တကယ့် ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်း အကြောင်းလေးပါ…

JuemyitAugust 10, 20101min016

တကယ့် ဖြစ်ရပ်မှန် အကြောင်းလေးပါ…

အချိန်ကတော့ ကြာခဲ့ပါပြီ… ၂၀၀၅ခုနှစ် ရန်ကုန်မြို. ၊ ကြည်.မြင့်တိုင်မြို.နယ် ၊ အထက(၂) ကျောင်းမှ ကလေးတွေအပေါ် သွေးစက်များကျခဲ့တာပဲ ဖြစ်ပါတယ်။

ဖြစ်ပုံကတော့… ၁၇.၂.၂၀၀၅ ခုနှစ် ကြာသာပတေးနေ. နေ.လည်၂း၁၅ နာရီ အချိန် ဆဌမတန်း(စီ)မှ ကျောင်းသူကျောင်းသား (၅) ဦးရဲ. စာသင်ခုံပေါ်သို. သွေးစက်များကျခဲ့တာပါ။ နောက်တစ်ရက်မှာလဲ ထိုကျောင်းသူကျောင်းသား (၅)ယောက်တို.ရဲ. ကျောကုန်း ၊ လက်ဖျံလက်ခုံ ၊ စာသင်ခုံ ၊ လွယ်အိတ်များအပေါ် သွေးစက်များထပ်မံကျခဲ့ပါတယ်။ တစ်ရက်လဲမက နှစ်ရက်လဲမက ကလေးတွေအပေါ်သွေးစက်များကျလို. ကလေးတွေကလဲ ကြောက်လန်.ခဲ့ရပါတယ်။ သွေးစက်ကျခံရတဲ့အထဲမှာပါတဲ့ ကျောင်းသူမနှင်းပွင့်အောင်က မျက်စိနဲ.ကိုယ်တိုင် သွေးစက်များဖျော်နေတာကို မြင်တွေ.ခဲ့ရတယ်လို.ဆိုပါတယ်။ ပိုပြီး ဆန်းတာကတော့ သွေးစက်ကျခံရတဲ့ကျောင်းသားကျောင်းသူတွေသာ သွေးစက်များဖျော်နေတာကို မြင်တွေ.ခဲရတာဖြစ်ပြီး ကျန်တဲ့သူတွေက မမြင်တွေ.ခဲ့ရပဲ ဖြစ်ပါတယ်။ မနှင်းပွင့်အောင် ပြောပြချက်အရ ၂၁.၁.၂၀၀၅ ခုနှစ် တနင်္လာနေ. နေ.လည်ပိုင်းအချိန် ဘုရားခန်းအတွင်း ဝတ်ပြုနေစဉ်မှာ မျက်စိဖွင့်ကြည်.ချင်စိတ်ပေါ်လာပြီး ဖွင့်ကြည်.ရာ ဆံပင်ဖားလျားချထားသော အမျိုးသမီးတစ်ဦးမှ ကျောက်ဆုံထဲမှာ သွေးများကိုမွှေနေတာကို တွေ.ခဲ့ရပါတယ်။ အဲဒီသွေးများကို အမျိုးသားတစ်ဦးက သစ်သားဇွန်းကြီးနဲ. ခပ်ပြီးတော့ ပက်ဖျန်းနေတဲ့ပုံစံမျိုးပါ။ မနှင်းပွင့်အောင်လဲ ကြောက်လန်.ပြီးတော့ ဆရာမဖြစ်သူ ဒေါ်အေးအေးပြုံးကို ပြောပြခဲ့ပါတယ်။ အဲဒီလိုပြောနေချိန်မှာပဲ သူငယ်ချင်းဖြစ်သူ မခိုင်ဇာနွယ်ရဲ. ကျောပြင်ပေါ်မှာလဲသွေးများ စွန်းနေပါတယ်။ ရှေ.မှထိုင်နေသူ ကျောင်းသားမောင်ညီညီအောင်ကလဲ သူတို.နှစ်ဦးကို ” နင်တို.မြင်သလို အားလုံး ငါလဲမြင်နေရတယ် လို.ပြောပါတယ်။ တစ်ချိန်ထဲမှာ သွေးတွေမွှေနေတဲ့ မိန်းမကြီးက ပြုံးနေတာကိုလဲ သူတို.