မန္တလေး – ပုဂံ ခရီးသွားမှတ်တမ်း (၁)

 

 

 

 

 

 

 

 

ခရီးသွားရမည်ဆိုသောကြောင့် အလွန်ပင် စိတ်လှုပ်ရှားမိသည်။ အလွန်သွားချင်နေသည့် မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံသို့ ပထမဆုံးအကြိမ် သွားရမည့်ခရီးဖြစ်ခြင်း၊ မန္တလေးမှ ပုဂံသို့ စင်းလုံးငှားအပျော်စီးရေယာဉ်ဖြင့်သွားမည့် ဧည့်သည်များနှင့်အတူလိုက်ပါပြီး ရေယာဉ်အခြေအနေကို ကြည့်ရှုရမည့်ခရီးဖြစ်ခြင်း၊ ပထမဆုံးအကြိမ်အဖြစ် ကိုယ်တိုင်ဦးဆောင်ပြီး သွားရမည့် ခရီးဖြစ်ခြင်း၊ မန္တလေးမြို့ရှိ ရွာသူားများနှင့် တွေ့ရမည်ဖြစ်ခြင်း စသည်တို့ကြောင့်ပင် ဖြစ်သည်။ သို့သော် ခရီးစဉ်အတွက်မူ သေချာပြင်ဆင်ချိန် သိပ်မရှိ။ ခရီးသွားမည့်ရက်အတွင်း အလုပ်ကြွေးကျန်မရှိအောင် ရှင်းလင်းနေရသောကြောင့် သွားခါနီးလေ ပိုပင်ပန်းလေ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ရှုပ်ယှက်ခက်နေသည့် အချိန်များကြားထဲကပင် ခရီးသွားမည့်နေ့သို့ ရောက်လာခဲ့လေသည်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်

ညနေ (၅) နာရီတွင် ရုံးဆင်းမည်ဟု စဉ်းစားထားသော်လည်း မပြီးပြတ်သေးသော ကိစ္စများကြောင့် (၅) နာရီခွဲမှ ရုံးဆင်းဖြစ်သည်။ လှည်းတန်းကို ရောက်တော့ (၆) နာရီ။ လိုအပ်သည့် ပစ္စည်းများကို ဝင်ဝယ်ရင်း အိမ်ပြန်ရောက်တော့ (၆) နာရီခွဲ။ ကားဂိတ်သို့သွားရန် ချိန်းထားသည့်အချိန်က (၇) နာရီ။ နာရီဝက်အတွင်း ကမန်းကတန်းပြင်ဆင်ရသည်။ အရေးကြီးသည့် ပစ္စည်းများ မေ့မကျန်ခဲ့ရန်ကလည်း ဂရုစိုက်ရသေးသည်။ သည်လိုနှင့် အိမ်က ထွက်မည်လုပ်တော့ ရုံးက ဖုန်းဆက်လာသည်။

ပုံမှန်အားဖြင့် အပျော်စီးသင်္ဘောများရှိ Sundeck တွင် ကော်ဖီ၊ လက်ဖက်ရည်၊ သစ်သီး၊ ကွတ်ကီး စသည်တို့ကို ချပေးထားသည်။ ဒါက including service & FOC. ဒါပေမယ့် အခု ကျွန်မတို့ စီးမည့် သင်္ဘောက ထမင်းစားချိန်များမှလွဲ၍ ကျန်သည့်အချိန်များတွင် မှာစားလျှင် ပိုက်ဆံကောက်မည်တဲ့။ ဧည့်လမ်းညွှန်က သင်္ဘောမန်နေဂျာကို ဖုန်းလှမ်းဆက်တော့ သိလာသည့်သတင်း။ ဧည့်သည်တွေရဲ့ ခရီးစဉ်တစ်ခုလုံးကို တာဝန်ယူထားသည်က ကျွန်မ။ နောက် အဲဒီသင်္ဘောနှင့် စီစဉ်ပေးထားသည်ကလည်း ကျွန်မ။ ဒါကြောင့် ဒီကိစ္စက ကျွန်မရဲ့ တာဝန်လုံးလုံး ဖြစ်လာခဲ့သည်။ သိပ်မခက်ခဲသော ကိစ္စဖြစ်သော်လည်း အဖုအထစ်လေးဖြစ်နေသည်မို့ စိတ်က သိပ်မရှင်းတော့။ နောက် ဧည့်သည်တွေကလည်း သူတို့ခရီးစဉ်ကို ကျွန်မက တာဝန်ယူစီစဉ်ပေးထားမှန်းသိသည်။ ထို့ကြောင့် လမ်းတစ်လျှောက် အဆင်မပြေတာတစ်ခုခုရှိခဲ့လျှင် ချက်ချင်းရှင်းပေးရမည်က ကျွန်မ။ အစစအရာရာ အဆင်ပြေအောင် စီစဉ်ထားသော်လည်း စိုးရိမ်စိတ်ကလေး ရှိနေသည်က အမှန်ပင်။ ဒီလိုနှင့် အောင်မင်္ဂလာ ကားဂိတ် သို့ ရောက်လာခဲ့သည်။

