အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၁၅ ( At Sea ) ။

Foreign ResidentJune 3, 201413min013

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၁၅ ( At Sea ) ။

၁၈ – ၁၂ – ၂၀၁၃ နှင့် ၁၉ – ၁၂ – ၂၀၁၃ ။

နယူးဇီလန် နိုင်ငံ ရဲ့ လှပတဲ့ Milford Sounds ဒေသတွေကို ခံစားပြီးတဲ့အခါမှာတော့ ၊

အဘ တို့ရဲ့ Cruise သင်္ဘောကြီးဟာ နယူးဇီလန် နိုင်ငံကနေ ထွက်ခွာခဲ့ပြီး ၊

ဩစတေလျှ နိုင်ငံ ၊ Tasmania ကျွန်း / ပြည်နယ် ၊ Hobart မြို့ ကို ဦးတည်ခဲ့ပါတယ် ။

နယူးဇီလန် နိုင်ငံ Milford Sounds ဒေသ နှင့် ဩစတေလျှ နိုင်ငံ Tasmania ကျွန်း ၊

ရဲ့ အကြားမှာ Tasmania Sea ပင်လယ်ကြီး တည်ရှိနေပြီး ၊

ဒီ ၁၈ – ၁၂ – ၂၀၁၃ နှင့် ၁၉ – ၁၂ – ၂၀၁၃ နှစ်ရက် ကို ၊

အဲဒီ Tasmania Sea ပင်လယ်ကို ဖြတ်သန်းရင်း ကုန်ဆုံးရမှာပါ ။

အဲဒီ ၂ ရက်အတွင်းမှာ ၊ ခရီးသည်တွေ လဲ နဲနဲ အနားရသွားတာပေါ့ ။

အဘ ကတော့ ၊ အဲဒီ ၂ ရက်အတွင်းမှာ ၊ သင်္ဘောကြီးပေါ်မှာ ရှိတဲ့ ၊

ဖျော်ဖြေရေး Entertainment တွေကိုဘဲ အတိုးချ လိုက်ကြည့်မိပါတယ် ။

အင်းးးး ၊ ဒီ Cruise သင်္ဘောကြီး အကြောင်း ပြောရရင်တော့ ၊

ဟီ ဟိ ၊ ကိုယ် စိတ်ဝင်စားတဲ့ ” အစား ” ကနေ စပြောတာဘဲ ကောင်းပါတယ် ။

အဘ တို့ အဓိက စားဖြစ်နေတဲ့ Ocean View Buffet Restaurant ထဲမှာ ၊

ပုံထဲကလိုဘဲ ၊ ကောင်တာ အသေး ၅ ခု နှင့် ကောင်တာ အရှည်ကြီး ၂ ခု ရှိပြီး ၊

စားသောက်ဖွယ်ရာတွေကို မနက် ၆ နာရီကနေ ည ၁ နာရီ အထိ ၊

( ကြားထဲမှာ ၁ နာရီ ၊ ၂ နာရီ လောက်ဘဲ နားချိန် ရှိပြီး ) စားသုံးနိုင်ပါတယ် ။

သင်္ဘော က ကပ္ပတိန် အပါအဝင် အရာရှိအဆင့်တွေလဲ ၊

အဘ တို့ ခရီးသည်တွေ နှင့် အတူတူ ဝင်စားကြပါတယ် ။

ချက်ပြီးသား စားစရာတွေတင် မကပါဘူး ၊

ကိုယ့်စိတ်ကြိုက် ချက်ခိုင်းလို့ရတဲ ကောင်တာတွေလဲ ရှိပါတယ် ။

အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် ။

15 Ocean View Buffet Restaurant ထဲမှာ ၊ ပုံထဲကလိုဘဲ ၊ ကောင်တာ အသေး ၅ ခု နှင့် ကောင်တာ အရှည်ကြီး ၂ ခု ရှိပြီး ၊

15 Ocean View Buffet Restaurant ထဲမှာ ၊ စားသောက်ဖွယ်ရာတွေကို မနက် ၆ နာရီကနေ ည ၁ နာရီ အထိ ၊

15 Ocean View Buffet Restaurant ထဲမှာ ၊ စားသောက်ဖွယ်ရာတွေကို မနက် ၆ နာရီကနေ ည ၁ နာရီ အထိ ၊
15 Ocean View Buffet Restaurant ထဲမှာ ၊ စားသောက်ဖွယ်ရာတွေကို မနက် ၆ နာရီကနေ ည ၁ နာရီ အထိ ၊

