ်တယ် ကြောက်တတ်တယ်ဗျ။အခန် ့မသင့်လို ့ကျွန်တော့်ကို အကြံပေးခန် ့လိုက်ရင် ဒုက္ခရောက်နေမှာစိုးလို ့အဲဒါခင်ဗျား သွားမပြောနဲ ့နော်။

15 comments

  • ခင် ခ

    June 11, 2014 at 8:48 pm

    မြင်း taxi အုပ်စုဖွဲဆွဲဖို့ ဘာတွေလိုလည်း စနည်းနာလူစုအုံးမှဘဲ

    Reply

  • padonmar

    June 11, 2014 at 9:58 pm

    Mirror Follow Air Ginger.

    Reply

  • အရီးခင်

    June 12, 2014 at 12:09 am

    အဟုတ်လုပ်သင့်တာ။
    လေထုညစ်ညမ်းတာပါ ရှင်းရော။
    သူကြီးပြောပြောနေတဲ့ သန်းချီလုပ်ငန်းကြီး လဲ ဖြစ်ရော။
    တကယ်သာဖြစ်။ ဟိုတယ်တွေတောင်မလို နွားလှည်း၊ မြင်းလှည်း နောက်ဆွဲ တွေ ကို ဟိုတယ်လုပ်။
    လကဗျာ – ဒီအကြံကို မြန်မြန်လေး ကော်ပီရိုက်လိုက်ဟေ့။
    အရီးလဲ တစ်စ ပါမယ်နော်။ :-))

    Reply

  • Ma Ma

    June 12, 2014 at 8:19 am

    စာတစ်ပုဒ်ဖတ်ဖူးတယ်။
    အနာဂတ်ကို ကြိုတင်တွေးဆတဲ့သူတွေက
    ၁၆ ရာစု (ဥပမာ) မှာ မြင်းလှည်းကိုပဲ သွားလာရေးအတွက် အသုံးပြုနေရလို့…..
    ၁ရ ရာစု (ဥပမာ) ရောက်ရင် လမ်းတွေပေါ်မှာ မြင်းလှည်းတွေနဲ့ ပြည့်ကျပ်ပြီး မြင်းချေးတွေကလည်း အနှောင့်အယှက်ဖြစ်လောက်အောင် ဒုက္ခပေးလာလိမ့်မယ်လို့ ဟောကိန်းထုတ်တယ်တဲ့။

    တကယ့်တကယ်ကျတော့ ၁ရ ရာစု ရောက်တဲ့အခါ စက်တပ်ယာဉ်တွေက အစားထိုး ဝင်ရောက်လာပြီး မြင်းလှည်းတွေတောင် ပျောက်သွားတယ်။

    တခါတလေမှာ ကြိုတင်တွက်ဆ ဟောကိန်းထုတ်ထားတာတွေထက် ပိုပြီးအဆင်ပြေ ကောင်းမွန်တာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုလိုချင်တာပါ။

    ခုလည်း ကားတွေကြပ်လို့ ညည်းချက်ထုတ်နေကြရပေမယ့်…..
    နောင်မကြာခင်ကာလမှာ ကားတွေအစား ကိုယ်ပိုင်ရဟတ်ယာဉ်တွေနဲ့ ပိုပြီး အဆင်ပြေစွာ သွားလာနိုင်ကြမလား မသိနိုင်ဘူး။
    ဟန်းနီးမွန်းခရီးတောင် လကမာ္ဘ ဆိုတော့လေ ……….. 😀

    စာကြွင်း- ရွာထဲမှာရေးတာ ဥပမာ ကို အတော်သိတိထားပြီး ရေးရတယ်။ တစ်ချက်မှားသွားရင် မလွယ်ဘူးဆိုတော့။ :kwi:

    Reply

  • Paing Lay

    June 12, 2014 at 9:46 am

    ဘူ့ကိုမှကြောဝူးးးးးးးးးးးဖွဘုတ်ထဲမှာ ရှဲလိုက်တော့မယ် Idea လန်းလွန်းလို့ :mrgreen:

    Reply

  • Mr. MarGa

    June 12, 2014 at 10:25 am

    လူကြီးတွေ သိလို့ မဖြစ်ဘူး
    အင်း… ကိုယ်တွေက လူကြီးမဟုတ်သေးတော့ သိလို့ဖြစ်ပါသေးတယ်နော့ 🙂

    Reply

  • Novy

    June 12, 2014 at 10:48 am

    ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံသစ်ဆီသို နှစ်ကြာအောင် ( ခရက်တစ် ကိုခင်ခ)
    မွန်ပိုအမ် ရဲ့ ဘယ်သူ့မှ မပြောရဘူးနော် ထဲ့က မြင်းလှည်နွားလှည်းစီးရင် အေးအေးလူလူသွာကြရအောင်နော်

    Reply

  • alinsett (gazette)

    June 12, 2014 at 12:48 pm

    အဟိ

    :mrgreen:

    အလုပ်ကို မြင်းကြီးစီးပြီး တကယ်လာချင်တာ
    အလုပ်ပြန်လည်း မြင်းကြီး တစ်ကလုပ်တစ်ကလုပ်စီးပြီးပြန်

    🙂

    Reply

  • ကေဇီ

    June 12, 2014 at 6:56 pm

    ကောင်းတာပဲ။
    မြင်းညိုရှင်တို့ မြင်းဖြူရှင်တို့ထဲက ကြိုက်တာရွေးလို့ ရသေးတယ်။

    :mrgreen:

    Reply

  • black chaw

    June 13, 2014 at 8:42 am

    ဘယ်သူ့မှ မပြောရဘူးဆိုလို့
    တိတ်တိတ်ကလေး ပြန်ထွက်သွားပါတယ်…။
    :mrgreen:

    Reply

  • ရွှေတိုက်စိုး

    June 13, 2014 at 12:34 pm

    နယ်တွေကနေ မြင်းလှည်း၊နွားလှည်း အပိုပစ္စည်းတွေ ဝယ်စုထားအုံမှပဲ…ဒါမှမဟုတ် မြင်း၊နွား ချေးကျုံး ဝန်ဆောင်မှု ထောင်မယ်… ဟေ့ဟေ့ဟေ့….
    မြက်ခြောက်၊နွားစာ စင်းစက်တွေ ထုတ်မယ် ရောင်းမယ်… ဟေ့ဟေ့ ဘောစိဖြစ်မယ့်ကိန်း….

    Reply

  • lu lu

    June 14, 2014 at 9:04 pm

    ဒီအကျန် မဆိုးဘူး းးးး
    မြန်မြ်န အ ကောင် အထည် ဖော် ရမယ်
    ဘယ်သူ ့ကိုမှမ ပြောနဲ ့ဆိုတော့
    ဟို ဘုန်းကြီး ကို အရင် ပြောပြရမယ် နောက်မှ ဘဘုန်းက
    တဆင့် လူကြီးတွေ နားထဲ တိုးတိုးလေး ရောက် မှာ ဆိုတော့
    လကဗျာ ပူ နဲ ့တော့ ဘဘုန်းရှိဒယ် တဲ ့
    😀

    Reply

Leave a Reply

Your email address will not be published.