ကားက ည (၉) နာရီတွင် စထွက်သည်။ လုမ္ဗဏီအထူးကား။ လူအရေအတွက်က တစ်ကားလုံးမှ (၁၅) ယောက် မပြည့်ချင်။ ထိုင်ခုံကလည်း ကျယ်သည်။ ပေးသည့် စောင်ကလည်း ကြီးသည်။ ခေါင်းအုံးလေးပင် ပါလိုက်သေး။ ကားစထွက်ကတည်းက အိပ်လိုက်သည်မှာ (၃၉) မိုင် ယာဉ်ရပ်နားစခန်းမှာ ရပ်တော့မှ နိုးသည်။ အချိန်က ည (၁၀) နာရီခွဲ။ အိပ်ချင်စိတ်နှင့် ဗိုက်က သိပ်မဆာ။ သို့သော် လမ်းမှာ ဆာမည်စိုး၍ ကြာဆံချက်မှာစားလိုက်သည်။ ပါလာသည့် ညီမလေးက လက်ဖက်သုပ်။ ပိုက်ဆံရှင်းတော့ (၂၀၀၀) ကျပ်တဲ့။ မျက်လုံးပင် ပြူးသွားသည်။ ရုံးနှင့်ပင် ခရီးသွားဖူးသည့်အတွက် စားသမျှ ငွေကိုင်ကရှင်းသောကြောင့် ဈေးတွေကို သိပ်မသိ။ အခုတော့ ဈေးက နှစ်ဆလောက် ကွာနေသည်။ ဒါကလည်း အတွေ့အကြုံတစ်ခုပင်။

နာရီဝက်ခန့်နားပြီးတော့ မန္တလေးသို့ တောက်လျှောက်မောင်းတော့သည်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်

မန္တလေးမြို့ထဲကို ဝင်မိတော့ မနက် (၅) နာရီ။ လေးလေးခင်ခကို ဖုန်းဆက်တော့ (၁၀) မိနစ်အတွင်း ကားဂိတ်ကို ရောက်လာမည်တဲ့။ ကျွန်မတို့ကားကတော့ ဘူတာကြီးအထိ ပို့ပေးပြီးမှ ကားဂိတ်ကို သွားသည့်အတွက် (၅) နာရီခွဲမှ ရောက်သည်။ တွေ့ပါပြီ၊ RAV4 ကားနှင့် လာကြိုသည့်လေးလေး။ မနက်စာကို (၃၅) လမ်းက ရွှေပြည်မိုးလက်ဖက်ရည်ဆိုင်မှာ စားကြသည်။ လေးပေါက်၊ သဂျား နှင့် ဗုံဗုံတို့ကိုလည်း လှမ်းချိန်းလိုက်သည်။ မန္တလေးရောက်မှတော့ မန္တလေးမုန့်တီစားသည်။ ခေါ်နေကျအတိုင်း နန်းကြီးသုပ်တစ်ပွဲဟုဆိုတော့ လေးလေးက နန်းလတ်သုပ်ဟု ပြင်ပြောပေးသည်။ လာချပေးတော့ ကွက်တိ။ နန်းကြီးသုပ်သာဆိုလျှင် ကျွန်မတို့ စားတတ်မည်မဟုတ်ပေ။

မုန့်တီစား၊ လက်ဖက်ရည်သောက်ရင်း မန္တလေးသားများနှင့် စကားလက်ဆုံကျရသည်မှာ ပျော်စရာ။ ပိုပျော်ဖို့ကောင်းသည်က လေးလေးခင်ခရဲ့ အနီချင်းပြိုင် နိုင်မတဲ့လား ပရိုမိုးရှင်းတွင် နှစ်သိမ့်ဆုရ လက်ဆောင်အဖြစ် DM နာရီတစ်လုံးပေးသည်။ နာရီတစ်လုံးဝယ်မည်ဟု စိတ်ကူးထားသော ကျွန်မ အလွန်ပင်ပျော်မိသည်။

