ဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု ၏ ကိုယ်တွေ့ တိုက်ပွဲမှတ်တမ်းများ

ကိုယ်ပေါ်ကိုခံတုပ်ကာသဲတစ်အိပ်လျှောကြလာတယ်    ဒဏ်ရာရထားပြီး ပင်ပမ်းနေလို့လားမသိအတော်လေးတယ်
အတင်းတွန်းဖယ်ချလိုက်တယ်
ခပ်လှန်းလှန်းမှာ ရန်သူက ဗက်နက်နဲ့ တစ်ခုခုကို သဲကြီးမဲကြီးစွတ်ထိုးနေတယ်
ပေါက်ကွဲသံတွေ အော်ဟစ်သံတွေ ဆူညံလွန်းနေတယ် သေခြာတာကတော့ ဒီနေရာမှာ ကိုယ်ခြင်းစာတရားတွေ လုံးဝမရှိတော့ဘူး
ဒါ ငါ့ရဲဘော်တွေကို ထိုးနေတာဘဲဖြစ်မယ်
ရှိသမျှအားအင်တွေကိုအကုန်စုစည်းလိုက်တယ် အချစ်တော်ပစ္စတိုစီလက်ရောက်သွားတော့ မရှိတော့ပြီ
ရင်ဘတ်မှာချိတ်ထားတဲ့ လက်ပစ်ဗုံးနှစ်လုံးကို တစ်ပြိုင်ထဲဆွဲဖြုတ်လိုက်တယ်
မတတ်နိုင်တော့ပြီ မိုးတိုးမတ်တတ်ဗက်နက်နဲ့စွတ်ထိုးနေတာ ရန်သူတွေချည်းဘဲ
ဒီလက်ပြစ်ဗုံးနှစ်လုံးဟာ ရန်သူလည်းထိမယ် ကိုယ်မမြင်ရတဲ့ ရန်သူ့ဗက်နက်နဲ့ အထိုးခံရမယ့် ကိုယ့်ရဲဘော်တွေလည်းထိနိုင်တယ်
ဘာဘဲဖြစ်ဖြစ် လုပ်လို့ရတာဒီတစ်နည်းဘဲရှိတော့တယ်
ဝုန်း
ဝုန်း
ဆက်ပါဦးမည်


ဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု
အမှန်တော့ www.myanmargazette.net အင်တာနေရှင်နယ် အပျီအပျီဆိုင်ရာဆာယေးစယာအကျော်အမော် မိုက်ကယ်ဂျော်နီအောင်ပု ဆိုပြီးရေးခြင်တာပါ
ဒါပေမယ့် ကျုပ်ကြောင့် ဂေဇက်ရွာကြီးလူဝင်နည်းသွားတယ်ဆိုလို့ အင်တာနေရှင်နယ် အပျီအပျီဆိုင်ရာဆာယေးစယာအကျော်အမော် နာမည်မခံတော့ပါဘူး
ပုံ
ဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

25 comments

  • Mr. MarGa

    February 28, 2014 at 6:13 pm

    ဗိုလ်ကြီး ဆိုတော့
    အဆင့်နိမ့်သေးတာပဲ….
    :mrgreen:

    Reply

  • မင်း ခန့် ကျော်

    February 28, 2014 at 6:16 pm

    ကဗျာကယာဖတ်လိုက်တော့ ဗိုက်ကြီးအောင်ပုလို့ဖတ်မိတာ။

    ဆော်ရီးဆော်ရီး :mrgreen:

    Reply

  • မမချွိ

    February 28, 2014 at 8:54 pm

    လူဝင်နည်းတဲ့ တရားခံတွေ့ပြီ။
    ဟိဟိ။
    😀

    Reply

  • ဦးဦးပါလေရာ

    March 1, 2014 at 5:54 am

    ဟို…..