15 သင်္ဘော က ကပ္ပတိန် အပါအဝင် အရာရှိအဆင့်တွေလဲ ၊ အဘ တို့ ခရီးသည်တွေ နှင့် အတူတူ ဝင်စားကြပါတယ် ။

15 သင်္ဘော က ကပ္ပတိန် အပါအဝင် အရာရှိအဆင့်တွေလဲ ၊ အဘ တို့ ခရီးသည်တွေ နှင့် အတူတူ ဝင်စားကြပါတယ် ။
15 သင်္ဘော က ကပ္ပတိန် အပါအဝင် အရာရှိအဆင့်တွေလဲ ၊ အဘ တို့ ခရီးသည်တွေ နှင့် အတူတူ ဝင်စားကြပါတယ် ။

15 ချက်ပြီးသား စားစရာတွေတင် မကပါဘူး ကိုယ့်စိတ်ကြိုက် ချက်ခိုင်းလို့ရတဲ ကောင်တာတွေလဲ ရှိပါတယ် ။

15 ချက်ပြီးသား စားစရာတွေတင် မကပါဘူး ကိုယ့်စိတ်ကြိုက် ချက်ခိုင်းလို့ရတဲ ကောင်တာတွေလဲ ရှိပါတယ် ။
15 ချက်ပြီးသား စားစရာတွေတင် မကပါဘူး ကိုယ့်စိတ်ကြိုက် ချက်ခိုင်းလို့ရတဲ ကောင်တာတွေလဲ ရှိပါတယ် ။

15 အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် 1

15 အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် 1
15 အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် 1

15 အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် 2

15 အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် 2
15 အစားအစာတွေကိုလည်း ပုံစံ အမျိုးမျိုး နှင့် အလှဆင်ထားကြပါတယ် 2

ပုံမှန်အားဖြင့် ၊ Daily Special ( ၂ ) မျိုး ရှိပါတယ် ။

၁ ။ Chef စားဖိုမှူး ရဲ့ ဒီနေ့ စိတ်ကြိုက်ဟင်း Chef ‘s Daily Special နှင့် ၊

( Chef ‘s Daily Special ကောင်တာ သပ်သပ် ရှိပါတယ် )

၂ ။ နေ့စဉ် တစ်နေ့ တစ်နိုင်ငံ မရိုးရလေအောင် ၊ နိုင်ငံ တစ်ခုစီရဲ့ အစာ ပြောင်းကျွေးပါတယ် ။

( ပုံထဲမှာ မက်ဆီကန် အစာ ကျွေးတဲ့နေ့မို့ မက်ဆီကန် ဦးထုပ် အလံ တွေနှင့် အလှ ဆင်ထားတာပါ ) ။

စားပွဲပေါ်က Drink Menu လေးကို လှဲထားရတာက လှဲမထားရင် ၊

စားပွဲထိုးတွေက ဘာ အရက်သောက်မလဲ ခဏ ခဏ လာမေးနေလို့ပါ ။

( သူတို့ ယဉ်ကျေးမှု က ဘာစားစား အရက် / ဝိုင် / ဘီယာ လေး နှင့် မျှောချကြပေသကိုး )

Drink Menu လေး လှဲထားလိုက်တော့ ဘာမှ ထပ်မမှာတော့ဘူး ၊

ဆိုတဲ့ အဓိပ္ပါယ်ရပြီး သူတို့ ထပ်လာမမေးတော့ပါဘူး ။

15 Chef စားဖိုမှူး ရဲ့ ဒီနေ့ စိတ်ကြိုက်ဟင်း ( Chef ‘s Daily Special ကောင်တာ သပ်သပ် ရှိပါတယ် )

15 Chef စားဖိုမှူး ရဲ့ ဒီနေ့ စိတ်ကြိုက်ဟင်း ( Chef 's Daily Special ကောင်တာ သပ်သပ် ရှိပါတယ် )
15 Chef စားဖိုမှူး ရဲ့ ဒီနေ့ စိတ်ကြိုက်ဟင်း ( Chef ‘s Daily Special ကောင်တာ သပ်သပ် ရှိပါတယ် )

