ကနဲ ကနဲ ကဗျာ

သုတ်ကနဲရောက်လာတဲ ့
လေပြေမလေးဟာ
နူးညံ့စွာ
သိမ်မွေ ့စွာ
ညင်သာစွာ
(ငါ ့)ပါးပြင်ကို
ဖြတ်ကနဲ ခိုးနမ်းပြီး
လှစ်ကနဲ အပြေးမှာ
ငါ ့ရင်ဟာ
လှုပ်ကနဲ လှုပ်ကနဲ…

နောက်ဆုံးတော ့ငါ
အားကနဲ အော်
ဗိုင်းကနဲ မြေပေါ်ပစ်ကျခဲ ့တယ်…

(ငါ ကဗျာဆရာဖြစ်ပြီ)
မရောက်တာကြာလို ့ ရွာထဲခဏလာလည်တာပါခင်မျ။

12 comments

  • ကေဇီ

    May 8, 2014 at 9:00 pm

    ခေါင်းစဉ်တတ်ပါဦးးး
    ကဗျာဆရာကြီးးးး

    🙂

    Reply

    • တောတွင်းပျော်

      May 8, 2014 at 10:03 pm

      ဖုန်းကနေ ရိုက်တင်လိုက်တာ ခေါင်းစဉ်က လိုက်တက်မလာဘူး
      ဖြစ်နေတယ်။
      နာမည်က (ကနဲ ကနဲ ကဗျာ)

      Reply

  • alinsett (gazette)

    May 9, 2014 at 6:49 am

    မေးလ်ကို မနေ့ညကတည်းက ဖတ်ရပေမယ့်
    အခုမှ ရွာထဲ ဝင်ရလို့. . .

    အခုတော့ အိုကေသွားပါပြီနော်
    ———-

    ဒီကဗျာလေး
    လှတယ်ဗျ

    Reply

    • တောတွင်းပျော်

      May 9, 2014 at 7:05 pm

      ကျေးဇူးပဲဗျို ့! ကိုအလင်းဆက်
      တောထဲ လိုင်းပြတ်တောက် ပြတ်တောက်နဲ ့
      အကြိမ်ကြိမ် ရိုက်တင်ရတာ..

      Reply

  • Mr. MarGa

    May 9, 2014 at 8:40 am

    ရင်ထဲမှာ
    ဒုတ်ကနဲ ဒုတ်ကနဲ
    ဒိန်းကနဲ ဒိန်းကနဲ
    ဒိန်းဒလိန်း နတ် ဝင်ပူး သလို… :mrgreenn:

    Reply

  • kyeemite

    May 9, 2014 at 9:34 am

    ကဗျာကိုဖတ်ကျိလိုက်တော့…
    ဟင်ကနဲ…ဟာကနဲ…ဖြစ်သွားပြီး..ချာကနဲ..ပြန်လှည့်ခဲ့ပါတယ်..ခိခိ နောက်တာနော :mrgreenn:

    Reply

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    May 9, 2014 at 12:30 pm

    ဟားဟား မိုက်တယ်ဗျာ
    ရေးတတ်သူများကတော့ မြင်လေရာ ကဗျာပဲနော်

    Reply

  • black chaw

    May 9, 2014 at 12:45 pm

    ဖြတ်ကနဲပေါ်
    ဆတ်ကနဲရေးတဲ့
    ကနဲကဗျာပေါ့…
    ကျုပ်ကလည်း
    ဖြတ်ကနဲဖွင့်လို့
    ဆတ်ကနဲ ဖတ်သွားပါတယ်ဗျာ…။
    😀

    Reply

    • တောတွင်းပျော်

      May 10, 2014 at 4:25 pm

      ဟုတ်ပါ ့ဗျာ!
      ကျနော်လည်း

      ဖြတ်ကနဲ မြင်
      ဆတ်ကနဲ ဆွဲ
      လှစ်ကနဲ နမ်းမိလို ့

      ” ဖြန်း “

      Reply

  • lu lu

    May 9, 2014 at 9:21 pm

    ဟား းး ကနဲ ဖြစ်ပြီး
    good ကနဲ ကိုကောင်းပါတယ်
    တောထဲက ကနဲကနဲကဗျာရယ်
    :-@ :-%

    Reply

  • Aye Lwin Oo

    May 9, 2014 at 10:27 pm

    ကျွန်တော့တုံးကတော့

    လှုပ်ကနဲ လှုပ်ကနဲ . . . ဆို
    ဘုတ်ကနဲ ဘုတ်ကနဲ ပြုတ်ကျလို့
    ဂလုပ်ကနဲမြည်အောင်
    ပလုပ်ပလဲ မြိုချပစ်လိုက်တာပါဘဲဗျာ . . .

    very ကနဲတဲ့ ပြောင်စပ်ကလေးပါဘဲ ကိုတောရေ့

    Reply

  • ခင် ခ

    May 10, 2014 at 1:42 pm

    ဖြတ် ကနဲ အကြည့်
    လှစ် ကနဲ အပြေး
    ဆတ် ကနဲ ထအလိုက်
    အင့် ကနဲ ခလုတ်တိုက်
    ဗိုင်း ကနဲ လဲကျ
    အား ကနဲ အော်သံနဲ့
    ……………………..
    ………………………
    …………………………
    ………………………….
    ဟင့် ကနဲ လန့်ကာနိုးတော့
    ငါ ဘယ် ကို ရောက် နေ ပါ လိမ့်။

    Reply

Leave a Reply to ကေဇီ Cancel Reply

Your email address will not be published.