ပုံစံခွက် စုံကန်ထွက် rebellion

ဟောဟိုမှာကြည့် ဟိုဖက်အိမ်က အီးဒုံးဂျီး.. ယောဂီတဘက်လေးနဲ့ ဓမ္မာယုန်က ပြန်လာတာ ဘယ်လောက် ကြွက်သရေ ရှိသလဲ၊ နေ့စဉ်ညတိုင်း ဘုရားဝတ်မပြတ် လူဂျီးသူမကိုရိုသေ ကောင်းမှုကုသိုလ် အာရုံနဲ့နေဒယ်။ ရွာဒဲက အူကြောင်ဂါး ကြည့်လိုက် အပတ်တိုင်း ဘုရားကျောင်းတက်၊ လူမှုရေးအလုပ်မှာ တက်တက်ကြွကြွနဲ့ ကူညီဂျင်ဒဲ့ ဆိတ်ရှိဗုံများ မတောင်းရသေးဘူး ပေးမယ်ဆိုဒါချည်း.. သူလိုဂျင်ဒါ ဂေါ့ဒ်သခင် ကောင်းချီးမင်္ဂလာ။ ကာဆင်ဘိုင့်သမီး ဧဝဒဂျီးဆိုလဲ မိဘစဂါးနားထောင် ဗိုင်းကောင်းကျောက်ဖိ၊ မဟုတ်တာလုပ်ဖို့ သိပ်ဝန်လေး၊  အချိန်ဒိုင်း အလ္လာရှင်မြတ် အလိုတော်ဗဲ။

သာမီးလေးဝေါင်း ဘာလိုဂျင်လဲ ပေါဇမ်း.. လင်.. လိုဂျင်ဒယ် ဖေဖေ…။ ဘာစ်.. ငါ့သာမီး တော်လှတော်လှ.. သရီးကွာတားရှော့ပန်ဝတ် ဆိုင်ကိုယ်စီးထွက်တော့သဂိုး..။ အဲလို ဟုတ်ရဗာပူး ဖေကြောင်.. သာမီးပေါဒါ ဟို ဟို.. လင်ဇီးဆေးမြစ်ပါ.. လူကျန်းမာမှ ဆိတ်ချမ်းသာမယ် အသားတိုးမယ် ဈေးကောင်းရမယ် ဖေဖေ..။ အိမ်း .. ဒါလဲ ဟုတ်သကွဲ့.. ရွာသာဂျီး သားသတ်ရုံက ဆလိုင်းဖင်ပြောင်တို့ပြောဒါ ဆိတ်ဝဝသတ်မှ ပိုကုသိုလ်ရဆိုဗဲ..။ နောက်ပီး “ကြက်မသီချင်းသည်လက်ကြီးပွား” ရှေးစာဆိုရှိ မဟုတ်လား။ ဟုတ်မယ် ဟုတ်မယ် ဒါဂို ပိဋကတ် အိုးခြမ်းကွဲ ခွက်ပုန်းပဏ္ဍိတ် ဂျော်လ်ကီအောင်ပုက ကျန်းမာဂျင်းသည် လက်ကြီးတဗားလို့ လျောက်ပေါတာ နားစွန်နားဖျားကြား ကြားဖူးဒယ်..။ အိမ်း.. ဒါကြောင့် မသိရင် သိချင်ယောင်ဆောင်၊ မစင်ရင် ပုဆိုးခါးပုံစနဲ့ သုတ်လို့ စုန်းမစဂါး ရှိဒါပေါ့။