15 မက်ဆီကန် အစာ ကျွေးတဲ့နေ့မို့ မက်ဆီကန် ဦးထုပ် အလံ တွေနှင့် အလှ ဆင်ထားတာပါ ။

15 မက်ဆီကန် အစာ ကျွေးတဲ့နေ့မို့ မက်ဆီကန် ဦးထုပ် အလံ တွေနှင့် အလှ ဆင်ထားတာပါ ။
15 မက်ဆီကန် အစာ ကျွေးတဲ့နေ့မို့ မက်ဆီကန် ဦးထုပ် အလံ တွေနှင့် အလှ ဆင်ထားတာပါ ။

15 Drink Menu လေးကို လှဲထားရတာက လှဲမထားရင် စားပွဲထိုးတွေက ဘာ အရက်သောက်မလဲ ခဏ ခဏ လာမေးလို့ပါ ။

15 Drink Menu လေးကို လှဲထားရတာက လှဲမထားရင် စားပွဲထိုးတွေက ဘာ အရက်သောက်မလဲ ခဏ ခဏ လာမေးလို့ပါ ။
15 Drink Menu လေးကို လှဲထားရတာက လှဲမထားရင် စားပွဲထိုးတွေက ဘာ အရက်သောက်မလဲ ခဏ ခဏ လာမေးလို့ပါ ။

အဘ က ပင်လယ်ထဲမှာ ပျင်းရင် သင်္ဘော Library ထဲက စာအုပ်တွေ သွားယူပြီး ၊

ဒီလို အိပ်ရာလေးပေါ်မှာ အိပ်လိုက် ၊ ပင်လယ် မြင်ကွင်း ငေးလိုက် ၊ စာဖတ်လိုက် လုပ်ပါတယ် ။

ဟီ ဟိ ၊ သိပ်အထင်ကြီးမသွားနှင့်ဦး ၊ အဘ က အဲဒီလို ပုံအဓိက စာအုပ်တွေက ပုံကြည့်တာရယ် ။

အဟဲ ၊ ဒီပုံမှာ အဘ ရဲ့ မျက်နှာကို ဘာ Software နှင့်မှ မဖျက် မကာထားဘူးနော် ။

( အ ဟိ ၊ အလင်းရောင်ကို လှန် ရိုက်ထားတာရယ် ၊ ဇာကန့်လန့်ကာ ကလဲ ကာနေသေး )

ပြောရဦးမယ် ၊ အဲဒီ ဇာကန့်လန့်ကာ ၂ လွှာက Privacy အတွက် ဘေး ၂ ဖက်ကိုဘဲ ကာထားတာ ။

သူက ဇာခြင်ထောင် လို ဘေးပါတ်ပါတ်လည် အပြည့်ကာထားတာ မဟုတ်ဖူးရယ် ။

အဲဒီမှာ ၊ ဆက်စပ်ပြီး တွေးမိတာ တစ်ခုက ၊

အခုဆိုရင် ၊ မြန်မာပြည်ဟာ အခုမှ စတင် ပွင့်လင်းလာတဲ့ ၊

Virgin Tour Destination ( အသစ်လေး ) ဖြစ်နေတဲ့အတွက် ၊

နိုင်ငံတကာမှာ ( အရမ်း ဈေးကြီးနေသေးပေမယ့် ) အရမ်း Popular ဖြစ်နေပါတယ် ။

အဘတို့ အမေရိက ခရီးစဉ်ကို သွားနေတုံးက ၊ အဖွဲ့ထဲက ၊ အဘ သိသလောက် ၊

၂ စုံတွဲလောက်က သိပ်မကြာခင် မြန်မာနိုင်ငံကို သွားလည်မှာမို့ ( Tour တောင် ဝယ်ထားပြီးပြီတဲ့ ) ၊

