3 comments

  • alinsett ( Gazette )

    February 16, 2014 at 7:29 pm

    စာလုံးလေးတွေက သေးလိုက်တာနော်

    🙂

    ကဗျာ ဆို သိပ် မသိလို့ ဒလိုပဲ ဝေဖန်တတ်တယ်

    🙂

    Reply

  • အရိပ်စစ်

    February 17, 2014 at 12:43 am

    ကဗျာခေါင်းစဉ်လေးကတော့ လှပါဘိနဲ့
    စာသားတွေကတော့ မြင်ရပု…

    Reply

  • Mr. MarGa

    February 19, 2014 at 12:07 pm

    မြင်ရအောင်ပြန်ရိုက်ပေးလိုက်တယ်ဗျို့

    ပြီးပြည့်စုံ၍ ခွင့်လွှတ်တတ်သူ

    တစ်ခါတုန်းက မုဆိုးတယောက် တောထဲက ချောက်ထဲမှာ
    လိမ့်ကျပြီး ဒဏ်ရာနဲ့ ဒုက္ခရောက်နေတယ်
    ဒီအချိန်မှာ ဘုရားလောင်းမျောက်မင်းက တွေ့သွားပြီး
    မုဆိုးကို ကုန်းပိုးပြီး ချောက်ထဲက ခက်ရာခဲဆစ် ကယ်တင်ခဲ့တယ်။
    အင်မတန်မောပန်းလွန်းလို့ အားပြည့်အောင် မုဆိုးပေါင်ပေါ်မှာ
    ခွင့်တောင်းပြီး ခဏအိပ်စက်ခဲ့တယ်။
    ဒီအခါမှာ မုဆိုးက တချက်စဉ်းစားပြီး
    ငါအမဲလိုက်ထွက်ခဲ့တာ ဘာမှမရခဲ့လို့
    အိမ်အပြန်မိန်းမမျက်နှာငြိုငြင်မှာစိုးပြီး ဟင်းစားရအောင်
    ကျေးဇူးရှင်ဖြစ်တဲ့ မျောက်မင်းကို ခဲလုံးကြီးနဲ့
    မညာမတာ ထုသတ်ခဲ့တယ်။
    ကံကောင်းချင်တော့ မသေဘဲ ခေါင်းကွဲဒဏ်ရာနဲ့
    ဘုရားလောင်း မျောက်မင်းလန့်ပြီး ထပြေးခဲ့တယ်။
    ဒီအခါ မျောက်မင်းက စဉ်းစားတယ်။
    ငါ သူ့အသက်နဲ့ ဒုက္ခကိုလည်း ကယ်တင် ကူညီရသေးတယ်
    ငါ့အသက်ကိုလည်း ရန်ရှာစော်ကားတယ်။
    ကျေးဇူးတရား မသိတတ်တဲ့ မုဆိုးကို မကယ်တင်တာကောင်းမယ်။
    နောက်တစ်ခါ ပြန်စဉ်းစားမိပြန်တယ်။
    ငါလည်း သူတစ်ပါးရဲ့အသက်နဲ့ ဒုက္ခကို စေတနာ-မေတ္တာနဲ့
    ကူညီကယ်တင်ခဲ့တယ်။
    ငါ့ရဲ့ ဆုံးဖြတ်ချက်ကို မပြင်ဘဲ ဆက်ပြီးတော့ ကိစ္စပြီးအောင်
    ကူညီမယ်လို့ စဉ်းစားလိုက်တယ်။
    နောက်တော့ အသင်မုဆိုး သင်ဟာကျေးဇူးရှင်ကို ရန်ရှာသူဖြစ်တယ်။
    ငါထားခဲ့ပြန်ရင်လည်း တောထဲမှာ သင်သေလိမ့်မယ်။
    သင်လွတ်မြောက်ဖို့ ငါဆက်ကူညီမယ်။
    သစ်ပင်များပေါ်မှာ ငါခုန်ကူး၍ ငါ့ခေါင်းမှာ စီးကျနေသော သွေးစက်တို့ဖြင့်
    လမ်းပြပြီး တောစပ်သို့ရောက်အောင် ပို့ဆောင်ပေးမည်
    သင်လိုက်ခဲ့ပါ။
    ဒါနဲ့ဘဲ မုဆိုးကအိမ်သို့ပြန်ရောက်သွားပါတယ်။
    ဒီဇာတ်လမ်းကိုကြည့်ရင် ပြီးပြည့်စုံ၍ ခွင့်လွှတ်တတ်သူကို
    တွေ့ရမယ်။
    ကျေးဇူးတရား မသိတတ်သူကိုလည်း တွေ့ရမယ်။
    သူတပါးရဲ့ ကျေးဇူးတရားကို ရှာဖွေသိတတ်သူသာ ဖြစ်ပါစေ
    ကျေးဇူးကန်းသူ အပြစ်ပြောသာ မဖြစ်ပါစေနဲ့

    မင်းသုတ
    12:30 PM
    16-2-2014

    Reply

Leave a Reply to Mr. MarGa Cancel Reply

Your email address will not be published.