ချီးစားကြည့်စမ်း.. အဲဒီသာမီးလေးတွေအားလုံး ကောင်းအောင်နေဂျဒယ်၊ ကောင်းလဲကောင်းဒယ် အိုး..  ဒါဆို သူတို့အားလုံး မှန်နေလား၊ မှားနေလား။ တဦးတယောက်ထဲ ကွက်မှန်ပြီး ကျန်သူအားလုံး မမှန်ဖြစ်တယ်ဆို ပြုလုပ်တဲ့ကံခြင်း အတူတူပဲလေ.. ရတဲ့ကံလည်း တူလိမ့်မယ်…။ မှန်ဒယ်ယုန်လျင် ထားပါတော့ နင့်လမ်းနင် ရွေးတာ..။ အဲ… မမှန်ထင်ရင် သူတို့ပြုတာနဲ့ ဆန့်ကျင်ဖက်ကိုလည်း အမှားလို့သိလျင် အဲဟာတွေနဲ့ မတူတဲ့ လမ်းကို ရွေးရမကွဲ့..။ ပွိုင့်က ခေါင်းနဲ့ပန်းသည် ဒင်္ဂါးပြား ဟိုဖက်ဒီဖက်မို့ ဘယ်ဖက်လှန်လှန် တဒင်္ဂါးပြားထဲလို့ ပညာသိ လက်ခံနိုင်ရမယ်။ အများသူငှာလိုက်တဲ့ လမ်းရိုးလမ်းဟောင်းဂျီးက အဲလိုဟုတ်ဖူး။ ခေါင်းကိုအကောင်း ယူထားရင် ပန်းဖက်ကို အဆိုးမြင်ပစ်တယ်။ ထာဝရ ခေါင်းဖက်ကျနေလျင်၊ ခေါင်းကျပြီး ပန်းပြန်မကျတော့လျင်  ဘာအရေးလဲ.. ဒါပေမဲ့ အဲဒီလို မြဲခြင်း၊ ပိုင်စိုးခြင်း အမြင်ကို အတ္တအယူ မှားယွင်းသောအယူလို့ ဗုဒ္ဓမြတ်စွာ မှာခဲ့တယ်။ ဘယ်လောက် ကောင်းအောင်လုပ်လုပ်၊ လောကီဈာန်သမာပတ် ကြီးကြီး.. မမြဲခြင်း အနိစ္စသဘော မလွန်ဆန်နိုင်ဘူး။ လွန်ဆန်နိုင်ရင် ဗြဟ္မာ့ဘုံလို အထက်နတ်ဘုံမှာ သုခချမ်းသာ ခံစားနေဒါ ဗုဒ္ဓဘုရားရှင်က ရှုံ့ချပါ့မလား။ ကိလေသာကုန်ရာ နိဗ္ဗာန်မရောက်ဘူး ထားအုံး.. ကုသိုလ်အကျိုးဆက် သုခချမ်းသာ ဖြစ်နေတာ မင်္ဂလာမိုလို့ ဒီအတိုင်း လွှတ်ထားပေးမှာပေါ့။ ဗြဟ္မာ့ပြည် တဝင်းဝင်း ဝက်စာကျင်း တရှုပ်ရှုပ်.. အပေါ်တက် အောက်ဆင်း နိမ့်ချည်မြင့်ချည် စုန်ဆန်လည် ကူးနေရမှန်းသိလို့ ဒါတော့မဟုတ်.. ဒီလိုလွတ်အောင်လုပ်ရဒယ် နည်းပေးလမ်းပြခဲ့တာ။

ဒီဒေါ့ သူတို့လို ဒီလိုဒီပုံနဲ့မိုးချုပ် ကြိုးမပြုတ်တဲ့သိုးအုပ် အများထဲကတယောက် ဒီပုတ်ထဲကဒီပဲ ဖြစ်ချင်သလား၊ ကောင်းတာလုပ် ကုသိုလ်ဖြစ် အထက်ဘုံတက်၊ မကောင်းတာလုပ် အကုသိုလ်ရ အောက်ဆင်း အထက်တပြန် အောက်တလှည့် အဆုံးအစမဲ့ သတ်မှတ်ချက် ပုံစံခွက်မှ လွတ်မြောက်ချင်သလား၊ လမ်းရှိပါလျက် ရုန်းမထွက် နင့်လောက် မိုက်သူရှိဦးမလား.. ဘယ်သူမပြု မိမိမှု ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်။ 

ရွှေငါး ရေရှား အနေမှားပေါ့
ရွှေငါး ရေရှား အနေမှားပေါ့

18 comments

  • မီ မီ

    March 10, 2014 at 11:21 am

    ကြောင်စကား
    လူနားမလည်
    ရှင်းတာကို ရှုပ်အောင်လုပ်တယ်
    ဘယုတ်သုတ်ခ 🙁

    Reply

  • ဘရန်းဒက် ကေဇီ

    March 10, 2014 at 11:41 am

    မသေခင်လေး ဝဝ စားပါရစေဦး ဒက်ဒီကြောင်။

    😀

    Reply

  • ဦးကြောင်ကြီး

    March 10, 2014 at 11:45 am

    လူမလေး မီမီကို ကြောင် စားဂျင်ဒယ်… ကျွေးမား.. နားဒင်မက အကုန်လည်သွားဇေယျမြည်… ညောင်….