အဘ တို့ကို မြန်မာနိုင်ငံ အကြောင်းကို Detail မေးနေခဲ့ပါသေးတယ် ။

အဘတို့ စီးခဲ့တဲ့ Celebrity Cruise Line ကနေလဲ ၊

အဘတို့ စီးခဲ့တဲ့ Celebrity Solstice သင်္ဘောထက်ငယ်တဲ့ Celebrity Century ဆိုတဲ့ သင်္ဘော နှင့် ၊

၂၀၁၅ ဖေဖေါ်ဝါရီလ လောက်မှာ ရန်ကုန်ကို လာဖို့ရှိတယ်လို့ ကြေငြာထားပါတယ် ။

( http://www.celebritycruises.com/search/searchResultsVacationItinerary.do?packageid=CN14I056&dest=FAR.E&shipCode=CN )

အဲဒီလိုမျိုး ၊ သင်္ဘောကုန်းပါတ် အပွင့် Opened Type Cruise သင်္ဘောကြီးမှာ ၊

ပါတ်ပါတ်လည် ဇာခြင်ထောင်တွေလဲ မရှိဘဲနှင့် ၊ ရန်ကုန် ဆိပ်ကမ်းမှာ ၃ ရက်ကပ်မယ်တဲ့ ။

” ခြင် ” ကိစ္စ သူတို့ ဘယ်လို ရှင်းကြမယ် မသိ ( တော်ကြာ လူတွေကို ခြင် ချီသွားဦးမယ် ၊ ဟီ ဟိ ) ။

အင်းးးးး ၊ မြန်မာပြည် မှာလဲ ၊ အခြေခံ အဆောက်အဦးတွေ တော်တော် လုပ်ရဦးမှာဘဲ ။

15 ပင်လယ်ထဲမှာ ပျင်းရင် သင်္ဘော Library ထဲက စာအုပ်တွေ သွားယူပြီး ၊

15 ပင်လယ်ထဲမှာ ပျင်းရင် သင်္ဘော Library ထဲက စာအုပ်တွေ သွားယူပြီး ၊
15 ပင်လယ်ထဲမှာ ပျင်းရင် သင်္ဘော Library ထဲက စာအုပ်တွေ သွားယူပြီး ၊

15 ဒီလို အိပ်ရာလေးပေါ်မှာ အိပ်လိုက် ၊ ပင်လယ် မြင်ကွင်း ငေးလိုက် ၊ စာဖတ်လိုက် လုပ်ပါတယ် ။

15 ဒီလို အိပ်ရာလေးပေါ်မှာ အိပ်လိုက် ၊ ပင်လယ် မြင်ကွင်း ငေးလိုက် ၊ စာဖတ်လိုက် လုပ်ပါတယ် ။
15 ဒီလို အိပ်ရာလေးပေါ်မှာ အိပ်လိုက် ၊ ပင်လယ် မြင်ကွင်း ငေးလိုက် ၊ စာဖတ်လိုက် လုပ်ပါတယ် ။

15 သိပ်အထင်ကြီးမသွားနှင့်ဦး ၊ အဘ က အဲဒီလို ပုံအဓိက စာအုပ်တွေဘဲ ပုံကြည့်တာရယ် ။

15 သိပ်အထင်ကြီးမသွားနှင့်ဦး ၊ အဘ က အဲဒီလို ပုံအဓိက စာအုပ်တွေဘဲ ပုံကြည့်တာရယ် ။
15 သိပ်အထင်ကြီးမသွားနှင့်ဦး ၊ အဘ က အဲဒီလို ပုံအဓိက စာအုပ်တွေဘဲ ပုံကြည့်တာရယ် ။

အဲ ၊ ဇာခြင်ထောင် ကိစ္စ ဆက်တွေးလိုက်တာ ၊ ပြောရင်း ပြောရင်း နှင့် ဘေးရောက်သွားပြန်ပြီ ။

