ခေတ်သစ်မယ်ဥမ္မာ

မီ မီJanuary 30, 20141min016

အမေ

မင်​းသားလေးကပြောတယ်

ကြင်ယာရှာတော့မယ် တဲ့

 

အမေ

သမီးနှလုံးသားကပြောတယ်

ကြင်နာတတ်သူကိုရှာပါ တဲ့

 

အမေ

ဒီနေ့မင်းသားလေးအိမ်ရှေ့လမ်းကိုလာမယ်

သမီးရဲ့ညခြုံလွှာချုပ်ပြီးပြီလားဟင်

ကြယ်မျက်နှဖုံးနဲ့ နက္ခတ်စုံတဲ့ဝတ်ရုံလွှာမှာ

မေတ္တာပန်းလေးတစ်ပွင့်ထိုးမယ်

အကြင်နာဘယက်ကိုတော့

နှလုံးသားအထက်မှာရင်ငွေ့လှုံစေမယ်

အလှဆုံးအပြုံးတွေနဲ့

မင်းသားလေးကိုကြိုမယ်အမေ

 

အမေ

ဗုံမောင်း စည်သံတွေနီးလာပြီအမေ

စစ်ရထားရဲ့ ဘီးသံတွေ ကြားရပြီအမေ

ဆူညံနေတဲ့ပရိတ်သပ်တွေအသံတိတ်သွားပြီအမေ

နောက်ဆုံးကြာပွတ်သံရဲ့အဆုံးမှာသမီးပြေးထွက်လိုက်တယ်

ပြတင်းတံခါးမှာရပ်ရင်း

သမီးဘယက်လေးကိုပစ်ပေးလိုက်တယ်အမေ

သမီးမကြည့်ရဲသေးဘူးအမေ

သမီးဘယက်လေး မင်းသားလေးဆီမှာ ပါသွားပြီလား

 

အမေ

သမီးမျက်လုံးတွေဝေနေပြီလေ

စစ်ရထားရဲ့ဘီးသံတွေလဲ တရွေ့ရွေ့ဝေးလို့

ဝိုင်းအုံနေတဲ့လူအုပ်ကြီးလဲ ရှင်းသွားပြီအမေ

လမ်းပေါ်မှာတော့ နှစ်ခုပဲကျန်ခဲ့ပါတယ်

စစ်ရထားနင်းခြေသွားတဲ့ ဘယက်လေးရယ်

နောက်တစ်ခုက

အမြဲသေဆုံးသွားတဲ့သမီးနှလုံးသားရယ်

 

 

 

 

 

 

 

 

16 comments

  • Myo Thant

    January 30, 2014 at 4:55 pm

    ဒီမင်းသားလေးနှယ်ကွယ် . . . . .

    သမီးရယ် စစ်ရထားက နောက်တစ်ခေါက် လာနိူင်ပါသေးတယ်လေ ၊

    Reply

  • myat pearl phyu

    January 30, 2014 at 5:20 pm

    အချစ်အတွက် အသစ်တစ်ဖန် မွေးဖွါးလိုက်ပါလေ …

    တစ်ယောက်ထဲ တစ်သတ်လုံးပဲ နေတော့မှာလား … လို့ ….

    Reply

  • kyeemite

    January 31, 2014 at 10:03 am

    ကောင်းလိုက်တဲပကဗျာလေး…ရိုးရိုးလေးမို့ကြိုက်သဗျို့ 🙂

    Reply

  • ခင် ခ

    January 31, 2014 at 1:19 pm

    သေဆုံးသွားတဲ့ နှလုံးသားလေး အချစ်အတွက်တစ်ဖန် မွေးဖွားပါစေလို့။

    Reply

  • မဟာရာဇာ အံစာတုံး

    January 31, 2014 at 1:25 pm

    အဲ့ဒီလို
    နှလုံးသား သေဆုံးတဲ့အခါ
    ရင်သို့ထိစေသော ကဗျာတွေဟာ
    ပေါ်ထွက်လာခဲ့တယ် .. တဲ့ …။