တွေ.ခဲ့ရပါတယ်လို. ပြောသွားပါတယ်။ အဲဒီအချိန်မှာ ကျောင်းအကျိုးတော်ဆောင်ဦးလှမျိုးထွန်းမှ မယုံကြည်ဘူးလို. ပြောလိုက်ရာ သူရဲ. လက်ယာဘက် လက်ဖျံပေါ်ကို သွေးစက်များကျလာတာကို ကိုယ်တိုင်မြင်လိုက်ရပါတယ်လို. ပြောသွားပါတယ်။ အဲဒီတုန်းက ရန်ကုန်မြို.မှာ အုတ်အော်သောင်းနင်းနဲ. ပုဏ္ဏကတိုက်တယ် ဘီလူးစီးတယ်လို. ကောလာဟလတွေနဲ.ပြည်.ရင်း ရုတ်ရုတ်သဲသဲဖြစ်ခဲ့တာပါ။ ကျောင်းမှတာဝန်ယူရှိသူတွေကလည်း သွေးစက်များတွေ.လို.ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ ကြည်.မြင့်တိုင်(ရဲစခန်း) မှ ဒုရဲအုပ် ၊ သင်္ဃန်းကျွန်းရဲစခန်းမှ စခန်းမှူးကိုယ်တိုင်နဲ. တာဝန်ရှိသူတွေကလဲ အကြောင်းရင်းကို လိုက်လံစုံစမ်းစစ်ဆေးခဲ့ပါတယ်။ ဘာမှမတွေ.ခဲ့ရပါဘူး။ အတွေ.အကြုံနှံ.စပ်တဲ့ စခန်းမှူးက ဒီကိစ္စဟာ သာမန် ဖြစ်လေ့ဖြစ်ထ ကိစ္စမျိုးမဟုတ်ဘူး ၊ ဆန်းကြယ်တယ်ဟု ပြောဆိုကာ သင်္ဃန်းကျွန်းမြို.နယ်ထဲက ဆ/ခ ရပ်ကွက်ထဲမှာနေတဲ့ စိတ်စွမ်းအားရှင ်မြန်မာဆေးဆရာကြီးတစ်ဦးဆီကို သွားပြီး လိုက်ပါစစ်ဆေးပေးဖို. ဖိတ်ခဲ့ကြပါတယ်။ ဆရာကြီးကိုယ်တိုင် လိုက်ပါစစ်ဆေးပြီးတဲ့အခါမှာတော့ ထိုကလေး(၅)ယောက်ရဲ. သိုက်ဘဝဟောင်းမှ တာဝန်များကိုမကျေပွန်ခဲ့လို. ဘဝဆက်တွေက သွေးစက်များပြပြီး သတိပေးခြင်း ဖြစ်တယ်လို.ဆိုပါတယ်။ ဝဋ်ကြွေးများရှိခဲ့လို. ထိုသို.ပြသခြင်းဖြစ်တယ်လို.လဲ ပြောပါတယ်။ ထိုကျောင်းသူကျောင်းသား(၅)ယောက်ဟာ ဆရာကြီးရဲ. နေအိမ်မှာရှိတဲ့ သိုက်ဘုရားရှေ.မှာ ဘုရားရှိခိုးပြီး ပုတီးစိပ်တဲ့သူစိပ်၊ တရားထိုင်တဲ့သူထိုင်စေပြီး သိုက်ဝဋ်ကြွေးတွေကို ပြေစေဖို. ဆရာကြီးက လမ်းညွှန်ပေးခဲ့ပါတယ်။ ၂၆.၂.၂၀၀၅ ခုနှစ် စနေနေ.မှာတော့ ကလေးများအားလုံး ကောင်းမွန်စွာနဲ. ပုံမှန်ရှိနေပြီး သွေးစက်များကိုလဲ မမြင်ရတော့ဘူးလို. သိခဲ့ရပါတယ်။         ။             ။

16 comments

  • Juemyit

    August 10, 2010 at 10:33 am

    ဒီ Post လေးက တကယ့်အဖြစ်အပျက်ကို ရေးပြီးတော့တင်ထားတာပါ… မရှင်းတာလေးတွေများရှိရင် အပြန်အလှန် ဆွေးနွေးပြောဆိုနိုင်ပါတယ်…..