မနက် (၇) နာရီကျော်ခန့်တွင် လက်ဖက်ရည်ဆိုင်က ပြန်ထွက်ပြီး မန္တလေးတောင်ဘက်ကို ကားနှင့် ပတ်ပို့ပေးသည်။ ကျုံးထောင့်တွင် ကားခဏရပ်ပြီး ကျုံးနှင့် မန္တလေးတောင်မြင်ကွင်းကို ဓာတ်ပုံရိုက်၊ နောက် မင်္ဂလာတံတားကို ဓာတ်ပုံရိုက်။ ပြီးနောက် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို ဝင်ဖူးကြသည်။ ကျောက်ဆစ်တန်းဘက်ကပတ်ပြီး ရွှေကြက်ယက်သင်္ဘောဆိပ်ကို ဆင်းတော့ အချိန်က မနက် (၈) နာရီကျော်။ အစစအရာရာ လိုလေသေးမရှိ ဧည့်ဝတ်ကျေသော လေးလေးခင်ခ နှင့် မန္တလေးက မိတ်ဆွေသူငယ်ချင်းများကို ကျေးဇူးအများကြီး တင်ပါသည်။

ရွှေကြက်ယက်ကို (၈) နာရီခွဲခန့်တွင်ရောက်သည်။ တွေ့ပါပြီ။ ကျွန်မတို့ စီးရမည့် RV Princess Royal။ ရောက်ရောက်ချင်း မန်နေဂျာနှင့် စကားပြောတော့ ကျွန်မတို့ လိုချင်သည့်အတိုင်း ညှိနှိုင်းပေးသည်။ နောက် ဧည့်သည်တွေမလာခင် သင်္ဘောကိုပတ်ကြည့်တော့ အကုန်အဆင်ပြေသည်။ ဧည့်သည်တွေလည်း သဘောကျလောက်မည်ဟု ထင်မိသည်။ ဂိုက်ကို ဖုန်းလှမ်းဆက်ကြည့်တော့ လာနေပြီတဲ့။ ကမန်းကတန်းရေချိုးပြီး အပြင်ထွက်လိုက်တော့ ဧည့်သည်ရဲ့ကားက ကမ်းပါးပေါ်ရောက်ချိန်နှင့် ကွက်တိ။ သူတို့ကို နှုတ်ဆက်ပြီး သင်္ဘောပေါ်ကို ခေါ်လာတော့ သင်္ဘောကို ပတ်ကြည့်ကြရင်း သဘောကျကြောင်းပြောသည်။ နောက်ဧည့်သည်တွေအတွက်လည်း ဒီသင်္ဘောကို စီစဉ်ပေးနိုင်ကြောင်း ထောက်ခံသည်။ သို့နှင့် RV Princess Royal သင်္ဘောသည် ဧည့်သည် (၄) ယောက်၊ ဂိုက် (၁) ယောက်၊ ရုံးဝန်ထမ်း (၂) ယောက်၊ သင်္ဘောဝန်ထမ်း (၁၅) ယောက်နှင့်အတူ ရွှေကြက်ယက်ဆိပ်မှ နံနက် (၉) နာရီခွဲတွင် စတင်ထွက်ခွာခဲ့ပါသည်။

Mdl
ကျုံးရေပြင် နဲ့ မန္တလေးတောင်

 

 

 

 

 

 

 

မင်္ဂလာတံတား
မင်္ဂလာတံတား

 

 

 

 

 

 

 

ကျုံးမြို့ရိုး
ကျုံးမြို့ရိုး

 

 

 

 

 

 

 

မဟာမြတ်မုနိကို ဖူးမြင်သည်
မဟာမြတ်မုနိကို ဖူးမြင်သည်

 

 

 

 

 

 

 

RV Princess Royal
RV Princess Royal

 

 

 

 

 

 

 

 

Sundeck
Sundeck

 

 

 

 

 

 

 

 

 

 

DSCF8073
တစ်ဖက်ကမ်းက စစ်ကိုင်းတောင်

 

 

 

 

 

 

 

စစ်ကိုင်းတံတား (၁)
စစ်ကိုင်းတံတား (၁)

 

 

 

 

 

 

 

 

စစ်ကိုင်းတံတား (၂)
စစ်ကိုင်းတံတား (၂)

18 comments

  • KZ

    January 30, 2014 at 5:21 pm

    I will be the 1st comer to your 100th post. :chit:

    Reply

  • Mr. MarGa

    January 30, 2014 at 6:06 pm

    လုမ္ဗနီ မဟုတ်ဘူးလား ကွယ့်
    မနက်စောစော အိပ်ချင်မူးတူး လာစားခဲ့တဲ့ မြီးရှည်ကို ပြန်ကာသတိရ
    အာဟ….. :mrgreenn:

