တစ်နိုင်ငံ လုံးရှိ ဘဏ်များမှ စာရင်းဇယား များကို အထုတ် အသွင်း ပြုလုပ် နိုင်တဲ့ online banking system ဆောင်ရွက်နေပြီ

zaw mgAugust 8, 20101min02

တစ်နိုင်ငံ လုံးရှိ ဘဏ်များမှ စာရင်းဇယား များကို အထုတ် အသွင်း ပြုလုပ် နိုင်တဲ့ online banking system ဆောင်ရွက်နေပြီ

တစ်နိုင်ငံ လုံးရှိ ဘဏ်များမှ စာရင်းဇယား များကို အထုတ် အသွင်း ပြုလုပ် နိုင်တဲ့ online banking system ဆောင်ရွက်နေပြီ

“ ယခုအခါ ဈေးကွက် စီးပွားရေး စနစ်ကြောင့် ငွေပေး ငွေယူ ကိစ ္စများဟာ ကြီးမား ကျယ်ပြန့်လာ ပြီ ဖြစ်ပါတယ်။ ဘဏ် လုပ်ငန်း များဟာ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်း များ ဖြစ်တဲ့ အတွက် စီးပွားရေး နယ်ပယ်မှာ အရေးပါတဲ့ ဝန်ဆောင်မှု လုပ်ငန်း တစ်ခု ဖြစ်ပါတယ်။ ဘဏ်များဟာ ငွေရေး ကြေးရေး ဈေး ကွက် အစိတ်အပိုင်း တစ်ရပ် အနေနဲ့ စီးပွားရေး ဖွံ့ ဖြိုး တိုးတက်မှု ရှိဖို့ လိုအပ် ပါတယ်။  စီးပွားရေး စနစ် တစ်ခု လုံးကို ကောင်းမွန် လာစေပြီး ကုန်ထုတ် လုပ်မှု ကိုမြင့်မား စေဖို့နဲ့ အထောက် အကူပြုတဲ့ အရင်း အနှီး တွေကို ထိရောက်စွာ ခွဲဝေ ချထား နိုင်ဖို့အတွက် ဘဏ်များဟာ အရေးပါတဲ့ အခန်း ကဏ္ဍမှာ ရှိပါ တယ်” ဟု စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန် ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းက ဇူလိုင် ၂၄ ရက်တွင် ကျင်းပ သည့် မြန်မာ နိုင်ငံသား များ ဘဏ် လီမိတက်  ၁၈ ကြိမ်မြောက် အထွေထွေ အစည်း အဝေး တွင် ပြောကြား သည်။

ဖွံ့ဖြိုးတိုးတက်ရေး

ယင်းက ဆက်လက် ပြောကြား ရာတွင် “အထူး သဖြင့် စီးပွားရေး လုပ်ငန်း ရပ်များ မှာ ငွေကြေးနဲ့ ဆက်စပ် နေပြီး လိုအပ်ချက် ကိုဖြည့်ဆည်း ပေးနိုင် တဲ့ ဘဏ် လုပ်ငန်းများ နဲ့ မလွဲမသွေ ဆက်သွယ် နေ ကြ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ တစ်ဝန်းလုံး မှာ ငွေကြေး စီးဆင်း လည်ပတ်မှု မှန်ကန် မြန်ဆန် စေဖို့ လိုပါ တယ်။ ဘဏ် လုပ်ငန်း များမြင့်မား ဖွံ့ဖြိုး တိုးတက် လာခြင်းဖြင့် နိုင်ငံပိုင် စီးပွား ရေး လုပ်ငန်း များရဲ့ စွမ်းဆောင်မှု အရည် အသွေး ပိုမို ထက်မြက် လာစေ ဖို့ကိုဖြစ်စေ တဲ့အပြင် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍ ကျယ် ကျယ်ပြန့်ပြန့် ဖွံ့ဖြိုး တိုးတက် လာစေဖို့ကို လည်း အထောက်အကူ ဖြစ်ပါတယ်။ ဒါ့အ ပြင် ကုန် ပစ္စည်း ပိုမို ထုတ်လုပ် နိုင်ပြီး ပြည်ပ တင်ပို့ တိုးတက် ရောင်းချ နိုင်ရေး ကိုလည်း အထောက် အက ပြုမှာ ဖြစ်ပါ တယ်” ဟု   ပြောကြားသည်။