    Reply

  • cobra

    August 10, 2010 at 11:04 am

    မှန်တယ်ဆိုတာကိုတော့ယုံပါတယ်…
    မမြင်နိုင်တာတွေရှိတယ်လေ..။

    Reply

  • Yin Nyine Nway

    August 10, 2010 at 11:44 am

    ထူးတော့ ထူးဆန်းတယ်နော်

    Reply

  • sofiadimple

    August 10, 2010 at 12:04 pm

    ဘာဝဋ်ကြွေးတွေရှိပြီးဘယ်လိုဆပ်ရင်ကျေမလဲဆိုတာဘယ်လိုသိနိုင်မလဲ ။အဲလိုဆပ်တာနဲ့ ဝဋ်ကြွေးတွေပြေနိုင်တယ်ပေါ့။
    စိတ်ဝင်စားစရာပဲ။ရှင်းပြပေးပါဦး။

    Reply

  • Juemyit

    August 10, 2010 at 2:08 pm

    ဟုတ်ကဲ့… ဝဋ်ကြွေးဆိုတာက သိုက်ဝဋ်ကြွေးပါ…သိုက်ဘဝတုန်းက သိုက်ဘုရားမှာတာဝန်ကျရောက်နေတဲ့အချိန်မှာ တာဝန်ပျက်ကွက်တာမျိူး၊ ဘုရားရှိခိုးမမှန်တာမျိုးကို ဆိုလိုတာပါ…ဒါက ဥပမာတစ်ချို.ပါ။ ကိုယ်ဆိုခဲ့တဲ့ သစ္စာကနေလဲ ဝဋ်ကြွေးဖြစ်သွားနိုင်ပါတယ်။ သိုက်ဘဝ ဝဋ်ကြွေးရှိတယ်လို. ဆိုရာမှာလဲ တစ်ယောက်နဲ.တစ်ယောက် မတူပါဘူး။ ဝဋ်ကြွေး ဖြေရတဲ့ပုံစံချင်းလဲမတူပါဘူး။ ဖြေလို.ရတဲ့ ဝဋ်ကြွေးရှိသလို ဖြေလို.မရတဲ့ဝဋ်ကြွေးလဲ ရှိပါတယ်.. သိုက်ဆက်ပေါ်နေပြီဆိုရင်တော့ ဘယ်လိုဆပ်ရင် ကြေမလဲဆိုတာကို သိနိုင်ပါတယ်.. sofiadimple အနေနဲ. စိတ်ဝင်စားတယ်ဆိုရင် လက်တွေ.သွားရောက် လေ့လာနိုင်တဲ့ နေရာကို ပြောပြပေးနိုင်ပါတယ်။

    Reply

  • fatty

    August 10, 2010 at 4:05 pm

    တကယ့်ကိုဖြစ်ရပ်ဆန်းလေးပါလား။ ဝဋ်ကြွေး ဆိုလို့ … ဒီဘဝမှာ ပါရမီပေါ်လာလို့ တရားဘာဝနာများ အားထုတ်တော့မယ်ဆီုရင် ..မြတ်စွာဘုရားရှင်ရှေ့မှာ …ဒီလို ဆုတောင်းမှု
    တခုအရင်ပြုုရပါတယ်။ ….. တပည့်တော် သည် ဘုရားရှင်၏ တရားတော်ကိုယနေ့မှစရျ် အားထုတ်မည်ဖြစ်ပါသောကြောင့် .. ဘဝအဆက်ဆက်တောင်းခဲ့သော ဆုများ ပျက်ပြယ်
    ရပါစေသား …..ဆိုလိုတာကတော့ ..အရင်ဘဝဘဝ အဆက်ဆက်က ဘာတွေဖြစ်ပြီး ဘာဆုတွေတောင်းခဲ့မှန်းမသိရလို့ပါဘဲ။ ဒါကြောင့်ဆုတောင်းတွေရပ် နိဗ္ဗာန် ကိုပြန်ဦးတည်ခိုင်းတာပါဘဲ။

