၂၁၀ဝခုနှစ် အနာဂတ်မြန်မာနိုင်ငံတော်

moonpoemMay 13, 20141min05

၂၁၀ဝခုနှစ် ဇန်နဝါရီလ ၄ရက်။

ရုံးရှိရာ မြို့ထဲသို့ မွန်းပိုအမ်တစ်ယောက် ကျည်ဆန်ရထားဖြင့်သွားရာ နှုတ်ခမ်းနီဆိုးလို့မပြီးခင်
်၂မိနစ်အတွင်းမှာတင် ရောက်သွား၏။

လူတိုင်းသည်လည်း ကျည်ဆန်ရထားအသုံးများ၍ပွဲလမ်းသဘင်ကိစ္စရှိမှသာ ကားထုတ်စီးကြရာ ပြည်လမ်းတစ်လျှောက် တရားအားထုတ်၍ ရလောက်အောင်ပင် တိတ်ဆိတ်နေ၏။

လွန်ခဲ့သော၁ဝစုနှစ်များမှစပြီး အခြေခံလူတန်းစားများအား အခြေခံလစာ တစ်လ၁၂သိန်းနှင့် ဘွဲ့ရပညာတတ်များအား တစ်လ၂၅သိန်းဟု သတ်မှတ်ထားလေရာ မွန်းပိုအမ်သည် လစာရော အတွေ့အကြုံအရ တစ်လလျှင် သိန်း၈ဝခန့်ရလေသည်။

အိမ်အငှားအရောင်းများသည်လည်းဈေးနှုန်းအတိုင်းအခွန်ဆောင်နေသဖြင့် ဈေးကျသွားကာ ယခုမွန်းပိုအမ်ဝယ်ထားသောအင်းလျားလမ်းမှ အိမ်တစ်လုံးသည် သိန်း၁၀ဝသာရှိ၏။

ုမြန်မာအနှံ့ပတ်သည့် မြို့ပတ်လေယာဉ်များရှိလာပြီး လက်မှတ်တစ်စောင်မှ မြန်မာငွေ ၃ထောင်ကျပ်သာရှိသဖြင့် မွန်းပိုအမ်ရုံးပိတ်ရက်တိုင်း အိမ်ပြန်၏။

ရှေးတုန်းက စာအုပ်များကို ဖတ်ကြည့်သောအခါ ပုဂံခေတ် ရတနာပုံခေတ် စစ်တပ်အုပ်ချုပ်ရေးခေတ် အွန်လိုင်း အဝိုင်းလည်သောခေတ် စသဖြင့်မှတ်သားရလေရာ ကျွန်ုပ်မှာ နားမလည်နိုင်အောင် ရှိရလေ၏။

ယနေ့ခေတ် အင်တာနက်သည် ရွှီးတောက်မဟုတ်ပါလား။

အစစအရာရာပြည့်စုံသဖြင့်မိမိတစ်ယောက်တည်းသာမကအားလုံးသော သူငယ်ချင်းများသည်လည်း ဘဝတွင် အဆင်ပြေနေကြလေရာ Facebookတွင်ပင် စိတ်ညစ်တယ်ဆိုတာ ဘယ်လိုများပါလိမ့်နော်ဟု လည်းကောင်း စိတ်တစ်ခါလောက် ညစ်ဘူးချင်တယ်တို့ ဘာတို့ဟု လည်းကောင်း ရေးသူများကိုသာ တွေ့ရလေ၏။

အပိုင်း၁ပြီးပြီ။

ဖတ်ကောင်းကောင်းနှင့် ဖတ်နေမိသည်မဟုတ်လား
မိတ်ဆွေ။ခဏစောင့်ပါ အထက်ပါ စိတ်ကူးယဉ်ဇာတ်လမ်းများ အခန်းဆက်ဝတ္တု အပိုင်း၁
စာမူပို့ရန် ကျွန်ုပ် လမ်း၃ဝသို့ ၄၃အထူးကားစီးပြီး ပွိုင့်များကြပ်ပိတ်သိပ်နေသောလမ်းများကို့ဖြတ်၍သွားလိုက်ပါဦးမည်။