သင်္ဘော ပေါ်မှာ တစ်နေကုန် အဆက်မပြတ် ရှိုးပွဲတွေလဲ အများကြီး ရှိပါတယ် ။

အဲဒီ ရှိုးပွဲတွေထဲက ကြည့်ဖြစ်ခဲ့တဲ့ တစ်ခုကို ပြောရရင်တော့ ” Hot Glass Show ” ပါ ။

သူကတော့ မှန် နှင့် လုပ်တဲ့ ပန်းအိုး / အလှဆင် ပစ္စည်းတွေကို လက်တွေ့ လုပ်ပြတဲ့ပွဲပါ ။

အဲဒီမှာ ၊ ပန်းအိုးဖြစ်မယ့် မှန်လုံးကြီးကို အရောင်တွေစပ် ၊ မီးဖိုကြီးထဲထည့် ၊

မှန်လုံးကြီး ပူပျော့နေတုန်း အချိန်မှာ ပါးစပ် နှင့် လေမှုတ်သွင်းပြီး ဖေါင်း ၊

ကိုယ့် စိတ်ကြိုက် မှန် အလှဆင် ပစ္စည်း ဖြစ်အောင် လက်တွေ့ ပုံသွင်း လုပ်ပြပါတယ် ။

ရလာတဲ့ မှန် ပန်းအိုး / အလှဆင် ပစ္စည်းတွေကို သင်္ဘော နေရာအနှံ့မှာ အလှဆင်ထားပါတယ် ။

( Made at the Hot Glass Show, on Celebrity Solstice တဲ့ )

ကိုယ် ကြိုက်တာလေးတွေ တွေ့ရင်လဲ တစ်ခါတည်း ဝယ်လို့ရပါတယ် ။

( ဈေးတွေကတော့ တော်တော် ဈေးကြီးပါတယ် ၊ ဒေါ်လှ ရာကျော်ပေးရတာတွေချည်းဘဲ )

ဒီ မှန် အလှဆင် ပစ္စည်းတွေ လုပ်ပြတဲ့ ရှိုးပွဲ နှင့် ၊ အဘ နှင့် က ခဏ ခဏ ကံဆုံနေပါတယ် ။

၁ ။ ဥရောပ ခရီးစဉ်တုန်းကလည်း ၊ အီတလီ နိုင်ငံ ၊ ဗင်းနစ် မြို့ က Murano စက်ရုံမှာ တစ်ခါဆုံပြီးပြီ ။

၂ ။ နယူးဇီလန် Cruise သင်္ဘော ပေါ်မှာလည်း ” Hot Glass Show ” နှင့်တွေ့ခဲ့တယ် ။

၃ ။ အမေရိက ခရီးစဉ်မှာလည်း ၊ New York မှာ Corning Glass Museum ရောက်ခဲ့ပြန်တယ် ။

အမှန်ကတော့ ၊ နယူးဇီလန် Cruise သင်္ဘော ပေါ်က ” Hot Glass Show ” ပြတဲ့ အဖွဲ့က ၊

အမေရိကန် နိုင်ငံ New York မြို့က Corning Glass Museum ရဲ့ အဖွဲ့ခွဲ တစ်ခုပါဘဲ ။

အဲဒါကို ဒီတစ်ခေါက် New York မြို့က Corning Glass Museum ကို ရောက်မှ သိရတယ်လေ ။

New York က Museum ထဲမှာ Celebrity သင်္ဘော ပုံစံငယ်လေး နှင့်ပါပြပြီး ကြော်ငြာထားတယ် ။

ဒီ ဓါတ်ပုံက ၊ New York မြို့က Corning Glass Museum ထဲမှာ ရိုက်လာတဲ့ ပုံလေ ။

ကဲ ကဲ ၊ ဒီ Post မှာ ဓါတ်ပုံတွေလဲ တော်တော်များသွားပြီ ဆိုတော့ ၊

( စူပါ ရွှေ Connection ကြီးကို ငဲ့ပြီး ) ဒီလောက်နှင့်ဘဲ တော်လိုက်ပါရစေကွယ် ။

တော်သေးဘီ ။

အဘ ဖေါ ( F R ) ။

15 အဲဒီ ရှိုးပွဲတွေထဲက ကြည့်ဖြစ်ခဲ့တဲ့ တစ်ခုကို ပြောရရင်တော့ Hot Glass Show ပါ ။

15 အဲဒီ  ရှိုးပွဲတွေထဲက ကြည့်ဖြစ်ခဲ့တဲ့ တစ်ခုကို ပြောရရင်တော့  Hot Glass Show  ပါ ။
15 အဲဒီ ရှိုးပွဲတွေထဲက ကြည့်ဖြစ်ခဲ့တဲ့ တစ်ခုကို ပြောရရင်တော့ Hot Glass Show ပါ ။

