နေကြတ်ပြီးတော့ လကြတ်ဦးမည် လငပုပ်ဖမ်းတာကို မြန်မာပြည်ကမတွေ့နိုင်

notsyntheticsMarch 4, 20101min02

၂၀၁ဝအတွင်း ဇန်နဝါရီလ ၁၅ ရက်က နေကြတ်မှုဖြစ်စဉ်ဖြစ်ခဲ့သလို ရှေ့လာမည့် ဇူလိုင်လ
၁၂ ရက်နေ့၌လည်း နေကြတ်မှုဖြစ်ဦးမည်။ မြန်မာနိုင်ငံမှ
လုံးဝမြင်ရမည်မဟုတ်ဘဲတောင်အမေရိက တွင်သာ မြင်ရမည်။ ထို့အပြင် ဇွန်လ ၂၆
ရက်နေ့ မြန်မာစံတော်ချိန် ၄နာရီကျော်ကျော်မှ ညနေ ၅း၃ဝ အတွင်း (လ)
တစ်စိတ်တစ်ပိုင်းကြတ်မည်။ မြန်မာ အပါအဝင် အရှေ့အာရှ ဩစတြေးလျ တို့မှ
မြင်တွေ့နိုင်မည်ဖြစ်ကြောင်း နက္ခတ္တဗေဒပညာရှင် ခေတ္တရာဆရာကျော်က ပြောသည်။
ကြတ်ပုံချင်းမတူနေနှင့် ကမ္ဘာကြား လရောက်သွားတိုင်း နေကြတ်ခြင်းမဖြစ်ပါဘူး။ လပတ်လမ်းတည်တဲ့ပြင်ညီနဲ့ ကမ္ဘာပတ်လမ်း တည်ရှိတဲ့ ပြင်ညီတို့ဟာ အမြဲတမ်းတစ်ထပ်တည်း
ကျရောက်နိုင်မှု မရှိဘဲ ၅ ဒီဂရီ အံသာနှင့် ၁၅ လိတ္တာခန့် တိမ်းစောင်းနေလို့
ဖြစ်ပါတယ်။ နေကြတ်ခြင်းမှာ (၁) သဗ္ဗကြတ် အကုန်လုံး မည်းမှောင်သွားခြင်း၊
(၂) တစ်စိတ်တစ်ဒေသကြတ် အစိတ်အပိုင်းတချို့ မည်းမှောင်ပိတ်ဖုံး ခြင်း၊ (၃)
အရစ်ကြတ် နေ၏နှုတ်ခမ်းစက်ဝန်း အလင်းရစ်ကိုသာ မြင်နိုင်သောကြတ်ခြင်း
ဆိုပြီးရှိပါတယ်။ လကြတ်ခြင်းကို ရှေးအခါက လငပုပ်ဖမ်းသည်
လို့ ပြောကြ ပါတယ်။ဗေဒင်တွက်ရိုးကျမ်း မှာ နေကြတ်ခြင်းကို ကောဇာ
တနင်္ဂနွေဂြိုဟ်နှင့် ရာဟု/ကိတ်ဂြိုဟ်တို့ ရာသီခွင်တူသော အခါ၌လည်းကောင်း၊
နည်းကပ်စွာ တည်ရှိလျှင်သော်လည်းကောင်း၊ တိထိပြိုသော လကွယ်နေ့ (သို့မဟုတ်)
လဆန်း ၁ ရက်တို့၌ ကြတ်နိုင်ကြောင်း တွေ့ရပါတယ်ဟု (အာကာသနက္ခတ္တဗေဒ
ကျွမ်းကျင်ပညာရှင်) ခေတ္တရာဆရာက ပြောကြားခဲ့ ပါသည်။

2 comments

  • doekalay

    October 6, 2010 at 8:09 am

    လကြတ်တာတော ့တခါမှမမြင်ဖူးဘူး။ကြည် ့ချင်တယ်။

    Reply

  • cum min

    June 19, 2012 at 4:46 pm

    မမြင်ရတော့…လည်မညောင်းတောဘူးပေါ့..

    Reply

Leave a Reply to doekalay Cancel Reply

Your email address will not be published.