မျိုးစန္ဒီကျော်က မိဘကို အမှုပြန်ဖွင့်ဆိုပဲ…..

JuemyitAugust 11, 20101min04

သရုပ်ဆောင်
မျိုးစန္ဒီကျော်သည် မိဘအိမ်တွင် ပစ္စည်း ပျောက်ဆုံးမှုဖြင့် သင်္ဃန်းကျွန်း
ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ထားကြောင်း ၎င်း၏ မိခင် ဒေါ်သူဇာက ပြောသည်။

“ဒီလ ၃ ရက်နေ့က သင်္ဃန်းကျွန်းရဲစခန်းမှာ အန်တီက သူ့ပစ္စည်းတွေ
ခိုးပါတယ်ဆိုပြီး တိုင်ထားတယ်။ ရဲစခန်းက ပုဒ်မ ၃၈ဝ နဲ့ အမှု လက်ခံထားတယ်လို့
အန်တီတို့သိရတယ်” ဟု ဒေါ်သူဇာက ဧရာဝတီသို့ ပြောသည်။

ထိုအမှုနှင့် စပ်လျဉ်း၍ သင်္ဃန်းကျွန်း ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အသေးစိတ် မပြောနိုင်ကြောင်း တာဝန်ကျ ရဲအရာရှိ တဦးက ပြန်ကြားသည်။

မျိုးစန္ဒီကျော်ကမူ “သင်္ဃန်းကျွန်း ရဲစခန်းကို တင်ပြထားတာတော့ ဟုတ်ပါတယ်။
အမှုဖွင့်တာတော့ မဟုတ်ပါဘူး။ ပစ္စည်း ပျောက်တာက အိမ်မှာပဲ၊ လွန်ခဲ့တဲ့ ၂
လကျော်လောက်က
ပျောက်တာ။ အားလုံးလည်း သိကြပါတယ်။ မိဘတွေက ကျမကို အမွေပြတ်ဆိုပြီး
စွန့်လွှတ်ထားပါတယ်။ ကျမဘက်က မိဘတွေ စွန့်လွှတ်ရ လောက်အောင် ဘာတခုမှ
မလုပ်ခဲ့ဖူးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မျိုးစန္ဒီကျော် ပျောက်ဆုံးနေသည့် ပစ္စည်းများမှာ လက်ဝတ်လက်စားများ ဖြစ်ပြီး
အဆိုပါ ပစ္စည်းများ ပြန်လည်ရရှိနိုင်ရန် ရဲစခန်းမှ တဆင့်
ညှိနှိုင်းစေခြင်းသာဖြစ်ကြောင်း သူက ဆိုသည်။

မိဘများက ဩဂုတ် ၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် မျိုးစန္ဒီကျော်အား
သမီးအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာခဲ့သည်။

ထိုကြေညာချက် ထွက်ပေါ်လာပြီးနောက် မျိုးစန္ဒီကျော်က ပေါ်ပြူလာဂျာနယ်နှင့်
အင်တာဗျူးတခုတွင် သူမအနေဖြင့် မိဘများအား ကိုယ်စိတ် ဆင်းရဲခြင်း ဖြစ်စေရန်
ပြုမှုခဲ့ခြင်းမရှိကြောင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့် ပတ်သက်၍လည်း
မဟုတ်မမှန် ပြောဆို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ဖြေကြားထားသည်။

မျိုးစန္ဒီကျော်သည် မိဘများအား အသိမပေးဘဲ ဖြိုးကျော်ကျော်မြတ်ဆိုသည့် Crab
အဖွဲ့ဝင် အဆိုတော်တဦးနှင့် ဧပြီလ ရ ရက် နေ့က နှစ်ဦးသဘောတူ မင်္ဂလာ
လက်မှတ်ရေးထိုးခဲ့ပြီး လွန်ခဲ့သည့် ၂ လကျော်က အတူပေါင်းသင်း နေထိုင်ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သူဇာက ပြောသည်။

“သူက မိဘတွေကို အသိမပေးဘဲနဲ့ ကောင်လေးအိမ်မှာ တရားသူကြီးခေါ်ပြီး
လက်မှတ်ထိုးထားတယ်။ ပြီးခဲ့တဲ့ ၂ လလောက်က စပြီး ကောင်လေးရဲ့ မိသားစုနဲ့ သူ
အတူတူသွားနေတယ်။
နေပြီးတဲ့နောက် အခုလို ရဲစခန်းမှာ သူ့ လက်ဝတ်လက်စားတွေ ပျောက်တယ် ဆိုပြီး အန်တီတို့ကို အမှုဖွင့်တာပဲ။ သူလုပ်ချင်သလို လုပ်ပါစေ၊
အန်တီက အမေပဲ။ သူ့ကို
ဘာမှ ပြန်မလုပ်ပါဘူး။ သူလုပ်သမျှ အန်တီခံမှာပါ” ဟု မိခင်ဖြစ်သူက ဆိုသည်။

ယခုလ ၆ ရက်နေ့ထုတ် Hot News ဂျာနယ် အင်တာဗျူးတွင် မျိုးစန္ဒီကျော်က ၎င်း၏
အချစ်ရေးမှာ အေးဆေး ပင်ဖြစ်ကြောင်း၊ ၎င်း၏ အချစ်ရေးနှင့် ပတ်သက်၍ ပရိသတ်ကို
လိမ်ညာခဲ့ခြင်း မရှိဘူးကြောင်း ပြောခဲ့သည်။

[ Forward mail လေးကတစ်ဆင့် မျှဝေဖော်ပြလိုက်ပါတယ် ]

4 comments

  • Pyaung Gye

    August 11, 2010 at 6:58 pm

    မကြာပါဘူး –
    သားသမီးနဲ့ မိဘ — မကြာမီ အဆင်ပြေသွားကြမှာပါ
    အားလုံး အဆင်ပြေကြပါစေ

    Reply

  • လင်းဝေကျော်

    August 12, 2010 at 5:06 am

    ေဩာ် …. ဒီတစ်ခါကျတော့ ခွေးထက်မိုက်တဲ့သမီး။
    မိဘကို ရဲစခန်းတိုင်ရတယ်လို့။
    နောက်ဆုံးယူထားလည်း ဘာဖြစ်တုန်း… မိဘပဲ ပေးလိုက်ပေါ့။
    ကိုယ့်ဖာသာ အိမ်တွင်းမှာ ညှိလိုက်ရင်ပြီးတာကိုများ အပျက်အပျက်နဲ့…

    Reply

  • cobra

    August 17, 2010 at 5:42 am

    ကြား ….ကြားဘူးပေါင် မိဖကိုများရဲတိုင်ရတယ်လို့….။sex လုပ်တော့လဲ လေးဘက်လေးထောက်ပီးလုပ်တယ်….အခုတော့တကယ်ခွေးဖြစ်နေပီ..။

    Reply

  • Yin Nyine Nway

    August 17, 2010 at 6:42 am

    အေးလေ
    ဒါတော့ သူလွန်တာပေါ့
    မိဘတွေကိုများ ရဲတိုင်ရတယ်လို့
    ဘယ်လိုလဲဟာ…

    Reply

Leave a Reply to လင်းဝေကျော် Cancel Reply

Your email address will not be published.