“အပြင်း ထန် ဆုံး သော တုန့် ပြန်ခြင်း”

“အပြင်း ထန် ဆုံး သော တုန့် ပြန်ခြင်း”


အရောင် မ ရှိ
အဆင် းမရှိ
အနံ ့ မ ရှိ
အ ရ သာ မ ရှိ
ပုံသဏ္ဍန် မရှိ
ဆို သော အရာကို
ရေ ဟု ခေါ် သည်တဲ့။

ဆိုး တဲ့ အရောင် အတိုင်း လိုက်
ထည့် တဲ့ ခွက် အတိုင်းေ ပြာင်း
သွန် လို သွန်
မှောက် လို မှောက်
ကြိုက် သ လို ထား
ငြင်း ဆန် ကန် ့ကွက်ခြင်း
မရှိ သော ရေ။

သို့သော်
သုည ဒီ ဂရီ ရောက် ရင်
အေးခဲ
ဒါပေ မယ့် လည်း
အချိန် ကာလတစ်ခုမှာ
မူ လ ေ ရ ဘ ဝ
ပြန် ရ နို်င် ပါသေးတယ်။

တစ် ရာ ဒီ ဂရီ ကျော် ရင်တော့
ဆူပွက်ပြီး
အ ငွေ့ ပျံ
ပြင်းထန် သော
တုန့် ပြန် ခြင်း ရဲ့အဆုံး
မူရင်း ရေ ဘ ဝ
ပြန ်ရ ဘို့ ဆို တာ
အတော် လေး ခက် ခဲ
ဆုံး ရှုံး ခြင်း တွေ နဲ့
လဲ မှ
နဂိုရ် ဘဝ ပြန ်ရ မယ် ထင် ပါ တယ်။

ကို ပေါက် လက် ဆောင် အ တွေး စဉ်
25-4-2014

14 comments

  • Mr. MarGa

    April 26, 2014 at 9:32 am

    အငွေ့ပျံတဲ့ ရေကို
    အပေါ်ကနေ အုပ်စီးနိုင်ရင်
    သိပ် မခက်ခဲ ဘဲ
    ပြန်ရနိုင်ပါသေးတယ်ဗျာ။

    ဟုတ်ဖူးလား

    Reply

    • ခင် ခ

      April 26, 2014 at 12:33 pm

      ဒါပေမယ့် ထိုပေါင်းခံရေမှာ ဒြပ်တစ်ချို့တော့ ပြောင်းသွားခဲ့ပြီလို့ ထင်တာဘဲ

      Reply

  • alinsett (gazette)

    April 26, 2014 at 12:47 pm

    လေးပေါက်
    အတွေးတွေ ပို တောက်ပြောင်လာတယ်

    Reply

  • snow smile

    April 26, 2014 at 1:39 pm

    ကောင်း ဘာ ဒယ် ကောင်း ဘာ ဒယ်

    Reply

  • မဟာရာဇာ အံစာတုံး

    April 26, 2014 at 1:49 pm

    အတွေးကတော့ ရေလည် မိုက်သဗျာ ..
    အဲ့ဒီ အငွေ့ပျံ ရေလိုပဲ
    ဒေါသကြောင့် လူတစ်ယောက်ဟာလည်း
    အဖတ်ဆယ် မရတော့အောင် ပျက်ဆီးသွားတတ်သေးတယ် …

    Reply

  • ဒီ က ဗျာေ လး က သီ ချင်း နား ထောင် ရင်း ဖျပ် ကန ဲ စိတ် ထဲ ပေါ် လာ တာပါ

    ည အိမ် မှာ မွန်း အောင် ရဲ ့ ငြိမ်သက်ခြင်း ဆို တဲ့ သီ ချင်းေ လး နား ထောင် နေ ရ င်းက

    ” တကယ် ဆို ရေ ဟာ အရောင်း အဆင်း မဲ့
    ဆိုး တဲ့ အရောင် အတိုင်း လို်က် လို့ သာ စွန်း ရစ် ထင် သလို ဘဲ” ဆို တဲ့ စာ သား ကို နား ထောင် မိ တော့ ဒီ ကဗျာ ကို ရေး ဖြစ် သွား တာ ပါ

    Reply

  • TNA

    April 27, 2014 at 10:56 pm

    ပြင်းထန်လှချည်လားလေးပေါက်ရယ်။ ဒီကဗျာလေးနဲ့အတူ ဆက်ဆပ်တွေးမိတာလေးတွေရှိသွားတယ်။ စိတ်ဓါတ်ပျက်သွားတဲ့သူတွေလဲ အငွေ့ပြန်သွားတဲ့ရေလိုပဲ မူလစိတ်ဓါတ်ပြန်ရဖို့မလွယ်တော့ဘူးဆိုတာလေး

    Reply

  • မှန် တာ ပေါ့ မွ သဲ ရယ်

    အဲ တော့ ဘယ် နေ ရာ မဆ ို

    အငွေ့ ပျံ ထိ မ ရောက် အောင် ဆင် ခြင် ကြ ရ မယ် လေ

    Reply

Leave a Reply to ကိုပေါက်(မန္တလေး) Cancel Reply

Your email address will not be published.