    Reply

  • မီ မီ

    March 10, 2014 at 11:52 am

    သေလိုက်

    Reply

    • ဦးကြောင်ကြီး

      March 10, 2014 at 12:06 pm

      သေလျင်တော့ အလိုက်ဝူး.. ကိုယ်ဖာသာသွား… ပလို့ဂျိ..။

      Reply

  • ဦးကျောက်ခဲ

    March 10, 2014 at 12:05 pm

    ကိုရင်ကြောင်တို့များ တြားစကားရေးတာတောင်…
    ရိုက်ပေါက်ဖြစ်အောင် ရေးတတ်ပါပေ့…
    ဟီ ဟိ ကြောင်သားချက်နည်း ပို့စ်ရေးရင် ရွာသူများကြိုက်ကြမယ်ထင်ပါရဲ့…
    😀

    Reply

    • ဘရန်းဒက် ကေဇီ

      March 10, 2014 at 12:13 pm

      သများ အရင် အားပေးမယ်။
      ဒီနှစ် သင်္ကြန်စာအရ ကြောင်ခေါင်းက သများလက်ထဲမှာဆိုတော့ သုပ်စားမလား စဉ်းစားနေတာ။
      😀

      Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 10, 2014 at 12:59 pm

    ( ခေါင်းနဲ့ပန်းသည် ဒင်္ဂါးပြား ဟိုဖက်ဒီဖက်မို့ ဘယ်ဖက်လှန်လှန်
    တဒင်္ဂါးပြားထဲလို့ ပညာသိ လက်ခံနိုင်ရမယ် )
    ( ခေါင်းကိုအကောင်း ယူထားရင် ပန်းဖက်ကို အဆိုးမြင်ပစ်တယ် )
    မှန်ဘါဒယ် ဆရာကြောင်ဂျီး
    ကျုပ်ဂိုအရက်သမားလို့မမြင်ဘဲ လူသားတစ်ယောက်လို့မြင်ပီး
    တူမလေးနဲ့ပေးဇါးဘါ နေရာချပေးဘါ
    ဆရာကြောင်ဂျီးအစီအမံအတိုင်း မြေဝယ်မကျနာခံပါ့မယ်ခင်ညား ( ကိန်ကိန် )

    Reply

    • surmi

      March 11, 2014 at 1:47 pm

      ချက်အောက်မထိုးကြေး လေဗျာ 🙂

      Reply

  • Mr. MarGa

    March 10, 2014 at 3:07 pm

    ကြောင်၊ ညောင်၊ ဝေါင်၊ ချောင် :mrgreen:

    Reply

  • kyeemite

    March 10, 2014 at 3:27 pm

    ပုံစံခွက် စုံကန်ထွက်
    ဇလုံပန်းကန်ထက်
    ကြုံပြန်ရက်
    မလုံ ပြန်ရှက်..ဂလုံဂလွမ်ထွက်။

    Reply

  • alinsett (gazette)

    March 10, 2014 at 5:53 pm

    နားလည်အောင်မနည်းကြိုးစားရဒယ်

    အဟိအဟိလို ့ရီမိတာက ဟို လင်ဇီးလိုချင်တယ်ဆိုတဲ့နေရာ

    🙂

    Reply

  • Ma Ma

    March 10, 2014 at 8:13 pm

    ကြောင် တရားဟောနေသည်။
    မောင်းမတစ်ရာနှင့် တောထွက်တော့မည်ထင်သည်။
    😀

    Reply

  • Paing Lay

    March 10, 2014 at 8:32 pm

    ထွက်စရာ တောမှ မချိဒေါ့တာ Ma Ma ရ သစ်ပင်တွေလည်း အခုတ်ခံရလို့ အပင်စောင့် ရုက္ခစိုးတွေလည်း နိုင်ငံရပ်ခြား ပြောင်းပြေးကုန်ပြီ :mrgreen:

    Reply

  • မဟာရာဇာ အံစာတုံး

    March 11, 2014 at 12:01 pm

    ပုံစံခွက်ထဲက စုံကန်ထွက်မယ်ဆိုလည်း
    ထွက်နည်းတော့ လိုသား
    ဆရာမပြ ငါးပိဖုတ်တာတောင် နည်းမကျဘူးလို့
    ခေတ်သစ်ပြင်ညာရှီတို့ ဆိုစကားလည်း ရှိသေးတယ်
    ဒီတော့ … နည်းမှန်နဲ့ ထွက်မှ ..
    နည်းမှားနဲ့ ထွက်လို့ကတော့ ဝင်ဂဘာ ပတ်ရသလိုသာပဲ ရှိမယ် ..

    Reply

  • kai

    March 11, 2014 at 2:00 pm

    သူ့တရားနည်းက..
    ၁ ဆိုသည်မှာ…
    ၁ကို၆ပေါင်းရနှုတ်၁ဝနဲ့မြှောက်ပြီး ၉ပေါင်း…
    ၂ထပ်တင်.. ၈ဝနှုတ်.. ရင်… ၁ရလာသဟ ဆိုတာမျိုးဖြစ်နေတယ်..။ :mrgreen:

    Reply

  • Wow

    March 11, 2014 at 4:43 pm

    ဒယ်ဒီကြောင် မိဘဒို့ဝတ်တရားပျက်ကွက်နေပါဒယ်…
    ဆေးလိုချင်တာ ရှာမပေးဝူး :mrgreen:

    Reply

Leave a Reply

Your email address will not be published.