ဆမာကဒါ ရွေးကောက်ပွဲ

moonpoemApril 26, 20141min09

ဆမာကဒါနိုင်ငံတော်တွင် လတ်တလော ဝရုန်းသုန်းကားဖြစ်နေကြောင်း သိရသဖြင့် ရှေ ့နေ
ဆားတစ်ဗူး မယ်ကြည်မှ ထောက်လှမ်းကြည့်ရာ နွားအုပ်များ မြက်စားအပြီး ရွာထဲဝင်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။သတင်းခေါင်းစဉ်ပါရှင်။

ယမန်နေ ့က အုပ်စုဖွဲ ့အကြမ်းဖက်ခံချင်ခြင်းဟူသောစာသည် ဘုရင်မ ခုံအောက်သို ့ဝင်လာသဖြင့် ထူးဆန်းအံ့ဩစွာဖြင့် ဖောက်ဖတ်ကြည့်ရာ အပျိုကြီးများ အုပ်စုမှ သူငယ်လေးများမှ ၎င်းတို့ အပျိုကြီးများ အုပ်စု လက်ဖက်ရည်ဆိုင်ရှေ ့ဖြတ်လျှောက်သော်လည်း တစ်စက်မှ လှည့်မကြည့်ရာမှ စတင်သည်ဟု သိရပါတယ်။

ယခုအခါ နိုင်ငံတွင် အေးချမ်းသာယာရေးကို ထောက်ရှူပြီး တစ်နိုင်ငံလုံးအား မီးသတ်ပိုက်နှင့် ရေဖျန်းပေးရန်၊ ကိုယ့်အိမ်ရှေ ့ကိုယ် ရေလောင်းကြရန် ဝိတိုရိယဘုရင်မမှ ညွှန်ကြားထားသော်လည်းအခုချိန်ထိ မအေးချမ်းနိုင်သည့် နယ်မြေတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။အဆိုပါမအေးချမ်းနိုင်သော နယ်မြေများမှာ အပျိုကြီးများ စုရျ် နေထိုင်ကြသော မူလဂျီသွန်နီပြည်နယ်နှင့် အပျိုကြီးများရန်ကြောက်ရျ် ပြည်နယ်ခွဲနေထိုင်ကြသော သူငယ်လေးများဧ။် အူစီထူလဗြီပြည်နယ်တို ့ဖြစ်ကြပါတယ်ရှင်။

ပြည်နယ်ဟု ဆိုသော်လည်း မန္တလေးနှစ်ပြသာသာ၊ရန်ကုန် ၃မှတ်တိုင် သာသာကျယ်ဝန်းသော နယ်မြေများဖြစ်ကြသဖြင့် တစ်ဘက်နှင့်တစ်ဘက် ရန်ပွဲများ၊ စောင်းမြောင်းချိန်းဆိုပွဲများ ရှိနေသဖြင့်
မအေးချမ်းနိုင်ခြင်း ဖြစ်ပါတယ်။ပြည်နယ် ၂ခုကြား တစ်ဘက်နှင့် တစ်ဘက် မဝင်နိုင်ရန် ကြက်ဆူပင်များ၊
စူလာနဖာပင်များဖြင့် အခိုင်အမာ ကာရန်ထားသော်လည်း အိမ်နီးနားချင်း နိုင်ငံဖြစ်သော မြန်မာနိုင်ငံမှ
ကြက်ဆူပင်များမှ ဒီဇယ်ဆိုလား ဓာတ်ဆီဆိုလား ထုတ်ယူရန်အကြံအစည်ဖြင့် ဈေးကောင်းပေးဝယ်ရာမှ
ယခုအခါ ထိုပြည်နယ်၂ခုကြား ဟောင်းလောင်းပွင့်လျက်ရှိနေတယ်လို ့လည်း သိရပါတယ်။

၂၀၁၅တွင် ဆမာကဒါနိုင်ငံတွင် ရွေးကောက်ပွဲရှိသည့်အတွက်အဆိုပါ ရွေးကောက်ပွဲအမီ ထိုပြည်နယ်နှစ်ခုအား
ရင်ကြားစေ့ရန် မိုးကုတ်ပေါက်ပေါက်မှ တာဝန်ယူပြီး ချုပ်လုပ်ပေးသွားပါမယ်လို ့ကတိကဝတ်ပြုသွားပါတယ်။
ရွေးကောက်ပွဲသည် ၂မျိုး၂စားပြုလုပ်မည် ဖြစ်ပြီး အဆိုပါ ၂မျိုး၂စားမှာ မတ်တပ်ရပ်ရွေးကောက်ပွဲ၊ ထိုင်လျက်ရွေးကောက်ပွဲတို ့ပဲ ဖြစ်ပါတယ်ရှင်။

သတင်းများကို တင်ပြလို ့ပြီးသွားပါပြီ။ဆမာကဒါ နိုင်ငံသူနိုင်ငံသားအပေါင်း ကျန်းမာချမ်းသာရျ် ဝမ်းပါနိုင်ကြပါစေရှင်။

9 comments

  • ခင် ခ

    April 26, 2014 at 3:03 pm

    “ကြက်ဆူဆီထွက် စုကြည်တက်”
    ဆိုတဲ့ စကားရပ်ခေါ်မလား တပေါင်ခေါ်မလာ ထွက်လာပြီးကထဲက ကြက်ဆူပင်စိုက်တဲ့ အလုပ်လည်းရပ် ကြက်ဆူပင်ကဆီလည်းမထုတ်တော့တာ အရင်စိုက်ခဲ့တဲ့ ကြက်ဆူတွေအခုဆို တောရိုင်းပင်ဖြစ်ပါပကောဗျာ။

    Reply

  • Ma Ma

    April 26, 2014 at 3:24 pm

    သရော်စာက ပီပြင်လှပါပေတယ်။ :mrgreen:

    Reply

  • moonpoem

    April 26, 2014 at 4:52 pm

    တဘောင်ကြောင့် ကြက်ဆူပင်အစိုက်င်္ရပ်သွားတာလား။
    ကျွန်တော် တကယ်မသိဘူး ကိုခင်ခ ရှင်းမှသိတော့တာပဲ။

    Reply

  • snow smile

    April 27, 2014 at 8:48 am

    ဘယ် လို တွေ များ တွေး ပြီး ရေး လိုက် လေ သ လဲ
    အဲ ့ လို ရေး တတ် ချင် တယ်

    Reply

  • ကေဇီ

    April 27, 2014 at 1:06 pm

    နာ တို့ကကြက်နှစ်ဖွား ဆိုတော့ ရွေးရွေးကောက်ရတာ ဝါသနာသိပ်ပါ
    :mrgreen:

    Reply

  • မီ မီ

    April 27, 2014 at 1:45 pm

    အရမ်းရီရတယ် မမ

    Reply

  • TNA

    April 27, 2014 at 6:29 pm

    ရီလိုက်ရတာဟယ် ကြံကြံဖန်ဖန်စဉ်းစားတတ်တယ်

    Reply

  • Wow

    April 28, 2014 at 1:39 pm

    ကြက်ဆူပင်တွေနှုတ်သွားဘီဆိုတော့ ဆူလာနဖာပင် ကျန်အူးမာပေါ့ :mrgreen:

    Reply

Leave a Reply

Your email address will not be published.