ထူးထူးခြားခြား မျောက်မျက်နှာနဲ့တူတဲ့ သစ်ခွများ

အံ့ဖွယ်ကို ဖန်ဆင်းတတ်သူတွေထဲမှာဆိုရင် သဘာဝ တရားကြီးဟာ ပရော်ဖက်ဆာ ဒေါက်တာကြီးပါပဲ။ အခုလည်း ကြည့်ပါ။ မျောက်ရဲ့မျက်နှာ ပုံသဏ္ဍာန် ဖြစ်နေတဲ့ သစ်ခွပန်းတွေကို မြင်တွေ့ရပါလိမ့်မယ်။ ဒါဟာ ကွန်ပျူတာနဲ့ ပြုပြင် တည်းဖြတ်ထားတာ မဟုတ်ဘူး။ မျိုးစပ် ဖန်တီးယူထားတာ မဟုတ်ဘူး။ တကယ့် အစစ်အမှန် သဘာဝ တရားက ဖြစ်တည်လာတဲ့ အံ့ဖွယ် ပေါင်းစည်းမှု သရုပ်ပါပဲ။

ဒီအံ့ဖွယ် မျောက်မျက်နှာနဲ့တူတဲ့ သစ်ခွတွေကို အီကွေဒေါနဲ့ ပီရူးနိုင်ငံ အရှေ့တောင်ပိုင်း ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၁၀၀ဝ မှ ၂၀၀၀ဝ ကြားမှာ ရှိတဲ့ တိမ်တွေ ဖုံးလွှမ်းနေတဲ့ သစ်တောများ အတွင်းမှာ တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ဟိုရှေးရှေးတုန်းက လူအများဟာလည်း ဒီထူးထူးဆန်းဆန်း သစ်ခွပန်းတွေကို တွေ့မြင်ခဲ့ဖူးခြင်း မရှိခဲ့ကြပါဘူး။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး ဝါသနာ ပြင်းပြလှတဲ့ သစ်ခွစုဆောင်းသူများ ကြောင့်သာ ဒီလို တိမ်ဖုံးနေတဲ့ သစ်တောထဲက ဒီလို ထူးဆန်းတဲ့ သစ်ခွမျိုးတွေကို တွေ့မြင်ခွင့် ရခဲ့ရခြင်း ဖြစ်ပါတယ်။

 

ဒီသစ်ခွကို အမည်ပေးဖို့ ကိစ္စကတော့ ထွေထွေထူးထူး စဉ်းစားနေစရာ မလိုပါဘူး။ မျောက်မျက်နှာနဲ့ တူနေတော့ Monkey Orchid လို့ပဲ ပေးလိုက်တော့တာပေါ့။ သိပ္ပံ အမည်ကတော့ Dracula simia လို့ ခေါ်ပါတယ်။

သူတို့ဟာ အချိန်ရာသီမရွေး ပွင့်တတ်ကြပါတယ်။

=============================
– Anzartone
=============================
http://www.kuriositas.com/2012/06/amazing-monkey-orchid.html
=============================
ထူးဆန်းထွေလာ
https://www.facebook.com/strimages
=============================

15 comments

  • မင်း ခန့် ကျော်

    January 31, 2014 at 3:33 pm

    တူပေ့ မျောက်မျက်နှာ။

    Reply

  • kyeemite

    January 31, 2014 at 4:08 pm

    နင့်ရဲ့လင့်ထဲမှာမနေ့တည်းကသွားကျိပြီးပီကွ..ခိခိ

    Reply

  • KZ

    January 31, 2014 at 6:23 pm

    မောင်ဂယေးးး
    ဟိုတခါပြောတဲ့ သရဲ သစ်ခွ ဆိုလား တစေ သစ်ခွ ဆိုလား အဲဒီ အကြောင်းရေးပေးပါဦးးးး
    😀