    အဲ့ လက်ပစ်ဗုံးတွေ ပစ်ပြီးမှပေါက်တာတော့ သေချာပါတယ်နော်…

    :mrgreen:

    Reply

  • မဟာရာဇာ အံစာတုံး

    March 1, 2014 at 9:05 am

    ဗိုလ်ကြီးက
    ဝုန်းတဲ့အခန်းမှာ ဖြတ်သွားတာပဲ ….
    ဝုန်းဝုန်း ဗိုလ်ကြီးပုရေ … ဝုန်းဝုန်း …

    Reply

  • kai

    March 1, 2014 at 10:25 am

    ကျုပ်သိသလောက်တော့.. ဂဇက်ကလူအဝင်များလာနေတာပဲ..
    ရှိထားတဲ့.. ကြော်ငြာတောင်.. ထပ်ပြီးတိုးစာချုပ်ချုပ်တယ်…။

    ရေးတဲ့သူနည်းသွားတာပါ..
    ဆိုတော့…
    ဝုန်း.. ဝုန်း..
    ၂လုံးတော့ပေါက်ပြီ..

    ဘာဖြစ်မလဲ… မသိ.. :mrgreen:

    Reply

    • ရာမည

      March 1, 2014 at 11:35 am

      အဖြေထွက်နေပါပြီ အယ်ဒီတာခင်ဗျာ
      ပွိုင့်လေးတိုးပေးရင် ဟီဟိ
      ပို့စ်တွေရေးရာမှာ အားပိုတက်လာပါမယ် 🙂
      နောက်ထှာနော် အတည်

      Reply

    • Foreign Resident

      March 1, 2014 at 11:49 am

      kai says:
      ” ကျုပ်သိသလောက်တော့.. ဂဇက်ကလူအဝင်များလာနေတာပဲ..
      ရှိထားတဲ့.. ကြော်ငြာတောင်.. ထပ်ပြီးတိုးစာချုပ်ချုပ်တယ်…။ ”

      အဓိက တစ်ချက် ကတော့ ၊
      Gazette ကို လူကြိုက်ခဲ့တာက Comment ကောင်းတွေနှင့် ငြင်းကြလို့ ။
      အခုတော့ Gazette က အရင်လို မျက်နှာဝှက် နှင့် မဟုတ်တော့ဘဲ ၊
      လူတွေက တစ်ယောက် နှင့် တစ်ယောက် အပြင်မှာပါ ခင်ကုန်တော့ ၊
      တစ်ယောက် နှင့် တစ်ယောက် မျက်နှာ နာသွားပြီး ၊
      ပြင်းပြင်း ထန်ထန် မငြင်းကြ မဆော်ကြတော့ဘူးလေ ။
      အဲဒီတော့ ဖတ်ရတာ သိပ်အသက် မဝင်တော့ဘူးပေါ့ ။

      ဥပမာ ဆိုရရင် ကျနော့် Post တွေကိုဘဲ ကြည့်ပေတော့ ။
      ထောက်ခံတဲ့ သူတွေကတော့ ထောက်ခံကြောင်း ဝင်ပြောပေမယ့် ၊
      ကန့်ကွက်ချင်တဲ့သူတွေက မျက်နှာနာနေတော့ ဝင်မပြောတော့ဘူးရယ် ။

      Controversial ဖြစ်မယ့် Post တွေ တင်လိုက်ရမား ။
      Hacker တွေ လာချရင် တားတား မတိဝူးနော်။
      ဟီ ဟိ ။

      Reply

      • ကထူးဆန်း

        March 1, 2014 at 1:25 pm

        ကျွန်တော်နဲ့ သဘောထားသူတူတော့ တွေ့ပြီ .. ကျွန်တော်လည်း အဲ့ဒီလိုဘဲ ထင်လို့ ခရီးသည်ကြီးပိုစ်ကို ပြန်ရေးမလို့ လုပ်နေတာ .. အခုတော့ ရေးစရာမလိုတော့ဘူး…
        ဒါနဲ့ သူကြီး ထော နေတာ သိသွားပြီ ..ကြော်ငြာထပ်တိုးတယ်ဆိုတော့ မြို့သူမြို့သားတွေကြောင့် ဘဲ .. ကဲ … ပွီုင့် မတိုးလို့ ကတော့ စန်ဒ တွေ ပြလိုက်ရအောင် ..
        ဒီမြို့ က ပုဒ်မ ၁၈ လည်း မရှိ .. ပါးရိုက်မဲ့သူလည်း မပါ ဆိုတော့ ..
        ဒို့လူကလေး များ …. …….. :harr:

        Reply

        • kai

          March 1, 2014 at 2:28 pm

          ဆိုသလေး.. ဝေလေလေ…ဝေလေလေ…
          တဲ့..
          နောက်တာပါ…။
          ပိုစ့်တခု တင်ရင်..ပေးတဲ့ပွိုင့်ကို.. အရင်ထက် ၂ဆ.. တိုးလိုက်ကြောင်း…။

        • Ma Ma

          March 1, 2014 at 5:44 pm

          ခါတော်မီ ပိုစ့်တင်အုံးမှ။
          ထွက်စမ်းအကြံဉာဏ် 😀

        • မဟာရာဇာ အံစာတုံး

          March 2, 2014 at 7:45 am

          အဟွတ် …
          ဒါမျိုး စောင့်နေတာ .. ဟီဟိ
          တားလဲ ပို့စ်တင်အုံးမှဘဲ …
          ထွက်စမ်း အကျံညံ (အန်တီမားမား)

      • TNA

        March 4, 2014 at 1:27 pm

        ရဒယ် အဘ ရန်ဖြစ်ပေးရမလား။ ငြင်းကြမယ်လေ ပိုစ့်တခုတင်လိုက် အဟိအဟိ

        Reply

  • ရဲစည်

    March 1, 2014 at 11:23 am

    ဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပုသည် ပက်ပုန်းအရပ်တွင် သငယ်တပ်များနှင့် တိုက်ပွဲဖြစ်ရာ နောက်ဖက်တကြော ဒဏ်ရာအတော်ရထားပီး အားမတန် မာန်မလျော့ပဲ လက်ပစ်ဗုံးဟု ယူဆရသော အရာ၂လုံးကို အပြီးဖြုတ်၍ ပစ်လိုက်ပီး သကာလ ဝုန်းခဏဲ ဝုန်းလိုက်ပီးနောက် မာမီခံတပ်ထဲသို့ ခုန်ချလိုက်ရာ ဖုန်းများထသွားလေတော့သည်။

    Reply

  • သူ ကြီး ရေ လူ ဝင် တဲ့ အရည် အတွက် နည်း လား များ လာ းသ ိရ အောင် ဟိုး အရင်က လို ဘဲ
    ပိုစ် တစ် ခု ဘေး မှာ လူ ဘယ် နှစ ်ယောက် ဝင် ကြည် သွား တယ် ဆို တာ လေး ပြန ်ထည့် ပေး ရင် ရေး တဲ့ လူ အား တက် လာ မယ်
    အ ခု ရေး ထား လဲ ကော် မင်း က မ တွေ့ တော့ ငါ စာ ကို လူ မ ဖတ် ဘူး စိတ် မ ဝင ်စား ဘူး ထင် တယ် ဆ ို ပြီး စာ မ ရေ း ချင် တော့ တာ လဲ ဖြစ် နိုင်ပါ တယ်

    Reply

    • San Hla Gyi

      March 2, 2014 at 10:32 pm

      အဲဒါတော့ ကျနော် ကိုပေါက် ပြောတာ ရေရေလည်လည် လက်ခံတယ်ဗျို့။ အဲဒါက မဲစနစ်နဲ့ ရွေးကောက် တင်မြှောက်သလိုပဲ။ သိပ်ကောင်းတဲ့ စနစ်တခုပဲ။ ဒါပေမယ့် အဲဒါက ဖြစ်ဖို့တော့ မလွယ်ဘူးဗျို့။
      ကြည့်ရတာ အဲဒါကို ပြန်လုပ်ပေးချင်ပုံ မရဘူး။ အကြောင်းရှိပုံရတယ်။
      တကယ်တော့ အခုနောက်ပိုင်း ဒင်းကလေး ခေါင်းထဲမှာ ဘာတွေ စဉ်းစားပြီး ခေါင်းထဲက ပင်နီယံတွေ ဘယ်လို လည်ပတ်နေတယ် ဆိုတာတောင် သိနေသလိုပဲ။

