ရွှေအကြောင်းသိကောင်းစရာ 10,11

Zaw AungJune 6, 20141min03

ရွှေအကြောင်းသိကောင်းစရာ (၁၀)

အမှတ်(၇)မှာ အကယ်ဒမီနဲ့ဘသန်း တံဆိပ်ရွှေတုံးအကြောင်းပြောခဲ့တယ် အဲဒီရွှေတုံးတွေက
ရွှေချိန်အတိအကျမရှိဘူး ပုံမှန် (standard) တုံးတွေက
10 ကျပ်သားနဲ့ 10 ကျပ် 7 ရွေးကြားထဲမှာရှိတယ်

အဲဒီထက်လျော့သွား ပိုသွားရင် ရောင်းတဲ့အခါ တစ် ကျပ်သား ငါးရာ တစ်ထောင်လောက် ဈေးလျော့သွားတယ်

မြန်မာနိုင်ငံမှာ အစိုးရကထုတ်တဲ့ ရွှေ ဒင်္ဂါးပြားတွေရှိတယ်
တစ်မတ်သား ငါးမူးသား တစ်ကျပ်သားကနေ နှစ်ဆယ်သားအထိ ထုတ်တယ်

အစိုးရထုတ်ကတော့
စက်ကြီးတွေနဲ့လုပ်တာဖြစ်တဲ့အတွက် ရွှေချိန် အတိအကျထွက်တယ် ဒါပေမယ့် အစိုးရသတ်မှတ်တဲ့
တစ်ကျပ်သားအလေးချိန်နဲ့ ကုန်သည်တွေ အရောင်းအဝယ်လုပ်တဲ့ တစ်ကျပ်သားအလေးချိန်က မတူဘူးဖြစ်နေတယ်

အစိုးရကတစ်ကျပ်သားကို 16.328gram သတ်မှတ်ပြီးအပြင်မှာက 16.606 gram သတ်မှတ်တယ်

ဒီတော့အစိုးရထုတ် တစ်ကျပ်သား ဒင်္ဂါးကိုရွှေဈေးကွက်မှာ လာရောင်းရင် ရွှေဈေးကွက်က သမာဓိချိန်ခွင်မှာ
ချိန်ရင် ၁၅ ပဲ ၅.၅ ရွေးပဲရှိတယ်

ရွှေအကြောင်းသိကောင်းစရာ(၁၁)

နိုင်ငံခြားကထုတ်တဲ့ ရွှေဒင်္ဂါးပြားတွေ ရွှေတုံးတွေကတော့
အလေးချိန်တိကျတယ် ရွှေတုံးရွှေဒင်္ဂါးပေါ်မှာ အလေးချိန်ကို တစ်ခါတည်း ရိုက်ထားတယ်

တစ်ချို့က (gram)နဲ့ 5 gram, 10 gram ပေါ့

တစ်ချို့က အောင်စ(ounce)နဲ့ 1 ounce ပေါ့

တစ်ချို့က (kilo)နဲ့ 1 kilo ပေါ့
တစ်ချို့က တိုလာ(tolar) ချိန်နဲ့ဒီမှာ ပြန်ချိန်ကြည့်ရင်

10 gram = 9 ပဲ 5 ရွေး
1 kilo = 60 ကျပ် 3 ပဲ 4 ရွေး
1 ounce = 1 ကျပ် 14 ပဲ
10 tolar = 7 ကျပ် 2 ရွေး

အခုခေတ်မှာ ထုတ်တဲ့ရွှေတုံးတွေ ရွှေဒင်္ဂါးတွေကတော့
အခေါက်(pure gold) နဲ့ ထုတ်တာများပါတယ် ရွှေရည်ကိုပါ တစ်ခါတည်း ရိုက်ထားလေ့ရှိတယ်
pure gold,fine gold,100 % gold,99.99 % gold
စသဖြင့်ပေါ့

3 comments

  • Ma Ma

    June 6, 2014 at 8:40 pm

    အစိုးရထုတ်တဲ့ ရွှေတုံးတွေ အခုကော ထုတ်နေတုန်းပဲလား မသိဘူး။
    စစ ထုတ်တုန်းက အရောင်းအဝယ်အသံကြားမိပေမယ့်….
    နောက်ပိုင်းတော့ ကိုဇော်အောင်ပြောသလို အချိန်ကွာလို့ပဲလား မသိဘူးးး
    အရောင်းအဝယ်ဖြစ်သံ မကြားမိဘူး။
    ကိုယ်ကလည်း ဈေးကွက်နဲ့ နီးစပ်သူမဟုတ်လေတော့။

    Reply

    • Zaw Aung

      June 8, 2014 at 8:06 pm

      မထုတ်တော့ပါ

      Reply

  • padonmar

    June 6, 2014 at 9:37 pm

    ဖတ်သွားပါတယ်။

    Reply

Leave a Reply

Your email address will not be published.