ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး နှင့် ဖြေရှင်း ခြင်း

Mobile HouseJanuary 31, 20141min06

ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး နှင့် ဖြေရှင်း ခြင်း

ဖုန်း တစ်လုံး က အနည်း ဆုံး ၃.ရ ဗို့ ရှိမှ ပါဝါ တက်ပါမယ် ။ ၃.ရ ဗို့ ထက်နည်း ပါ က ဖုန်း ပေါ် မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ်

၁။ လိုဂို ရပ်ခြင်း

၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း

၃။ အားသွင်းပုံ ပြ သော်လည်း အားမဝင် ခြင်း

၄။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း

၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း

ဓာတ်ခဲ တွေက 3.7 ဗို့ မှ 4.2 ဗို့ ကြား ထဲ ရှိရပါမယ် ။ 3.7v ထက် လျော့ ပါ က အထက်ပါ error များကြုံ တွေ့ နိုင်ပါတယ် ။

ဘာကြောင့် 3.7ဗို့ အောက် လျော့ ကျ သလဲ ??

အကြောင်း အမျိုးမျိုး ရှိပါတယ် ။ အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ ဓာတ်ခဲ သုံးတာ ကြာ ရင် လဲ ဖြစ်တက်ပါတယ် ။ ဖုန်း ic တစ်လုံးလုံး မကောင်း တော့ ရင် လဲ လိုတာ ထက် ပို ပြီး အန်ပီယာ ဆွဲ တဲ့ အတွက် ဖြစ်ပါတယ် ။

ဘယ်လို ဖြေရှင်း မလဲ ???

ပုံ မှန် ဓာတ်ခဲ ထုတ် လို့ ရတဲ့ ဖုန်း တွေ က တော့ ဓာတ်ခဲ ထုတ်ပြီး ညှပ် ခွက် ( ဖားပါးစပ် ) နဲ့ အားသွင်း ကြည့် ပါ ။ 3.0 မှ 3.6 ဗို့ အတွင်း လက်ကျန် ရှိပါက ပြန်သွင်း လို့ အဆင်ပြေ နိုင်ပါတယ် ။ဒါ ပေမယ့် အားကုန်အောင် သုံး တိုင်း ပြန်ဖြစ်နေပါမယ် ။ 3.0V အောက် ရောက်ပါ က ဆိုင် မှာ ပဲ ပြုပြင် နိုင်ပါတော့ မယ် ။ အကောင်း ဆုံးကတော့ ဓာတ်ခဲ လဲ လိုက်ပါ ။ အထူးသဖြင့် ဓာတ်ခဲ အသေ ဖုန်း တွေ မှာ အတက်နိုင် ဆုံးသတိ ထား သုံး ကြပါ ။ ဥပမာ iphone ၊ Tablet စတာ တွေ ဖြစ်ပါတယ် ။ အဲ့ ဓာတ်ခဲ အသေ ဖြစ်တဲ့ အတွက် ကိုယ် တိုင် လုပ် ဖို့ ခက်ခဲ တဲ့ အတွက် ဆိုင် သွား ရပါမယ် ။စက် ဖြုတ် ရတဲ့ အတွက် ၂၀၀ဝ ၊ ၃၀၀ဝ လောက် တော့ ပေးရမှာ ပါ ။iphone တွေ ကို တော့ Ipad အားသွင်း ခေါင်း နှင့် ကြိုး ကို အသုံး ပြုပြီး ပြန်လည် သွင်း နိုင်ပါတယ် ။ ကဲ သူငယ် ချင်း တို့ လဲ ဖုန်း ကို Battery Low ပေါ် ရင် ဖုန်းပြော ခြင်း ၊ သီချင်း နားထောင် ခြင်း ၊ Game ဆော့ ခြင်း များ မပြု လုပ် ခြင်း ဖြင့် ရှောင်ရှား နိုင်ပါတယ် ။အကောင်း ဆုံး က ဖုန်း 5% ရောက်ပြီ ဆိုရင် ပိတ်ထား လိုက်ပါ ။

သူငယ်ချင်း တို့ ရဲ့ မိတ်ဆွေ၊သူငယ်ချင်း တွေ သိအောင် ရှယ် ပေး လိုက်ပါ အုံး ….

Mobile House Mobile Service and Training Center

လမ်;၃ဝ ၊ ၇၃-၇၄ ကြား

။ဆေးကျောင်း ရှေ့ ။ မန္တလေး မြို့

low_battery

6 comments

  • kai

    February 1, 2014 at 8:03 am

    ကျုပ်မတော့.. ဆဲလ်ဖုံးက အော်ရီဂျင်နယ်ဘက်ထရီအမြဲမြန်မြန်အားကုန်ကုန်သွားသမို့.. ဘက်ထရီအပိုတွေ.. အားသွင်းတဲ့.. ဘက်ထရီအကြီးတွေ.. ခရီးသွားတိုင်း သယ်သယ်သွားရတယ်…

    တလောကတော့ စိတ်တိုပြီး.. မူလဘက်ထရီထက်၂ဆကြီး.. ပါဝါ၂ဆကြီးတဲ့ဘက်ထရီကြီးအတင်းကာရောတပ်ပြီး ဝယ်သုံးနေတယ်..။ :mrgreen:

    စကားအတင်းစပ်..
    Google Nexus 7 ဝယ်ထားတာ.. မြန်မာလိုမပေါ်လို့ဗျ..။ ဘယ်လိုထည့်… ဘယ်လိုသွင်း.. ဘယ်လိုလုပ်..
    လင့်ခ်နတ်လမ်းညွှန်ပါဦး..။

    Reply

  • Ko chogyi

    February 1, 2014 at 8:41 am

    **အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ **
    ကျွန်တော်တို့ နိုင်ငံကြီးမှာ တရုတ်လုပ်ပစ္စည်းတွေပဲရှိတာမသိလေရော့သလား။

    Reply

  • padonmar

    February 2, 2014 at 3:10 pm

    ကျေးဇူးပါ။

    Reply

  • ဒညင်းဝက်

    February 4, 2014 at 1:34 pm

    ဗဟုသုတရစေတဲ့အတွက်..
    ကျေးဇူးပါ..
    မှတ်သားသွားပါတယ်..နော်

    Reply

  • Paing Lay

    February 4, 2014 at 8:37 pm

    အနော်ကဒေါ့ 11% အောက်ရောက်လာရင် ထပ်မသုံးတော့ဘူးဂျို့ ချက်ချင်းအားသွင်းပစ်တယ်။ တစ်ခုရှိတာက Wifi ကပိုပြီး ဓာတ်ခဲကုန်တာ ပိုမြန်သလိုပဲဗျ။ Data Switch က အဲ့လောက်မဆိုးဘူး 😀

    Reply

Leave a Reply

Your email address will not be published.