15 ပန်းအိုးဖြစ်မယ့် မှန်လုံးကြီးကို အရောင်တွေစပ် ၊ မီးဖိုကြီးထဲထည့် ၊

15 ပန်းအိုးဖြစ်မယ့် မှန်လုံးကြီးကို အရောင်တွေစပ် ၊ မီးဖိုကြီးထဲထည့် ၊
15 ပန်းအိုးဖြစ်မယ့် မှန်လုံးကြီးကို အရောင်တွေစပ် ၊ မီးဖိုကြီးထဲထည့် ၊

15 မှန်လုံးကြီး ပူပျော့နေတုန်း အချိန်မှာ ပါးစပ် နှင့် လေမှုတ်သွင်းပြီး ဖေါင်း ၊

15 မှန်လုံးကြီး ပူပျော့နေတုန်း အချိန်မှာ ပါးစပ် နှင့် လေမှုတ်သွင်းပြီး ဖေါင်း ၊
15 မှန်လုံးကြီး ပူပျော့နေတုန်း အချိန်မှာ ပါးစပ် နှင့် လေမှုတ်သွင်းပြီး ဖေါင်း ၊

15 ရလာတဲ့ မှန် ပန်းအိုး အလှဆင် ပစ္စည်းတွေကို သင်္ဘော နေရာအနှံ့မှာ အလှဆင်ထားပါတယ် ။

15 ရလာတဲ့ မှန် ပန်းအိုး  အလှဆင် ပစ္စည်းတွေကို သင်္ဘော နေရာအနှံ့မှာ အလှဆင်ထားပါတယ် ။
15 ရလာတဲ့ မှန် ပန်းအိုး အလှဆင် ပစ္စည်းတွေကို သင်္ဘော နေရာအနှံ့မှာ အလှဆင်ထားပါတယ် ။

15 ဒီ ဓါတ်ပုံက ၊ New York မြို့က Corning Glass Museum ထဲမှာ ရိုက်လာတဲ့ ပုံလေ ။

15 ဒီ ဓါတ်ပုံက ၊ New York မြို့က Corning Glass Museum ထဲမှာ ရိုက်လာတဲ့ ပုံလေ ။
15 ဒီ ဓါတ်ပုံက ၊ New York မြို့က Corning Glass Museum ထဲမှာ ရိုက်လာတဲ့ ပုံလေ ။

13 comments

  • မောင်မိုဘိုင်(သလ္လာဝတီ)

    June 3, 2014 at 2:23 am

    ဝင်ရောက်ကြည့်ရှု့လေ့လာသွားတယ်ဗျာ…(ခြင်ထောင်ကာထားတဲ့ပုံမပါ)

    Reply

  • ဦးဦးပါလေရာ

    June 3, 2014 at 5:01 am

    သင်္ဘောပေါ်မှာ ဖန်ထည်တွေလုပ်ပြတာကတော့ တော်တော်ကို စိတ်ဝင်စားစရာပါ…
    ဖန်ထည်လုပ်ဖို့ မီးဖိုဟာ အပူချိန် အလွန်မြင့်မားဖို့လိုတယ်
    ကျုပ်အမှတ်မမှားရင် 600 C – 1200 C လိုအပ်တယ်..
    လေပေးလေယူ လေဝင်လေထွက် အပူချိန်အတိုးအလျှော့ စံနစ်(မီးပေါက်) တွေနဲ့ထိန်းချုပ်ဖို့လိုအပ်တယ်…
    အဲသလိုမီးဖိုမျိုးကို အဝတ်လျှော်စက်သာသာ အရွယ်နဲ့လုပ်ထားတာ အံ့ဩမိတာပဲ…