ပေါင်းစပ် အသုံးချ

ယခုအခါ ကမ္ဘာတစ်ဝန်း ဆက်စပ် ယှက်နွှယ်မှုဖြစ်စဉ် Golbalization ကြောင့် သတင်းအချက် အလက် နည်းပညာ ထွန်းကားမှု၊ ဘဏ်များ၏ ဘဏ္ဍာရေး ကဏ္ဍ၊ ဈေးကွက် ချဲ့ထွင်ပေးမှု၊ ငွေရေး ကြေးရေး ပူး ပေါင်း ဆောင်ရွက်မှု တို့နှင့်အတူ ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းများ သည် လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ခေတ်မီ နည်း ပညာများ အကျိုးရှိစွာ ပေါင်းစပ် အသုံးချ နိုင်ရေး အတွက်များစွာ လိုအပ် လျက် ရှိကြောင်း သိရသည်။ အဆိုပါ အခြေ အနေ ကောင်းများမှ တစ်ဆင့်  e-banking system များကို ဟန်ချက် ညီညီ တစ် ပြိုင်နက်တည်း ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း သိရသည်။

အွန်လိုင်း ဘဏ်စနစ်

“ဘဏ်လုပ်ငန်း ဆောင်ရွက်မှု များဟာ ကွန် ပျူတာများ ကိုအခြေခံတဲ့ Network ချိတ်ဆက်မှု ပြုလုပ် နိုင်ပြီ ဖြစ်တဲ့ အတွက် တစ်နိုင်ငံလုံး မှာ ရှိတဲ့ ဘဏ်များမှ စာရင်း ဇယား များကို အထုတ် အသွင်း ပြုလုပ် နိုင်တဲ့ online banking system ကို လည်း ဆောင်ရွက် နေပြီဖြစ်ပါတယ်။ e-government လုပ်ငန်း အစီအစဉ် ဖွံ့ဖြိုး တိုးတက်ဖို့ banking network တည်ဆောက်တဲ့ အခါမှာ  အိုင်စီတီ လုပ်ငန်းများ ကျွမ်းကျင်မှု ကော်မတီနဲ့ ဗဟိုဘဏ် တို့ ရဲ့ ကြီးကြပ်မှု တို့ဖြင့် မျက်ခြေ မပြတ် ကြိုးပမ်း လျက် ရှိပါတယ်” ဟု ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းက ပြောကြားသည်။

လိုင်စင်ကြေး

မြန်မာနိုင်ငံ သားများ ဘဏ်သည် ငွေကြေးလုံ ခြုံမှု ရှိစေရန်နှင့် သွင်းကုန် လိုင်စင်ကြေးများ ပေး သွင်းရာ တွင် e-payment စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသည်ဟု မြန်မာပို့စ်ဂျာနယ်တွင်ဖေါ်ပြထားကြောင်းသိရသည်။

ကိုးကား-မြန်မာပို့စ်

2 comments

  • MandalayThar

    August 9, 2010 at 4:03 am

    ပြောလိုက်ရင်တော့ အမြင့်ကြီးကြည့်ဘဲ။ နောက်ကျလဲ ဘာမှ မဟုတ်ဘူး။ ဒီ E-goverment ဆိုတာ ဟိုး လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က စပြောနေတာ ဘာဖြစ်ပြီလဲ ဘယ်အခြေအနေရောက်နေပြီလဲ။ စောက်ရှက်ကို မရှိဘူး။ သူတို့ပတ်စပ်တွေ။ ခုလဲကြည့်ပါအုံး online banking တဲ့ စောက်ပြောခံရအုံးမှာ မမှတ်သေးဘူး။

    Reply

  • snow

    August 9, 2010 at 5:15 am

    ဟုတ်ပါ့ မပြောချင်ဘူးinternet ကို လွတ်ပေးထားတာဆိုတော့
    mail အဝင်အထွက်တောင် check လုပ်နေတာကို
    ဘယ်ကဘာကမြန်မှာလဲ
    လမ်းကြောင်းရှိလို့ဆိုတာကတမျိုးနဲ့
    E-government တို ့E-Payment တို့
    online Banking တို့ဆိုတာ
    နို ့ဆီခွက်နဲ ့ဆက်တာကြနေတာပဲ
    ဟွန်း..ပြောချင်ဘူး

    Reply

Leave a Reply to MandalayThar Cancel Reply

Your email address will not be published.