    Reply

  • winne

    August 11, 2010 at 7:43 am

    သိုက်ဆိုတာ ပြိတ္တာ အမျိုးအစားထဲကပါ။ တချိုကတော့ အသူရကယ် အဆင့်လောက်ရှိကြတာဘဲ သူဟာသူ အဆင့် တွေ ရှိကြတယ်။ ဒါပေမဲ့ သိုက်ဘုရား ဆိုတာကိုတော့ အယူလွဲလို့ သုံးတဲ့ စကားလို့ ယုံကြည်တယ် ဘုရားဆိုတာ ဘုရားဘဲ သိုက်ဘုရားမှ ဘုရား မဟုတ်သလို သိုက်ဘုရားမှာ သစ္စာဆိုမှာ တာဝန်ကျေမှ မဟုတ်ဘူး။ အားလုံးက အစွဲကိုယ်စီရှိနေကြလို့ ဒီလိုတွေးပြီး ဒီလို လုပ်နေရတာ။ ကိုယ်တိုင်ခံစားရတဲ့ ညီမလေး မောင်လေးတွေကို ကိုယ်ချင်းစာပါတယ်။ သူများလွမ်းမိုးခံရတယ်ဆိုတာ ကိုယ်က ကိုယ်ခံအားမကောင်းလို့ အားလုံးက မွေးတည်းက တယောက်တည်း သေလည်း တယောက်တည်း သံသရာမှာလည်း ကိုယ်လုပ်တဲ့ ကိစ္စအတွက်သာ ကိုယ်ပြန်ဆပ်ရတာ။ အယူတွေ မလွဲပါနဲ့။ သိုက်ဆိုတာ မရှိဘူးလို့ မပြောဘူးနော်။ သိုက်ဆိုတာ ရှိပါတယ် လူထက်တော့ မမြင့်ဘူး။ အပါယ်လေးဘုံသားတွေပါ အမြင့်က လူတွေက အနိမ့်က ဟာတွေ လုပ်သမျှ ခံရမဲ့ ဘဝ မဟုတ်ဘူး ခံရရင်တောင် သူတို့ မလုပ်နိုင်အောင် လုပ်ရမယ်။ စိတ်ဓါတ်ရေးရာ မာကျောဖို့တော့ မဟုတ်ဘူး တရားဓမ္မကို သေချာ အားထုတ်ပါ။ အထူးပြောရရင် ဝိပသနာ တရား အားထုတ်ပါ။ သူတို့ တာဝန်မကျေဘူး ဘာညာဆိုတာ သိုက်ဘဝတုန်းက သူတို့ ရဲ့ အထက်က လူတွေ ဖြစ်ပါလိမ့်မယ် ဥပမာ အဖေ အမေ လိုမျိုးပေါ့ ဝါကြီးသူ ဆရာသမား အဲလို မျိုး ဖြစ်ခဲ့လို့ သူတို့ စိတ်က အရှိန်မသေသေးလို့ နင်တို့ လုပ်တာ တာဝန်မကျေဘူးဆိုပြီး ပြောတာပါ။ လူဘဝနဲ့ ဥပမာ ပေးရရင် အိမ်ဖော်က အိမ်မှာ တော့ အလုပ်သမားပေါ့ သူဠေးနဲ့ ညားလို့ သူဠေးကတော် ဖြစ်ရင်တော့ ကိုယ် အလုပ်သမားလို ဆက်ဆံလို့ မရသလိုမျိုးဘဲ ကံကြောင့် ဖြစ်လာတဲ့ ရုပ်ကို သူတို့ အောက်က လက်အောက် ငယ်သားလိုမျိုး လက်အောက် ငယ်သား အဖြစ် ပြန်သိမ်းသွင်းချင် သလိုမျိုး လုပ်လို့မရအောင်နေပါ။ ကိုယ်က မနေတတ်ရင် (ကုသိုလ်တရား) ပွားများ အားထုတ်မှု နည်းရင်တော့ ပြန်သွားရမှာဘဲ။ သတ္တဝါတွေက သူ အစွဲ နဲ့ သူရှိနေကြတာဘဲလေ။

    Reply

  • Gong Zhu

    September 15, 2010 at 2:28 am

    ဝဋ်ကြွေး ဆိုတာ ဘဝတိုင်းမှာပါပါသွားတာလား ?

