ပြဿနာ ကို မီးမောင်း မထိုးပြပါနဲ့ . . . .

Yin Nyine NwayAugust 8, 20101min02
ပြသနာ ဖြေရှင်းပုံ(Problem Solving)နှစ်မျိုးရှိတယ်
တစ်မျိုးက  “ပြသနာကို အဓိကထားတဲ ့နည်း(Problem Oriented Method)”ပါ။
နောက်တစ်မျိုးကတော့ . . . . .။
“အဖြေကို အဓိက ထားတဲ ့နည်း(Solution-Oriented Method)”ပါ။

ပထမနည်းက “ပြသနာကို အဓိကထားတဲ ့နည်း(Problem Oriented Method)”ပါ။

မိသားစုတစ်စု ရှိတယ်ဆိုပါကြပါစို ့။
အဖေရယ်… အမေရယ်…အစ်မဖြစ်သူရယ်၊ မောင်လေးရယ်… ပေါ့။
မောင်လေးဖြစ်တဲ ့သူက အတော်ငယ်သေးတယ်။လမ်းလျှောက်တတ်ခါစ ဆိုပါတော့…။
ဟိုဟိုဒီဒီ သွားရင်း ဟိုဟာ လှမ်းကိုင် ဒီဟာလှမ်းဆွဲ လုပ်ရင်း…
ဗြုန်းဆို . . . ရေအိုးစင်က ဖန်ခွက်ကို လှမ်းဆွဲ လိုက်မိတယ်။
“ခွမ်း”ခနဲ မြည်ပြီး ကြမ်းပေါ်မှာ ဖန်ခွက် အကွဲအကြေ အစအနတွေ ဖွေးသွားရော။
အစ်မ ဖြစ်တဲ ့သူက ကမန်းကတန်း ပြေးလာပြီး သူ ့မောင်လေးရဲ ့ ကျောပြင်ကို
” ဗြန်း” ” ဗြန်း” နဲ ့နှစ်ချက်လောက် စိတ်ရှိလက်ရှိ ရိုက်ပစ်လိုက်တယ်။
ဒီလောက်ဆော့ရပါ့မလား… ပေါ့လေ။
ပြောလဲ ပြော ၊ ရိုက်လဲ ရိုက်နဲ ့…။ကလေးငိုသံ ကတော့ ကြွက်ကြွက်ညံရော…။
အဲဒီအချိန်မှာပဲ အမေလုပ်တဲ့သူက လက်လှမ်းမှီရာ သနပ်ခါးတုံးနဲ
့ သူ ့သမီးကို လှမ်းပစ်လိုက်တယ်…။”ကလေးကို ရိုက်မနေနဲ ့… ညည်းကို က အသုံးမကျတာ။
ဖန်ခွက်ကို ကလေးမမှီတဲ ့ နေရာမှာထားပါလို ့ငါ ဘယ်နှစ်ခါ ပြောရမလဲ။ စည်းကမ်း မရှိတဲ ့ဟာမ”
သမီး ကလည်း ခွန်းတုံ ့မခံဘူး။ အမေကို ကက်ကက်လန် ပြန်ရန်တွေ ့တယ်။
ဆူကြ၊ ရိုက်ကြနဲ ့ ငရဲပွက်နေတုန်း…အဖေဖြစ်တဲ ့သူက မိန်းမကို အပြစ်တင်ပြန်ရော…
“ကလေးတွေက ဘာသိမှာတုန်း ။နင်က အဲသည်လို ကွဲတတ်မှန်းသိရင် ဘာလို ့ဖန်ခွက်ဝယ်သေးလဲ။
စတီးခွက်ဝယ်ပါလား နလပိန်းတုံးမရဲ ့”
“ရှင်ပေးတဲ ့ ပိုက်ဆံက ဘယ်လောက်များ ရှိလို ့ စတီးခွက် ဝယ်နိုင်ရမှာလဲ…။
ပိုက်ဆံလေး ခြောက်ပြားတစ်ပဲ နဲ ့ အလကား ဘာမှ သုံးမရတဲ ့ယောကျင်္ားကို ယူထားမိတာကိုး”
အဲသည်မှာတင် လင်နဲ ့ မယာ း  ထသတ်ပြီး ဝုန်းဒိုင်းကြဲတော့တာပဲ။
ကဲ…ဒီအဖြစ်အပျက်ကနေ ကျွန်တော်တို ့ ဘယ်လို အချက်တွေကို
သင်ခန်းစာ ယူနိုင်သလဲ။
ပြသနာကို ရှေ ့တန်းတင် ရင်းနဲ ့ ဖြေရှင်းတဲ ့ဆီ မရောက်ပဲ တစ်ယောက်ကို တစ်ယောက်
အပြစ်တွေ တင်လိုက်တော့ ပြသနာတွေ ပိုပိုပြီး ပွားမလားဘူးလား။


