ဝေဖန်တယ်ဆိုတာတော့ လူတိုင်းလုပ်တတ်တယ်. . .

alinsettMay 22, 20141min025

 

ဝေဖန်တယ်ဆိုတာတော့ လူတိုင်း လုပ်တတ်တယ်. . .

 

——————————

ငါ၏ လုပ်ဟန်

အားလုံး မှန်သည်

ဝေဖန်သူများ ဖောက်ပြန်၏။

 

——————————

 

(. . . . )

 

22 / 5 /2014 /

 

 

 

 

25 comments

  • naywoon ni

    May 22, 2014 at 8:47 am

    မ​ပြောရရင်​ မ​နေနိုင်​လို့လာ​ပြောကွယ်​့ အလင်​းဆက်​ရဲ့ ခပ်​ဆင်​ဆင်​​လေးတူတဲ့ ​ဆောင်​ပုဒ်​​လေး သွားသတိရမိလို့ ။
    သမလုပ်​ဟန်​
    ကုန်​သည်​ဆန်​
    ပုံမှန်​လည်​ပတ်​၊ တို့အမြတ်​။
    တဲ့ အာဟ အာဟ

    ဒါ​ပေမဲ့ဟိုက ​ဆောင်​ပုဒ်​ ​မောင်​ရင်​က သုံး​ကြောင်​းကဗျာ အစစ်​ တူ​တော့မတူ​ပေဘူး ။

    Reply

    • alinsett (gazette)

      May 22, 2014 at 8:58 am

      အဘနီရေ
      လာဖတ်ပေးတာ ကျေးဇူးပါနော်

      🙂

      ဒါ ကျနော်ရေးတဲ့ကဗျာမဟုတ်ပါဘူး။
      ကျနော်အဖေ ရွတ်ပြတဲ့ကဗျာလေးပါ
      ဘယ်သူရေးတာလဲ လည်း မသိတော့ပါဘူး

      သိသူများ ပြောပြပါဦးနော်

      Reply

  • တိမ်မည်း

    May 22, 2014 at 9:16 am

    ငါ ဘက်က လက်ဖမိုး….
    နင့် ဘက်က လက်ဖဝါး….
    မှားတာ မှန်တာ အသာထား….
    ဘာတရား ဆိုတာ လာမပြောနဲ ့…..
    ငါလမ်း ငါ လျှောက်မှာပဲ….
    ဝေဖန်တယ်ဆိုတာ ပညာလား….
    ယူစရာလား ဖယ်စရာလား…..
    နားထောင်မှာလား မထောင်မှာလား….
    အားလုံးဟာ ဝါးတားတား….

    Reply

    • alinsett (gazette)

      May 22, 2014 at 12:21 pm

      ဝါးတားတားကိုပဲ
      ကြည်လင်သယောင်ယောင်နဲ့
      မြင်ပြီ ထင်ကြရတာကိုးဗျ
      လူကိုးးး
      :mrgreen:

      —–
      စကားလုံး ကောင်းကောင်းလေးတွေ comment ထဲ
      လာထည့်ပေးသွားတဲ့ အတွက်
      ကျေးဇူးပါဗျို့

      Reply

  • ကေဇီ

    May 22, 2014 at 3:51 pm

    ဝေဖန်တာ ရတယ်
    ဆရာလုပ်တာရတယ်။
    ကောင်းကောင်းကန်းကန်း အကြံပေးဖို့သာမရတာ။
    ကိုယ် အပါအဝင် လူတော်တော်များများးး

    အဲတော့ လုပ်ချင်တာသာလုပ်။
    ဘူ့ စကားမှ နားထောင်နဲ့ ဆက်ဆက်။

    :mrgreen:

    Reply

    • alinsett (gazette)

      May 22, 2014 at 4:44 pm

      အဟုတ်ပဲ မမဂျီး

      အာ့ကြောင့် အခုတလော
      ကိုယ်မှန်တယ်ထင်ရာ သာ ကိုယ် ဇွတ်လုပ် ဇွတ်ပြောနေမိတာ
      ကိုယ်လုပ်တဲ့အလုပ်က ကိုယ့်ကြောင့် တစ်ယောက်ယောက် မထိခိုက်မနစ်နာဖို့ပဲဦးစားပေးရမယ်

      ကျန်တာတော့ ဘေးက ပြောချင်တာလာပြော
      အေးဆေးပဲ
      ဆက်ဆက်
      ဆက်လျှောက်တယ်

      :mrgreen:

      Reply

  • TNA

    May 22, 2014 at 5:03 pm

    ဟဲ့ပလုတု နာပါဘူးနော်။ အဟိ။ ဝေဖန်ခံနိုင်မှ တိုးတက်တာတဲ့။ ဒီဖက်နားဝင် ဟိုဖက်နားထွက် ကိုယ်လုပ်စရာရှိတာဆက်လုပ်ရဲဘော် :mrgreen:

    Reply

    • alinsett (gazette)

      May 22, 2014 at 5:45 pm

      အဟိ
      ဝန်တိုမုန်းစိတ်နဲ့
      တရားလက်လွတ် ကဲ့ရဲ့ရှုတ်ချချင်လို့ ဝေဖန်တာရယ်
      ကောင်းစေချင်လို့ စေတန်ာနဲ့ ထောက်ပြဝေဖန်တာရယ် ရှိတယ် တီသဲ

      ဘာပဲဖြစ်ဖြစ်
      ကိုယ့်ကို ဝေဖန်တဲ့သူက ကိုယ့်အတွက် အချိန်ပေးပြီးး
      တွေးရ ပြောရတာမို့ ကျေးဇူးတင်စရာ ပါ

      😆

      သူတို့ဝေဖန်တဲ့အထဲက ပြင်သင့်တာလေးပြင်
      ဆင်သင့်တာလေး ဆင်ပြီး
      မလိုတာကိုတော့
      တီသဲပြောသလို ဒီနားဝင် ဟိုနားထွက် လုပ်ရတော့မှာပဲ

      🙂

      Reply

  • Mလုလင်

    May 22, 2014 at 5:35 pm

    ဟုတ်တယ် ဟေ့ . . ဒို့ ရွာသားတွေ အတော်ဆုံး

    Reply

  • alinsett (gazette)

    May 22, 2014 at 6:00 pm

    ရွာသူတွေလည်း တော်ပါပေတယ် ခည

    :mrgreen:

    Reply

  • lu lu

    May 22, 2014 at 6:13 pm

    ဝေဖန်ရေးဆြာ ရွာသို ့ရောက်လာချိန်ဝယ်
    ငါ မဟုတ် သူမဟုတ်အဲ့ဒါ နာမ် နဲ ့ရုပ်
    ဤသ ဘောဆောင် သည် ဟုသာမှတ် ရန်
    (ရွာသူလုလု)
    😀

    Reply

    • alinsett (gazette)

      May 23, 2014 at 9:33 am

      ကျနော်တော့ တရား မရသေးဘူးဗျာ. . .

      :mrgreen:

      Reply

  • ခင် ခ

    May 22, 2014 at 10:25 pm

    ဝေဖန်လေကန်
    အကျိုးမှန်လည်း ရှိတတ်သလို
    အဖိုးမတန်လည်း ဖြစ်တတ်ပါတယ်
    နားရှိလေတော့ ထောင်ပေတော့
    ကိုယ့်အကျိုး သူ့အကျိုး သုံးတည့်များသော်
    ယူဆောင်သုံးတော့ အမြတ်ပေါ့။

    Reply

    • alinsett (gazette)

      May 23, 2014 at 9:32 am

      ဟုတ်တယ် လေးခရေ
      အဲ့ဒီ ဝေဖန်စကားတွေထဲက ယူသင့်တာယူပြီး အမြတ်ထုတ်ရမယ်
      🙂

      Reply

  • black chaw

    May 23, 2014 at 9:16 am

    မနေနိုင် မထိုင်နိုင် ဝင်ပြောလိုက်ဦးမယ်ဗျာ…။
    ဝေဖန်တယ် ဆိုတာ လူတိုင်းလုပ်တတ်တယ် တဲ့လား…။
    ရုပ်ရှင်ဝေဖန်ရေး
    စာပေဝေဖန်ရေး
    ဂီတဝေဖန်ရေး
    ဇာတ်သဘင်ဝေဖန်ရေး
    အားကစား ဝေဖန်ရေး
    စသည်ဖြင့်ပေါ့…။
    သူ့နယ်ပယ်နဲ့သူ အနည်းဆုံး တီးမိခေါက်မိ အဆင့်တော့ ရှိရမယ်လို့ ကျွန်တော် ထင်ပါတယ်…။
    ပြီးတော့ လဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ငြင်းခုန်ဆွေးနွေးတဲ့
    ပေတံမပါတဲ့ ဝေဖန်ရေးလား…။
    ဒါမှမဟုတ် ပြည်သူလူထုကို ချပြမယ့် မဂ္ဂဇင်း၊ ဂျာနယ်၊ တီဗီချယ်နယ် တွေပေါ်က
    စံချိန်မီပေတံ တွေ နဲ့ တိုင်းတာပြတဲ့ ဝေဖန်ရေးမျိုးလား…။
    ဝေဖန်တယ် ဆိုတာ လူတိုင်းတတ်တယ် ဆိုတာကြီးကိုတော့
    ကျွန်တော် လက်မခံပါရစေနဲ့ ကိုအလင်းဆက်ရေ…။
    နည်းနည်းတော့ လျှော့ပါဦး ခင်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    Reply