    Reply

    • Foreign Resident

      June 4, 2014 at 3:48 pm

      ဦးပါ ရေ ။
      ကျနော့် စာ ကြောင့် Knowledge တစ်ခုခု ရတယ်ဆိုရင် ၊ ဝမ်းသာပါတယ် ။
      ကျနော် စာရေးရခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ခုက ၊ အဲဒါပါဘဲ ။

      ကျနော့်လို အခြေအနေ မပေးတဲ့ ပြည်သူ အများစုကြီးကို ၊
      Knowledge Sharing လုပ်တာပါဗျာ ။

      Reply

    • kai

      June 5, 2014 at 2:28 pm

      စီလီကွန်ဗယ်လီရဲ့.. (အကောင်းဆုံး)မြန်မာဆိုင်တဆိုင်မှာ.. အဲလိုလေမှုတ်သွင်းပြီး.. ဒီဇိုင်းလုပ်ထားတဲ့.. ဖန်ပြွန်ရောင်စုံတွေ.. မျက်နှာကြက်မှာ… ချိပ်ထားတယ်ဗျ..။
      မေးကြည့်တော့.. အီတလီကမှာတာတဲ့… တခု တခု ဒေါ်လာရာချီတန်တာကို.. အပြည့်တပ်… ဒေါ်လာသိန်းချီအကုန်ခံပြီး.. အလှဆင်ထားတယ်..။

      ဖန်မှုတ်လုံးသွင်းအနုပညာအတတ်ဟာ.. မြန်မာတွေပန်းဆယ်မျိုးထဲ.. မပါဘူးလို့ထင်တယ်…။
      ဝင်ငွေကောင်းတဲ့လုပ်ငန်းမို့.. မြန်မာတွေလေ့လာပြီး.. လုပ်သင့်တယ်ထင်ပါကြောင်း..။

      (၁)ပန်းပု

      (၂)ပန်းပွတ်
      (၃) ပန်းတမော့
      (၄) ပန်းတဉ်း
      (၅) ပန်းယွန်း
      (၆) ပန်းပဲ
      (၇) ပန်းချီ
      (၈) ပန်းတိမ်
      (၉) ပန်းတော့
      (၁၀) ပန်းရံ

      Reply

      • ROssI

        June 5, 2014 at 3:01 pm

        တခါက စာစောင်တခုမှာ မြန်မာ့ဖန် လေမှုတ်လုပ်ငန်း ဂိတော့မယ် ဆိုတာ ဖတ်ဖူးတယ်…
        ထုံးစံအတိုင်း နည်းပညာပိုင်း ချို့တဲ့မှု ပေါ့…
        လျှပ်စစ် ကုန်ကြမ်း နဲ့ ကျွမ်းကျင် လုပ်သား ရှားပါးမှုလည်း ပါသေးသပေါ့….

        ငါးသမားမို့ … မှန်ကန်တွေအကြောင်းပြောရရင်.. ပုသိမ်မှန်
        ရှာဝယ်မရတာ ကြာပီ… ရလည်း ..လေပူစီပေါင်းတွေပါတဲ့
        ခပ်ညံ့ညံ့မို့ … ဘယ်သူမှ ငါးကန်မလုပ်ကြ…..

        သည်တော့ လက်ရှိ မှန်ကန်တွေ ဘာနဲ့ လုပ်တယ်ထင်သတုန်း….
        ဟဲဟဲ…
        ကျုပ်တို့ဆီက သဲဝယ်ဝယ်နေတဲ့ ဟိုကျွန်းဇုတ် ဆီက အင်ပို့ပေါ့ဗျာ..

