“သံယောဇဉ် အစစ်သမား”

“သံယောဇဉ် အစစ်သမား”

 

သံယောဇဉ် ဆို တာ မိုး တိမ်တွေလို နှောင်ဖွဲ့ နေ တတ် တယ်
သံယောဇဉ် ဆို တာ မိုး တိမ်တွေလို နှောင်ဖွဲ့ နေ တတ် တယ်

ချစ်ခင်နှစ်သက်

ငါကျင်လည်တဲ့အရပ်ကို

သံယောဇဉ်ဖြတ်

ဝေးရာအရပ်ကို

ခွဲထွက်ပြေးဘို့အရေး

ငါရဲရဲ တောင် မတွေးဖူးဘူး။

 

တွယ်တာနှောင်ရစ်

ငါသိပ်ချစ်တဲ့မင်းကို

သံယောဇဉ်ဖြတ်ဘို့အရေး

နည်းနည်းလေးမပြောနဲ့

ငါ ရဲ ရဲ တောင် မတွေးဖူးဘူး။

 

ရဲရဲ မတွေး ဆို

တကယ့်ကိုချစ်

သံယောဇဉ်

အစစ်သမားလေးမို့ပါ။

 

ကိုပေါက်လက်ဆောင် အတွေးစဉ်

9-6-2014

17 comments

  • kyeemite

    June 10, 2014 at 9:18 am

    ဟိုက်ရှားပါး..ကောင်းလှချည်လားဗျ
    ရင်ထဲက အနှစ်တွေပေါ့
    နုတယ်ဗျာ
    လူငယ်တွေအတုယူကြပါ 🙂

    Reply

  • black chaw

    June 10, 2014 at 9:30 am

    သံယောဇဉ် အစစ်သမားလေး တဲ့
    နုလိုက် နွဲ့လိုက်တာ…။
    ဖတ်သွားပြီဗျို့…။

    Reply

    • အဲ ဒါ ကို ချော ကြောင့်။

      အခု ရက် သီချင်း အ ကြောင်းတွေ ဘဲ ပြော နေ တော့

      ငယ်ငယ်က နား ထောင် ခဲ့ သီချင်း တွေ ပြန် နား ထောင် ရော

      အဲ တော့ လူ စိတ်က အ တိတ် ကို ပြန် ရောက် သွား ရော

      အဲ တော့ ကဗျာ တွေ ပြန် ရေး ဖြစ် ရော

      Reply

  • ကေဇီ

    June 10, 2014 at 10:58 am

    ချစ်ခင်နှစ်သက်

    ငါကျင်လည်တဲ့အရပ်ကို

    သံယောဇဉ်ဖြတ်

    ဝေးရာအရပ်ကို

    ခွဲထွက်ပြေးဘို့အရေး

    ငါရဲရဲ တောင် မတွေးဖူးဘူး။

    တွယ်တာနှောင်ရစ်

    ငါသိပ်ချစ်တဲ့မင်းကို

    သံယောဇဉ်ဖြတ်ဘို့အရေး

    နည်းနည်းလေးမပြောနဲ့

    ငါ ရဲ ရဲ တောင် မတွေးဖူးဘူး။

    ရဲရဲ မတွေး ဆို

    တကယ့်ကိုချစ်

    သံယောဇဉ်

    အစစ်သမားလေးမို့ပါ။

    😥

    😥

    :byee:

    Reply

    • မင်း ငို ဇမ်း းးးးးးးးးးးးးး
      ငိုဇမ်းးးးးးးးးးးးးးးးးးးးးး
      အချစ်လေး ရေ

      (ကေဇီ ရေ ရောခ်ကား ကြီး ညီ ထွတ်လေသံ ဖြင့် အစွမ်း ကုန် အော်၍ ဆို ပါ)

      Reply

  • surmi

    June 10, 2014 at 12:07 pm

    သံယောဇဉ်ဆိုတာက
    တခါက ရှိခဲ့ဖူးပါတယ်
    အရက်ကိုရေရောသောက်တဲ့အကျင့်စပြီးကတည်းက
    သံယောဇဉ်တွေကိုလည်း ရေရောမိပြန်ရော
    အော် …… ဘာတွေပြောနေမိပါလိမ့်
    ဂျင် အရက်ထဲ သံပရာသီးညှစ်ဦးမှပါလေ
    ဒါမှ သံယောဇဉ် ချဉ်ချဉ်လေးတကျိုက်
    အသဲခိုက်အောင်မော့ပြီး
    လေဟုန်စီးပြီး အတိတ်ကိုပြန်
    မနက်ဖြန်တွေမေ့လိုက်တော့မယ် .…။

    Reply

  • က ဆာ မနက် ဖြန် တွေ မေ့ လို ့ မဖြစ်။

    တကယ့် မေ့ ရမှာ အတိတ်ကို မေ့ ပစ်ရမှာ။

    Reply

  • ခင် ခ

    June 10, 2014 at 12:30 pm

    အ လဲ့ တယ် ဆို တဲ့ က ဗျာ ပါ လား

    Reply

  • alinsett (gazette)

    June 10, 2014 at 1:45 pm

    သံယောဇဉ်…သံယောဇဉ်…လူကို အရူးတပိုင်းဖြစ်စေတယ်….

    လေးဖြူဆ်ိုတာလေးကိုလည်း..သတိရသွားလို ့..

    :mrgreen:

    သံယောဇဉ်ဟာ..တကယ် ဖြတ်ဖို ့ ခက်ခဲလှပါတယ်..လေးပေါက်ရယ်…

    Reply

    • အလင်းဆက် ရေ

      ဒီဖြတ်ဘို့ ခက် တဲ့ သံ ယောဇဉ် အကြောင်း ကို သီချင်း လုပ် ဆို ကြ တဲ့ အထဲမ ှာ

      အဆို တော် ကြီး ဒေါ်မာ မာ အေး ရဲ့ သံ ယောဇဉ် ကလ ဲ ဟတ်ထိ တာဘဲ။

      ခေတ်ပေါ်အဆိုတော့ လေးဖြူ ရဲ့ သံ ယောဇဉ် က လဲ ဟတ်ထိ တာဘဲ။

      အချို့ကလဲ သံ ယောဇဉ် ဆို တာ ပူ သ တဲ့။
      အချို့ ကေ တာ့ အေးမြ သတဲ့ ။

      ဘယ်သူ မှန် တယ် ဘယ်သူ မှား တယ် မဆို ချင် ပေ မယ့်

      သံ ယောဇဉ် ဖြတ် ဘို့ ခက် ပါတယ် ဆို တဲ့ သီချင်းလေးက တော့ ရင် မှာ လာ လာ ညိ နေ တာ အမှန် ပါ ဘဲ။

      Reply

  • Ma Ma

    June 10, 2014 at 6:56 pm

    ပုံကလည်း ကြွ……
    စာကလည်း လှ…..
    အဲဒါကြောင့်လည်း မဒမ်ပေါက် ကြွေတာဖြစ်မယ်။ :mrgreen:

    Reply

  • ဟုတ်ပါ့ မ လား မောင် ကာ ဠု ရေ

    ဒီထက်တောင် ပို သေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    Reply

  • Mr. MarGa

    June 16, 2014 at 7:36 pm

    ကဗျာက
    ဆယ်ကျော်သက်ကလေး ကျနေတာပဲ….
    ကြွ တက်နေတာ.. 😀

    Reply

Leave a Reply

Your email address will not be published.