လိုအပ်ချက်၃ခု

nitrospeedAugust 9, 20101min02

တခါက အိမ်ရှင်မတဦးသည် အိမ်ရှေ့တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုသုံးဦး
ထိုင်နေသည်ကို တွေ့လိုက်မိသည်။ ထိုအဘိုးအိုများကို သူမသိပေ။
“အဘိုးတို့ကို ကျွန်မ မသိဘူး။ဒါပေမဲ့ အဘိုးတို့ ဆာနေလောက်မယ်ထင်တယ်။
အိမ်ထဲဝင်ပြီး တခုခု သုံးဆောင်ပါဦးလား” ဟု သူမ လောကွတ်ပြုသည်။
“အိမ်ရှင်ယောက်ျားရှိနေလား” အဘိုးအိုက မေးသည်။”မရှိဘူး…အပြင်သွားလို

က်တယ်”
“ဒါဆို အဘိုးတို့ အိမ်ထဲကို ဝင်လို့မရသေးဘူး”
ညနေ လင်ယောက်ျား ပြန်လာသောအခါ အိမ်ရှင်မက အကြောင်းစုံကို ပြောပြလိုက်သည်။
“ကိုယ်အိမ်ရောက်နေပြီပဲ…သူတို့ကို ပြန်သွားဖိတ်လိုက်ပါဦး”
အိမ်ရှင်မက အဘိုးအို သုံးဦးအား အိမ်ထဲဝင်ခဲ့ဖို့ ဖိတ်ခေါ်ပြန်သည်။
“အဘိုးတို့ သုံးယောက်စလုံး အိမ်တအိမ်ထဲကို ပြိုင်တူဝင်လို့ မရဘူး”
“ဘာဖြစ်လို့လဲ…အဘိုး” အိမ်ရှင်မက တအံတဩနှင့် မေးသည်။
“သူ့နာမည်က ဓနဥစ္စာတဲ့” အဘိုးအိုတဦးက အခြားတဦးကို ထိုးပြပြီးပြောသည်။ ဆက်၍
“သူကတော့ အောင်မြင်ခြင်း၊ အဘိုးက ချစ်ခြင်းမေတ္တာ၊ အိမ်ထဲကို ဘယ်သူအရင်
ဝင်ရမလဲဆိုတာ တူမလေးယောက်ျားနဲ့ အရင် သွားတိုင်ပင်ကြည့်လိုက်ဦး”
အိမ်ရှင်မမှာ အိမ်ထဲဝင်ပြီး လင်ယောက်ျားကို အကြောင်းစုံ ပြောပြပြန်သည်။
“အော်.. ဒီလိုကိုး… ဒါဆိုရင် ဓနဥစ္စာကို အရင်ဆုံးဖိတ်လိုက်ရအောင်”
“ဘာဖြစ်လို့ အောင်မြင်ခြင်းကို အရင်မဖိတ်တာလဲ” အိမ်ရှင်မက အတွန့်တက်သည်။
“ချစ်ခြင်းမေတ္တာကို အရင်ဆုံး ဖိတ်လိုက်ရင် မကောင်းဘူးလား”
ထောင့်တနေရာတွင် ထိုင်ပြီး သူတို့ပြောသော စကားကို နားထောင်နေသည့်
ချွေးမဖြစ်သူက အကြံပြုသည်။
“အင်း….ကောင်းတယ်။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်” ချွေးမ၏ အကြံကို
သူတို့ထောက်ခံလိုက်ကြသည်။ “ချစ်ခြင်းမေတ္တာကို အရင်ဖိတ်ပါတယ်။ အိမ်ထဲကို
ကြွပါ” အိမ်ရှင်မက ဖိတ်ခေါ်လိုက်သည်။ ချစ်ခြင်းမေတ္တာဟုသော အဘိုးအိုက
အိမ်ထဲဝင်သည်နှင့် ကျန်အဘိုးအို နှစ်ဦးက လိုက်ဝင်လာသည်။
” သုံးယောက်လုံး ပြိုင်တူဝင်လို့ မရဘူးဆို ကျွန်မက သူ့ကိုပဲ
အရင်ဖိတ်လိုက်တာ။ အဘိုးတို့က ဘာလို့ လိုက်ဝင်လာရသလဲ”
“တကယ်လို့ တူမက ဥစ္စာဓန သို့မဟုတ် အောင်မြင်မူကို အရင်ဖိတ်ရင်
ကျန်တဲ့နှစ်ဦးက လိုက်ဝင်လို့မရဘူး။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်ဆိုရင်
သူဘယ်ကိုသွားသွား ကျန်တဲ့နှစ်ဦးက လိုက်ကိုလိုက်ရတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာဆိုတာ ရှိရင် ဥစ္စာဓနနဲ့ အောင်မြင်မူ ဆိုတာလည်း ရှိမှာပဲ”


2 comments

  • True Faith

    August 10, 2010 at 6:11 am

    တိုတိုနဲ့ ရှင်းရှင်းဖြစ်ပြီး နားလည်လွယ်ကူကာ မှတ်သားစရာ Message တခု ပေးနိုင်တဲ့ စာစုလေး တခုဖြစ်တဲ့အတွက် ကြယ် ၁ဝ ပွင့် အပြည့်ပေးလိုက်ပါတယ်။ အရေးအသားက စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးနိုင်သလို အိုက်ဒီယာလည်း ကောင်းပါတယ်။ သူငယ်ချင်းဆီက နောက်ထပ် စာကောင်းလေးတွေ မျှော်လင့်ပါတယ်။

    Reply

  • wunnakoko

    August 10, 2010 at 8:25 am

    ထိရောက်ပါတယ်။ ဘဝမှာ တကယ်အရေးကြီးတဲ့အချက်ပါဘဲ။ ကျေးဇူးပါ။

    Reply

Leave a Reply

Your email address will not be published.