        ခံဟေ့ ..ခံဟ…

        :'(

        Reply

  • alinsett (gazette)

    June 3, 2014 at 7:28 am

    ငေးမော ကြည့်ရှုသွားပါတယ်ခင်ဗျ

    Reply

  • black chaw

    June 3, 2014 at 7:29 am

    Drink Menu လေး လှဲထားရ သတဲ့လား။
    စာအုပ်လေးဖတ်လိုက်…ပင် လယ် ပြင် ကို ငေးလိုက်
    အရက်လေး မော့လိုက်…
    ဇိမ် ကျ လိုက်မယ့် ဖြစ်ခြင်း…။

    Reply

  • kyeemite

    June 3, 2014 at 8:40 am

    အစားအသောက်ပုံတွေပိုများတော့ ကြည့်ပြီးသွားရည်ကျတယ်ဗျာ…စားလိုက် သောက်လိုက် အိပ်လိုက်
    ငေးလိုက်နဲ့ တကယ့်လောကနိဗ်ဗာန်ပဲ…

    Reply

    • Foreign Resident

      June 4, 2014 at 3:55 pm

      kyeemite says:
      ” စားလိုက် သောက်လိုက် အိပ်လိုက်
      ငေးလိုက်နဲ့ တကယ့်လောကနိဗ်ဗာန်ပဲ…”

      ဒါကြောင့် ။ တစ်နှစ်ကို Cruise သင်္ဘောကို တစ်ခါထက် ပို မစီးသင့်ဘူး ။
      နို့မို့ရင် ။ ဦးတည်ဘွား ကိုယ်လုံးကြီး ဖြစ်လာလိမ့်မယ် ။

      Reply

  • Shwe Poe

    June 3, 2014 at 8:57 pm

    စားစရာတွေကိုလည်းသ ရေတမြားမြားနဲ ့ငေးခဲ့ပါတယ်
    ပင် လယ်ပြာပြာရှု ခင်းလေး လည်းမြင် စမ်းချင် ပါဘိ
    😀

    Reply

  • အရီးခင်

    June 5, 2014 at 4:02 am

    ကိုအဘဖော ရဲ့ တောလား သဘောင်္စီးချင်း တွေ မှာ ရှူခင်း တွေ လှတာတော့ ကြည့်ချင်ပါရဲ့။
    ရေလမ်းခရီး မှာ လှိုင်းမူးမှာနဲ့ တင် သဘာဝ အလှအပတွေ ခံစားလို့ ရနိုင်မယ် မထင်။
    ဒီတော့ ရှင့် ပုံတွေ ကိုကြည့်ပြီးသာ ခရီးသွားလိုက်တော့မယ်။
    ကျေးဇူးပါ။
    ဒါထက် ဒီအရာရှိ ပုံစံ ကြည့်ရတာ ခပ်နွဲ့နွဲ့လေး။ :-))

    Reply

    • Foreign Resident

      June 5, 2014 at 1:03 pm

      အရီးခင် says:
      ” ရေလမ်းခရီး မှာ လှိုင်းမူးမှာနဲ့ တင် သဘာဝ အလှအပတွေ ခံစားလို့ ရနိုင်မယ် မထင် ”

      လှိုင်းမူးမှာ စိတ် မပူပါနှင့် အရီးလတ် ရဲ့ ။
      Cruise သင်္ဘော တွေက လှိုင်း ငြိမ်တဲ့ ရာသီတွေမှာဘဲ ပြေးတာဗျ ။
      လှိုင်း နဲနဲ လေး ရှိရင်တောင် ၊ Cruise သင်္ဘော တွေမှာက ၊
      ( Wave Stabilizer ) Stabilizing Fin ဆိုတာတွေ တပ်ထားတယ်ဗျ ။
      အဲဒီတော့ သင်္ဘော မလူး မလှုပ်တော့ဘူး ပေါ့ဗျာ ။

      Reply

  • အပေါ်ဆုံးက ပုံကို ကြည့်လိုက်တာ.. လေဆိပ်ထဲမှာလိုလို ထင်ရတယ်နော်..
    အစားအသောက်တွေကို ရှယ်သဘောကျတယ်…
    အနော်သာဆိုရင်လည်း စားလိုက်၊ သောက်လိုက် နဲ့ ဖက်တီးမ ဖြစ်လာမှာ မြင်ယောင်သေး..
    သွားချင်ထှာ.. 🙂

    Reply

Leave a Reply

Your email address will not be published.