စာမူခများစုပြီးတက်သွားသော အိမ်လခ၂သိန်းခွဲအားလျှော့ပေးရန်ပွဲစားနှင့် ညှိလိုက်ပါဦးမည်။

ယခုကား ၂၀၁၄ခုနှစ်။

5 comments

  • lu lu

    May 13, 2014 at 6:26 pm

    အိမ်က ကားထုတ်မစီးတာကြာလို ့ကားဂိုဒေါင် လည်း
    ဖှုန်တောထဲမှာ မြှုပ်နေပြီ ။ အယ် မနက်က အလုပ်
    သွားတော့ကျဉ်ဆန်ရထားစီးတုန်းက ယဉ်ထားတဲ့
    စိတ်ကူး မပြီးလိုက်လို ့ခုမှပြန်ယဉ်ရမယ် ။ ရန်ကုန်မှာ
    ဝယ်ထားတဲ့အိမ်နဲ ့ခြံကို ရောင်းဖို ့ဟာ အရင်းတောင်
    ပြန်မရ တော့လို ့ခဏထားလိုက်တယ် ။ ဒါနဲ ့ကျုပ်ပင်
    စင် လစာနဲ ့ဝယ်ထားတဲ့ အိမ်တလုံးတောင် ရှိရဲ ့။
    အခုလို ကျုပ်ကြီးပွားတိုးတက်လာတာကိုကွယ်လွန်း
    သွားတဲ့ ကျုပ် မိဘ တွေကို မြင် စေချင် တယ် ။
    အခုဘယ်နှ နာရီထို းထိုး ဟဲ့ အ ကောင် နေ ဖင် ထိုး
    နေပြီအခုထိမထနိုင်သေးဘူးလား ဒီလောက်တောင်
    အိပ်နေရ အောင် နင့်ကိုယ်နင် သူဌေးကြီးမှတ်နေလို ့
    လား ဘာလားညာလား 😀 ဟိုက် !!! ငါ့အိမ်မက်တော့
    ပျက်ပါဘီ ကောင်းခန်းရောက်နေပြီဆိုမှ နောက်မှ လိုင်းကားပေါ်မှာပဲ ဆက်မက်တော့မယ် :mrgreen:

    Reply

  • ခင် ခ

    May 14, 2014 at 11:09 am

    မြန်မာပြည် လက်ရှိရထားလမ်းပေါ် ကျည်ဆန်ရထားတင်ပြီးမောင်းလိုက်လို့ကတော့ တစ်ခါတည်း တန်းကနဲအမြန်ရောက်သွားမှာ မြင်ယောင်မိပါတယ်ဗျ။
    လယ်ကွင်းထဲမှာ ရထားကြီး ဟီးလို့။

    Reply

  • alinsett (gazette)

    May 14, 2014 at 1:21 pm

    စာမူခ = အဟက်
    အင်တာနက်မြန်နှုန်း = အဟက်

    အဟက် အဟက်

    :kwi:

    အနာဂတ် = အဟက်

    :kwi:

    Reply

  • Mr. MarGa

    May 14, 2014 at 6:55 pm

    သေချာရဲ့လားးး ဟင်
    တော်ကြာ လွင်တီးခေါင်လဲ ဖြစ်ပြီး ကျန်နေဦးမယ် :kwi:

    Reply

  • snow smile

    May 16, 2014 at 5:37 am

    အဲ့ လို တွေ ရေး တတ် သူ တစ် ယောက် သာ ရှိ သည်
    ဒါ့ ကြောင့် ရွာ ထဲ ဝင် မိ တိုင်း
    မ လွတ် တမ်း ဖတ် တယ်

    Reply

Leave a Reply

Your email address will not be published.