    • alinsett (gazette)

      May 23, 2014 at 9:27 am

      ဟုတ်
      လေးဘလက်
      ဒါက ခပ်ရွဲ့ရွဲ ့လေး ပေးထားတဲ့နာမည်

      :kwi:
      လေးဘလက် ပြောတာမှန်ပါတယ်
      ဝေဖန်တာတော့ လူတိုင်းလုပ်တတ်တယ်
      ကိုယ်မှန်တယ်ထင်ရာ စွတ်ရွတ်ဝေဖန်တာနဲ့
      စံမီ ပေမီ ဒေါက်မီ ဝေဖန်တဲ့ တကယ့်ဝေဖန်ရေး တော့ ကွားပါတယ်
      ရပ်ကွက်ထဲက လေသံနဲ့ ဝေဖန်တာနဲ့
      စာသံပေသံ ခန့်ခန့်ညားညားဝေဖန်တာ ကွာတာပေါ့။

      :mrgreen:

      လူတိုင်းတော့ လုပ်တတ်ပါတယ်
      ဒါပေမယ့်. . . .

      :kwi:

      Reply

  • black chaw

    May 23, 2014 at 9:35 am

    ရေးကတည်းက ချွင်းချက်လေး ထည့်ရေးမှပေါ့ကွယ်…။
    အခုတော့…။
    အဲဒီလို သိမ်းကျုံးပြောတတ်ဆိုတတ် တဲ့လူတွေကို
    တားတိတ်မုန်းတယ်…မေမေ…
    ဆိုတဲ့စကားနဲ့ ရူးချင်ယောင်ဆောင်ပြီး ပြေးပြီးဗျာ…။
    ဒချိ…ဒချိ…ဒချိ…။
    :mrgreen:

    Reply

    • alinsett (gazette)

      May 23, 2014 at 9:40 am

      တိန် တိန် နှစ်ခါတိန်
      :mrgreen:

      မမုန်းပါနဲ့ လေးဘလက်ရယ်
      ခေါင်းစဉ်ကို
      အထဲက အတ္တကြီးကြီး ခပ်ရွဲ ့ရွဲ ့နဲ့ရေးထားတဲ့ စာသားနဲ့ လိုက်ဖက်အောင်
      ပေးထားရလို့ပါ ခညာ

      🙂

      Reply

  • kyeemite

    May 23, 2014 at 1:35 pm

    ငါ၏လုပ်ပေါက်
    သိပ်မရောက်
    အဟုတ်ရောက်သည့်သူ
    အပျင်းထူ၏။
    😀

    Reply

  • myat pearl phyu

    May 23, 2014 at 4:45 pm

    အတ္တ နဲ့ ပရ မျှတာ ဖို့ ရယ် …
    အပြုသဘောဆောင် အကောင်းမြင်တတ်ဖို့ရယ် အဓိက.. ဒါဆို စိတ်ချမ်းသာပါတယ် ဆက်ဆက်ရယ်…

    Reply

    • alinsett (gazette)

      May 23, 2014 at 5:20 pm

      ဟုတ်ပါ့ မြတ်မြတ်ရယ်
      :mrgreen:

      အပြုသဘောဆောင်သော ပရစိတ်နဲ့ ပြောသော ဝေဖန်မှုဟာ
      အင်မတန် အဖိုးတန်ပါတယ်

      Reply

  • ကျော်စွာခေါင်

    May 24, 2014 at 6:22 am

    ငါ၏ လုပ်ဟန်
    အားလုံး မှန်သည်
    ဝေဖန်သူများ ဖောက်ပြန်၏။

    ပုံ…
    သန်းရွှေ၊ သိန်းစိန်အဖွဲ ့

    ….

    ပြေးပြီဟေ့…….ပျောက်ကြားသူပုန်တဲ့ကွ….ဒချိ ဒချိ

    Reply

  • ကျော်စွာခေါင်

    May 24, 2014 at 6:27 am

    ငါ၏ ကွန်မန် ့
    သတ်ပုံညံ့သည်..
    ပြောက်ကျား အမှန် ပြင်ဖတ်ရန်…။
    ..
    ..

    သတ်ပုံမှားလို ့ …ပြန်လာပြီး ကဗျာရေးတာ..
    ခု…တစ်ကယ်ကို ပြေးတော့မှာ… ဒချိဒချိ….ခုခွိ

    Reply

    • alinsett (gazette)

      May 24, 2014 at 1:08 pm

      ဦးခေါင်ရည်
      မအားတဲ့ ကြားက အပြေး လာပြီး
      အပြေး ပြန်ပြီပေါ့

      :mrgreen:

      Reply

Leave a Reply to alinsett (gazette) Cancel Reply

Your email address will not be published.