SQUAR မှ နင်ဂျာဂိမ်းထွက်ရှိခြင်း

Vampire 124February 26, 20141min00
SQUAR မှ နင်ဂျာဂိမ်းထွက်ရှိခြင်း
SQUAR, Social and Gaming Network မှ ဒုတိယမြောက် ဂိမ်းအဖြစ် Ninja Revenge ဂိမ်းထွက်ရှိခဲ့ပါသည်။
ထိုဂိမ်းသည် မြန်မာဘာသာစကားဖြင့်ပြုလုပ်ထားပြီး SQUAR အကောင့်ရှိသူတိုင်းမည်သူမဆို ဆော့နိုင်ပါသည်။
Application အရွယ်အစားမှာ ၅.၁ MB သာရှိပြီး ဗားရှင်း ၁.၀.ဝ ဖြင့်စတင်ထွက်ရှိပါသည်။ Android 2.2 နှင့်အထက် ရှိသော မည်သည့် Android ဖုန်းမဆို ဆော့နိုင်ပါသည်။
ဂိမ်း၏ ဇာတ်လမ်းမှာ နင်ဂျာ၏ မိန်းမမှာ အသတ်ခံရသဖြင့် ပြန်လည်ဂလဲ့စားချေသည့် ဇာတ်လမ်းမျိုးဖြစ်သည်။
ဂိမ်းတွင် တာဝန်များ(mission) များပါဝင်ပြီး တာဝန်များကိုလည်း လုပ်ဆောင်ရင်း ဒင်္ဂါးများရနိုင်သလို၊ နေ့စဉ်ဆော့ခြင်းအားဖြင့်လည်း ဒင်္ဂါးများရနိုင်သည်။
နင်ဂျာဂိမ်းအတွက် ပြိုင်ပွဲများကိုလည်းကျင်းပလျက်ရှိသည်။ ဒင်္ဂါးအများဆုံးရသော သူသည် အနိုင်ရရှိသူဖြစ်နိုင်မည်ဖြစ်သည်။ ပြိုင်ပွဲအတွက်ကို http://contest.mysquar.com

တွင်အသေးစိတ်ဖတ်ရှုနိုင်သည်။

နင်ဂျာဂိမ်းကို Play Store, 1Mobile, နှင့် တိုက်ရိုက်ဒေါင်းလုတ်များဖြင့် ဒေါင်းလုပ်ဆွဲ အသုံးပြုနိုင်သည်။ Direct Download ကို http://games.mysquar.com

တွင်ဝင်ရောက်ကြည့်နိုင်ပါသည်။

Play Store Link – https://play.google.com/store/apps/details?id=com.squar.game.ninjarevenge
SQUAR မှ နောက်ထပ် ဂိမ်းများလည်းထုတ်လုပ်သွားမည်ဖြစ်ပြီး၊ StartUp များအတွက် ဒေါ်လာ ၅၀၀ဝ ရနိုင်မည့် အစီအစဉ်များကိုလည်းပြုလုပ်လျက်ရှိပါသည်။
StartUp များအတွက် ဒေါ်လာ ၅၀၀ဝ ရနိုင်မည့် အခွင့်အလမ်းကို http://www.squar.asia/grants/

တွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

Your email address will not be published.