DKBA ကို စစ်အစိုးရတပ် ထိန်းချုပ် နေဟုဆို

zaw mgAugust 8, 20101min02

DKBA ကို စစ်အစိုးရတပ် ထိန်းချုပ်

ကရင်ပြည်နယ် မြဝတီမြို့ နယ်စပ်ဒေသ တလျှောက်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဂိတ်များ၌ စစ်အစိုးရ တပ်သားများ ယမန်နေ့က နေရာယူ ထားကြောင်း DKBA နှင့် နီးစပ်သူများကို ကိုးကား၍ပြည်ပမီဒီယာတစ်ခုမှပြောကြားခဲ့သည်။

dkba-soldiers-10

ဓါတ်ပုံ -ဧရာဝတီ

အဆိုပါသတင်းမီဒီယာ၏ဖေါ်ပြချက်တွင်DKBA အလံများအား  ဖြုတ်ချစေပြီးတော့ မြန်မာ နိုင်ငံတော် အလံကို တငစေသည့်အပြင်တဲ့  ၉၉၉ ဂိတ်ကိုလည်း ဒေါနတောင် ဂိတ်ဆိုပြီး နာမည်ပြောင်းလိုက်ကြောင်းဖေါ်ပြထားသည်။ ထို့အပြင် ၉၉၉ ဂိတ်များကို ပိတ်ထား၍ ဂိတ်ရှေ့တွင် တပ်တွေချထားပြီး မည်သူ့ကိုမှ အပြင် ပေးမထွက်ကြောင်းလည်း သိရသည်။

DKBAတပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လ ကုန် ပိုင်းက လက်ခံခဲ့ကြသော်လည်း

ကရင်ပြည်နယ် မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် လှုပ်ရှားနေသော DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး(စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင်များက ယင်း အစီအစဉ်ကို လက်မခံသဖြင့် ခွဲထွက်ခဲ့သည်ဟုသိရသည်။

အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အတွက် သဘောတူနိုင်ခြင်း မရှိသေးသဖြင့် ယင်းသို့ ခွဲထွက်သွားသော  DKBA တပ်ဖွဲ့ နှင့် စစ်အစိုးရကြား နှစ်ဘက် တင်းမာနေကြောင်းလည်း အဆိုပါမီဒီယာမ၏သတင်းများအရ သိရှိရသည်။

2 comments

  • snow

    August 9, 2010 at 5:19 am

    ကောင်းတယ်
    DKBA လဲအဲလိုခံရမှ
    ပြောချင်ဘူး

    Reply

  • လင်းဝေကျော်

    August 9, 2010 at 5:32 am

    ဘယ်တိုင်းပြည်ပဲ ဖြစ်ဖြစ် တိုင်းပြည်တစ်ခု မှာ စစ်တပ် ဆိုတာ ဦးဆောင်မှု တစ်ခုအောက် မှာပဲရှိရမယ်။
    နှစ်ခုရှိနေရင် ပြည်သူတွေအတွက်မကောင်းဘူး။
    ဘာကြောင့်ရှိနေတာလည်းကို ဖြေရှင်းနိုင်ဖို့လိုတယ်။
    မှန်ကန် ယဉ်ကျေးသော နည်းလမ်းနဲ့ဖြေရှင်းပြီး လူအများ ဒုက္ခမရောက်ကြပါစေနဲ့။

    Reply

Leave a Reply to လင်းဝေကျော် Cancel Reply

Your email address will not be published.