    Reply

  • zawthulay

    July 30, 2011 at 3:43 pm

    သိုက်ဆိုတာတော့မပြောတတ်ဘူး…ဒါပေမယ့်ဒါတွေက ပရလောကသားတွေနဲ့ဆိုင်နေတယ်ဆိုတာကိုတော့ ယုံပါတယ်..တော်သေးတာပေါ့လူတွေကိုအနှောင့်အယှက်မပေးလို့..

    Reply

  • MOEPWINTPHYU

    July 30, 2011 at 4:46 pm

    အင်းမယုံတစ်ယုံပဲ အကြုံးဘူးဘူး ကြားပဲကြားဖူးနေရတာ

    Reply

  • suicide blind

    July 30, 2011 at 5:19 pm

    ကြားတော့ကြားဖူးတယ်…ကလေးတွေတေ်ာတေ်ာကြောက်ကြမယ်နော်…ကျွန်တေ်ာတောင်
    ဖတ်ရင်းကြက်သီးထတယ်..

    Reply

  • True Answer

    July 30, 2011 at 6:45 pm

    ကောင်းတယ်ဗျို့။ ဒီလို ပို့စ်လေးတွေများများတင်ပေးပါ ခင်ဗျာ။ ဒီဆိုဒ်မှာ ပစ္စုပ္ပါန်သမားတွေ များတယ်ဗျ ။

    Reply

  • ရွှေအိမ်စည်

    July 30, 2011 at 9:53 pm

    ရန်ကုန်မှာနေတာဘဲ….ကြည်မြင်တိုင်မှာနေတဲ ့သူတောင်မကြားဘူးဘူး…

    ဘယ်ခေတ်မှာနေလည်းတော့မသိဘူး..

    ကျောင်းအုပ်ဆီဖုံးဆက်ပြီးစပ်စုမှဘဲ….
    ၆နှစ်ကြာပြီဆိုတော့လည်း….
    …………………

    Reply

  • kai

    July 31, 2011 at 3:04 am

    ငှက်သိုက်ကတော့.. ဈေးကြီးကြီးပေးရတယ်…။
    စားကြည့်တေ့ာ ဒီလောက်လည်းမကောင်းပါဘူး..။ ငှက်အံဖတ်တွေတဲ့..။ ဇီဝဇိုးငှက်လို့ မှတ်မိတယ်..။
    ဆေးဖက်ဝင်တယ်လို့တော့ပြောကြတယ်..။ ဗီတာမင်အားဆေးတွေ… မလုပ်တတ်မထုတ်တတ်တုံးက.. လူတွေ စားကြရတာပေါ့…။

    ကျောက်နံရံတွေမှာ.. တွယ်ကပ်နေတာဖြစ်လို့.. အဲဒီအသိုက်ဆွတ်သူတွေ..အင်မတန်အသက်အန္တရာယ်များတယ်..။
    အသိုက်တွေကို …ဘဝနဲ့ရင်းပြီး.. ယူစရာမလိုဘူး..။
    ဗီတာမင်ဆေးတွေ ပေါချင်းသောချင်းဖြစ်နေတဲ့ ခေတ်မှာနော…။ 🙂

    Reply

  • ကြောင်ကြီး

    July 31, 2011 at 3:55 am

    ရွာထဲမှာလည်း သိုက်ရှိတယ်။ သိုက်နန်းရှင်က သဂျီးမင်းဦးခိုင်။ ဒါပေမဲ့ ရွာသားအချို့က ထင်တာထက် စွမ်းလို့ သိုက်ထဲကပစ္စည်းတွေကို သူ့မျက်စိအောက်တင်မသွားတာများလို့ အခုဆိုရင် ရွာဂိတ်ဝမှာ စီစီတီဗွီ လုံခြုံရေးကင်မရာတပ်စောင့်နေရပြီ…။ 😀

    Reply

  • Phaung Phaung

    June 13, 2012 at 5:17 pm

    ဒီဖြစ်ရပ်ဟာအမှန်ပါပဲ… ကြည့်မြင်တိုင်အထက(2)မှာဖြစ်သွားတာပါ။ ကျွန်မတို့အိမ်မှာငှားနေတဲ့ကလေးလေးက အထက(2)မှာတက်လို့သိတာပါ။

    Reply

Leave a Reply

Your email address will not be published.