    Reply

    • ကျော်စွာခေါင်

      February 1, 2014 at 12:24 am

      သွားပြီး ပူဆာမနေပါနဲ ့..
      ဟိုက နဂိုထဲက ကြောက်တတ်တယ်ဆို… သူရေးတဲ့ ကျတ် ပို ့စ် မနေ ့ကမှ ဖတ်ထားတာ..
      အီကွေဒေါက တောင်ကို အသာထားပြီး…
      အံဇာဂျီးကို ကြေးနီတောင်ပေါ် စမ်းတက်ခိုင်းကြည့်ရအောင် မီးလုံ..။

      Reply

      • ဲကားလား.. ကြားလား.. ယောက်ခမစိတ်တိုင်းကျ ကြေးနီတောင်ပေါ် တက်ပြ..ဒါဗျဲ.. :mrgreen:

        Reply

        • မဟာရာဇာ အံစာတုံး

          February 3, 2014 at 8:58 am

          ကြေးနီတောင် မကပါဘူး …
          ဟိုးးး မိုးမြင့်က
          ဓူဝံကြယ်ကြီးကိုပဲ ခူးပြရ ခူးပြရ .. ဟီးးးဟီးး

  • ကျော်စွာခေါင်

    February 1, 2014 at 12:31 am

    သွားပြီး ပူဆာမနေပါနဲ ့..
    ဟိုက နဂိုထဲက ကြောက်တတ်တယ်ဆို… သူရေးတဲ့ ကျတ် ပို ့စ် မနေ ့ကမှ ဖတ်ထားတာ..
    အီကွေဒေါက တောင်ကို အသာထားပြီး…
    အံဇာဂျီးကို ကြေးနီတောင်ပေါ် စမ်းတက်ခိုင်းကြည့်ရအောင် မီးလုံ..။

    Reply

  • Ko chogyi

    February 1, 2014 at 8:45 am

    Anzar Orchid လို့ပဲ မှတ်ထားလိုက်မယ်။
    နီနဲ့လည်းတူပါဒယ်။

    Reply

  • Crystalline

    February 1, 2014 at 12:11 pm

    ‌မျောက်‌မျက်‌နှာနဲ့တူတဲ့သစ်‌ခွ‌တော့ခုမှမြင်‌ဖူးတာ… ‌ေ‌မျာက်‌မျက်‌နှာနဲ့တူတဲ့သားအမိ‌တော့မြင်‌ဖူးတယ်‌…သနားပါတယ်‌ :((

    Reply

  • မဟာရာဇာ အံစာတုံး

    February 3, 2014 at 8:59 am

    အားပေးတွားဂျဒူအပေါင်းကို
    ဟောဒီ ကိုကိုအံ ကလေ ..
    သန်းခရု ဗဲရီးမက်ချ်ပါလို့ …
    (မှတ်ချက် ။ ။ အားမပေးတဲ့လူတွေ မပါ။)

    Reply

  • ဒညင်းဝက်

    February 4, 2014 at 1:49 pm

    ဟိုလေ….
    အံစာတုန်းလို.ခြောက်မျက်နှာနဲ ့တူတဲ ့…သစ်ခွတွေရော..ရှိသလားဟင်…
    မြင်ဖူးချင်လိုက်တာ… ။

    Reply

  • kai

    February 4, 2014 at 2:54 pm

    ကမ္ဘာ့သစ်ခွအမျိုး ၂သောင်း၆ထောင်ကျော်ရှိတဲ့အထဲ.. မြန်မာပြည်မှာ သစ်ခွမျိုးနွယ်ကြီးပေါင်း.. ၈၅ဝလောက်ရှိနေသတဲ့..။
    သစ်ခွနဲ့.. စီးပွားမရှာသင့်ပေဖူးလား..။
    သစ်ခွနက်ဆိုတာကလည်း.. မြန်မာ့ဇာတိတခုလို့ဆိုတာပဲ..။

    Reply

  • TNA

    February 4, 2014 at 3:58 pm

    အံချရာတုံးရယ်။ တကယ့်ကိုတူဘာဒယ် နီနဲ့ အဲဟုတ်ပေါင် မျောက်နဲ့ 😀

    Reply

Leave a Reply

Your email address will not be published.