    Reply

  • အဘရဟူဒီ

    January 31, 2014 at 1:39 pm

    အွန်း ….
    ကိုကိုကြောင့် ကို သတိထားပါကွယ်… အာ..ဟိ

    Reply

  • မောင်ဘလိူင်

    January 31, 2014 at 2:53 pm

    ခေတ်သစ် မယ်ဥမ္မာဆိုတော့ ခေတ်ဟောင်းမယ်ဥမ္မာက ဘယ့်နှယ်တုန်း။
    ဥမ္မာဒန္တီ ဆိုရင်တော့ မင်းသားကို ဘယက်ပစ်ဖမ်းတာ မဟုတ်ဘူး။ သူက
    စစ်သူကြီးနဲ့ညားတာ။

    Reply

  • ဝင့်ပြုံးမြင့်

    February 1, 2014 at 12:56 am

    ကဗျာ အရမ်းကောင်းပါလား။
    ကဗျာပြခန်းအတွက်လည်း ရေးပေးပါဦးနော်။

    Reply

  • ဦးကြောင်ကြီး

    February 1, 2014 at 1:09 am

    Never say never die. ကွဲ့.. အဲလို နဲဗားတွေ အဲဗားတွေ အပိုဆာဒါးမှန်း သိလာတော့.. ရင်ခုန်သံ ပျောက်တွားဗီ.. ဒချိ ဒချိ ဒချိ..။

    Reply

  • ကျော်စွာခေါင်

    February 2, 2014 at 2:51 am

    မီမီရေ..
    ကဗျာစာသားတွေ ဖွဲ့ဆိုထားတာတွေ ပုံရိပ်စကားလုံးသစ် ရှာထားတာတွေ အကုန်ကြိုက်နှစ်သက်တယ်..
    ဒါပေမယ့် ကဗျာ ခေါင်းစဉ် မကြိုက်ဘူး… မကိုက်ဘူး
    အဲဒီ မယ်ဥမ္မာ မဟုတ်ဘဲ..တစ်ခြား နာမည်ဆိုရင်လဲ ကဗျာက ကောင်းမြဲ ကောင်းနေမှာပါ..။
    ဆရာကြီးလုပ်တာ မဟုတ်ဘူးနော်..။

    Reply

  • မီ မီ

    February 2, 2014 at 8:28 am

    ဆရာဆရာမတို့ရှင့်
    ယခုလို အကြံပေး ကူညီတာကျေးဇူးတင်ပါတယ်
    ကြိုးစားကြည့်ပါမယ်ရှင်

    Reply

  • ကျော်စွာခေါင်

    February 2, 2014 at 8:45 am

    ဆရာလို့ မ​ခေါ်ပါနဲ့ဗျာ…
    ဝါသနာတူချင်​း အကြံ​ပေးဘို့​တောင်​ လက်​တွန်​ ့သွားပါပြိီ…

    Reply

  • မီ မီ

    February 2, 2014 at 8:55 am

    စိတ်မဆိုးပါနဲ့ရှင်
    အားလုံးဟာ မီမီ လေးစားလို့ပါ
    ကြာကြာဖတ်ကြည့်ပြီး အားလုံးကို ဆရာတင်တာပါ
    မှားတာရှိလျှင် ခွင့်လွတ်ပါရှင်
    ဆရာဦးကျော်စွာခေါင်ရဲ့စာများလည်း
    နှစ်ပုဒ်ခန့်ဖတ်ပြီးပါပြီရှင်
    ဆရာအကြံပေးတာကျေးဇူးတင်ပါတယ်နော်
    ရှေ့ဆက်ပြီး ကူညီကြပါဦးရှင်

    Reply

  • ကျော်စွာခေါင်

    February 2, 2014 at 9:20 am

    မမီမီ..
    ပြောလေ ခေါ်လေပါလား…. း)
    ထားပါတော့လေ…
    ဘယ်လိုဘဲပြောပြော…
    မီမီက ယဉ်ကျေးစွာနဲ ့ကိုယ့်ကိုကိုယ် နှိမ့်ချဆက်ဆံ ပြောဆိုတာကတော့.. မင်္ဂလာတစ်ပါးပါ..။
    စိတ်ဓါတ်ချင်းတူပါတယ်..။
    ကဲ…အနုပညာတွေ ထပ်ထုတ်ပါဗျာ..
    ဆက်ပြီး အားပေးနေမှာပါ..။
    ဒီ ..ဂဇက်ရွာလေးက အင်မတန်သဘောကောင်းကြပါတယ်..။

    Reply

Leave a Reply to kyeemite Cancel Reply

Your email address will not be published.