      Reply

  • kyeemite

    March 1, 2014 at 2:18 pm

    ကိုပေါက်ပြောတာထောက်ခံပါတယ်…
    ဝုန်း.. ဝုန်း..အောင်မလေး..လန့်သွားတာပဲ ကိုပုရယ် 😀

    Reply

  • ရာမည

    March 1, 2014 at 2:48 pm

    လေးလေးကိုပေါက်အဆိုကိုထောက်ခံပါတယ် ။
    မြို့ဖြစ်သွားပြီဖြစ်လို့ ဆာဗာလည်း နိုင်မယ်ထင်ပါတယ်ခင်ဗျာ

    Reply

  • twitty

    March 1, 2014 at 3:17 pm

    ကာလတခု ကြာသည်အထိ log in ဝင်ရောက်ခြင်း မရှိတဲ့သူ တွေကို auto unsubscribe လုပ်လိုက်တာမျိုး ရှိလားဟင်..။

    Reply

    • kai

      March 1, 2014 at 3:59 pm

      မရှိပါခင်ဗျ..

      Reply

  • San Hla Gyi

    March 2, 2014 at 10:28 pm

    ကိုယ်ပိုင်အမှတ် ၁၀၀၀၀၅ ဗိုလ်ကြီး မိုက်ကယ်ဂျော်နီအောင်ဘု
    သင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း ကျဆုံးသွားသဖြင့် ငါနှင့်တကွ တပ်မတော်ကြီး တခုလုံးက ဝမ်းနည်းပူဆွေးမဆုံး ရှိကြရသည်။ သင်၏ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့သည်များကိုလည်း တပ်မတော်ကြီး တခုလုံးက ဂုဏ်ယူလျှက်ရှိသည်။
    သင် ကျဆုံးသွားပြီဖြစ်ရာ သင့်အား ယနေ့မှ စပြီး တပ်မတော်မှ အပြီးအပိုင် ထုတ်ပယ်လိုက်သည်။ ဗိုလ်ကြီး မိုက်ကယ်ဂျော်နီအောင်ဘု သင်သွားလိုရာသို့ သွားနိုင်ပြီ။
    ပုံ
    ကာကွယ်ရေး ဦးစီချုပ်ကိုယ်စား
    တပ်မမှူး
    ဗိုလ်မှူးချုပ် စံလှကြီး

    Reply

  • kyeemite

    March 3, 2014 at 11:24 am

    အင်း.. တော်ပါသေးရဲ့ ဗိုလ်မှူးချုပ် စံလှကြီး အမိန့်စာ ပြန်ပေးပေလို့ပေါ့…
    နို့မို့ဆို ရွာထဲ လာလာခြောက်နေမှာစိုးရတယ်ဗျ…ဗိုလ်မှူးချုပ် စံလှကြီးကို
    ရွာသူားများကိုယ်စား ကျေးဇူးတင်ပါဂျောင်းးးး 😀

    “ပိုစ့်တခု တင်ရင်..ပေးတဲ့ပွိုင့်ကို.. အရင်ထက် ၂ဆ.. တိုးလိုက်ကြောင်း…။”
    ပို့စ်တစ်ပုဒ်ပြီးတစ်ပုဒ် တင်နိုင်အောင်ကြံစီလိုက်အုံးမယ်..ဟီဟိ

    Reply

  • ဦးကြောင်ကြီး

    March 3, 2014 at 1:23 pm

    ဗိုလ်ဂျီးအောင်ပု
    ဆိုပြီးမှောင်ထု
    အိုငြီးယောင်ဖု
    ခိုကြီးစောင်ခု..

    Reply

  • Wow

    March 5, 2014 at 4:02 pm

    ကပု ကြည့်ထု တော်ကြာ ကပု ခရမ်းချဉ်သီးမှန်းမသိ ခရမ်းကျွတ်သီးမှန်းမသိ စိုက်ထားတဲ့ အပင်လေးဒွေပါကုန်မယ် :mrgreen:

    Reply

Leave a Reply to San Hla Gyi Cancel Reply

Your email address will not be published.