နောက်တစ်နည်းက တော့ “အဖြေကို အဓိက ထားတဲ ့နည်း(Solution-Oriented Method)”ပါ။

ဥပမာ ကတော့ စောစောက မိသားစုနဲ ့တထပ်တည်းပဲ ဆိုပါတော့။
အဖေရယ် ၊ အမေရယ်၊ အစ်မရယ်၊ မောင်လေးငယ်ငယ်လေးတစ်ယောက်ရယ်…။
ဖြစ်ရပ်ကလဲ စောစောကအတိုင်းပဲ ။ ကလေးက ဖန်ခွက်ကို လှမ်းဆွဲတယ်…၊
ဖန်ခွက်ကျပြီးကွဲတယ်။
***(ဒီနေရာမှာ မတူညီတဲ ့ပြသနာဖြေရှင်းပုံကို သတိထားပြီး ကြည့်ရအောင်)
အစ်မဖြစ်တဲ့သူက ကမန်းကတန်းပြေးသွားပြီး…
“ဖယ်… ဖယ်…မောင်လေး ဖန်ကွဲစတွေ စူးမယ်”
လို ့ပြောရင်း ကလေးကိုပွေ ့ချီလိုက်သည်။ တစ်ဆက်တည်းမှာပဲ သူ ့အမေဘက်ကို လှည့်ပြီး…
“မေမေ… မောင်လေးကို မရိုက်ပါနဲ ့၊ သမီး ကို်ယ်တိုင်က ဖန်ခွက်ကို အစွန်မှာ တင်ထားခဲ ့မိလို ့ပါ”
“အို …သမီးကလဲ စိတ်မကောင်း မဖြစ်ပါနဲ ့၊ ဖန်ခွက်ဆိုတာ ကွဲ တတ်တဲ ့ပစ္စည်းပဲ …၊
တစ်ချိန်မဟုတ် တစ်ချိန်မှာ ကွဲ မှာပဲ”
ပြောပြောဆိုဆိုနဲ ့ အမေက တံမြက်စည်းတစ်ချောင်းကို ဆွဲယူပြီး ဖန်ကွဲစတွေကို လှည်းကျင်းသိမ်းဆည်းလိုက်တယ်။
အဲဒီအချိန်မှာပဲ ဖခင်ဖြစ်တဲ ့သူက …
“ဒီအတိုင်းဆို ကလေးအတွက် အန္တရာယ်ရှိတယ်အမေကြီးရေ…
ဖြစ်နိုင်ရင် တို ့တွေ  ဖန်ခွက်အစား စတီးခွက် သုံးကြရအောင်၊ လောလောဆယ်
ပိုက်ဆံမလောက်သေးရင်လဲ ပလတ်စတစ်ခွက်ပဲ ဝယ်ကြတာပေါ့။
အဓိက က မကွဲဖို ့၊ မရှဖို ့ပဲ မဟုတ်လား”

ကျွန်တော်တင်ပြချင်တာက အဲဒါပါပဲ။
ဒီနည်းက အဖြေကို အဓိက ထားရှာဖွေတဲ့နည်း (Solution-Oriented Method)”ပါ။
အဲဒီ အိမ်ထောင်စု နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါ။ပြီးတော့….
ပြသနာဖြေရှင်းတဲ ့နည်း (၂) နည်းအနက် ဘယ်နည်းကိုသုံးရင် ကောင်းမယ်ဆိုတာ ကိုယ့်ဘာသာကိုယ်ပဲ တွေးကြည့်ကြစေချင်ပါတယ်။


မင်းခိုက်စိုးစန် ၏ ကလေးအတွေး စာအုပ်မှ . . . .

2 comments

  • etone

    August 9, 2010 at 6:14 am

    post လေးက ကောင်းတယ် ။

    Reply

  • char too lan

    August 13, 2010 at 4:41 am

    ကျနော်တို့ကမိသားစုဝင်များတော့
    ဒီ postလေးဖတ်ရတာအကျိုးရှိတယ်
    လူတိုင်းအတွက် အကျိုးရှိမယ်လို့လဲထင်တယ်။
    ကျေးဇူးတင်ပါတယ်

    Reply

Leave a Reply to char too lan Cancel Reply

Your email address will not be published.