    Reply

  • မသိဘူး.. မှားရင်​ ြြပြင်​​ေ​ပးလိုက်​..
    တစ်​ချို့ဆို ဖုန်​းဆက်​နှိုးတာ​တောင်​ မနိုးဘူး.. 🙂

    Reply

  • padonmar

    January 30, 2014 at 8:57 pm

    ၁၀ဝ မြောက်ပို့စ်အတွက် ကွန်ဂရက်ကျူလေးရှင်း။
    အဲဒီ သင်္ဘောကြီး အကြီးကြီးကို ဧည့်သည် ၄ယောက် ဂိုက်၁ယောက်ပဲ နှမျောလိုက်တာ။

    Reply

    • လုံမလေးမွန်မွန်

      January 31, 2014 at 12:51 pm

      ဟုတ်ပါ့ တီဒုံရယ်..အခန်းတွေ လွတ်နေတာမှ အားကြီးပဲ.. 🙁
      တစ်စီးလုံးကို ဒေါ်လှ 3000 ကျော်တယ်..

      Reply

  • ကျော်စွာခေါင်

    January 31, 2014 at 2:01 am

    မီးလုံလုံ
    ဖတ်လို ့တောင် မဝ သေးဘူး..မြန်မြန်ဆက်ရေးပါ..
    မန ္တလေး ကျုံးပုံတွေ တွေ ့တော့ စိတ်မကောင်းဘူး လွမ်းလှတယ်..မန်းလေးကို..
    ဒက်မှာ နာကျင်စရာ မန်းလေး ဇာတ်လမ်းတွေ ရှိတယ် မီးလုံလုံ ရဲ ့..။ ထားပါ..
    ဖားသကျိုးနဲ ့ ဗုံဗုံက မန်းလေးမှာလားး..ရန်ကုန်မှာ ထင်နေတာ
    ကိုပေါက်နဲ ့ ကိုခကိုတော့ မန်းလေးမှာဆိုတာ သိတယ်..။
    …နားနားနေနေနဲ ့ မြန်မြန်ဆက်ရေးပါ..။

    Reply

    • မီး ဆက်​​ရေးထားတယ်​ ဒက်​ဒိီ.. နာကျင်​စရာဆိုတာ ရင်​ထဲမှာသိမ်​းထားရင်​ ပိုနာကျင်​ရတယ်​တဲ့.. 🙂

      သဂျား နဲ့ ​ဗုံဗုံက.မန်​း​လေးသားအစစ်​​တွေ.. 🙂

      Reply

  • kyeemite

    January 31, 2014 at 9:24 am

    ဓါတ်ပုံလေးတွေကောင်းလှချည်လား..
    အာတီဒုံပြောသလို “အဲဒီ သင်္ဘောကြီး အကြီးကြီးကို ဧည့်သည် ၄ယောက် ဂိုက်၁ယောက်ပဲ”
    ဧည့်သည်အများကြီးမှတ်လို့…

    Reply

  • မင်း ခန့် ကျော်

    January 31, 2014 at 10:07 am

    စစ် ကိုင်း တော့ ရောက် ပီ ။

    တာ ဝန် ခံ က တော့ တာ ဝန် တွေ တ ပြုံ ကြီး နဲ့

    ပေ မဲ့ ဖတ် ရ တဲ့ သူ တွေ က တော့ ကိုယ် တိုင် အပို့

    ခံ ရ သ လို အ ပျော် တွေ ကူး စက် နေ ပါ ကြောင်းးးး။

    (သင်္ဘောစီးရင်း ဖြစ်ချင်တာတခုက မြစ်လယ်ရောက်ရင် ခဏ
    ကျောက်ချ ခိုင်းပြီး ရေဆင်းကူးချင်တာ :mrgreen:)

    Reply

  • မဟာရာဇာ အံစာတုံး

    January 31, 2014 at 10:50 am

    တော်လိုက်တာ ..
    ပို့စ် ၁၀ဝ တောင် ပြည့်တွားဘီဘဲ …
    ပုံလေးတွေကလည်း လှလိုက်တာ …
    မန်းလေးက ဟိုလူကြီး ဟိုလူလေး တွေကို ကျေးဇူးတင်ဘာဒယ် ဆိုတဲ့ အကြောင်း …

    Reply

    • ခင် ခ

      January 31, 2014 at 11:08 am

      ခရီးစဉ် ပြီးမြောက်အောင်မြင်ချောမောစွာပြန်ရောက်တဲ့အတွက် ဝမ်းသာပါတယ်ဗျ။
      နောင်လည်း မန်းလာဖြစ်ရင် တွေ့ဆုံချင်ပါသေးတယ် လုံမရယ်။

      Reply

  • moonpoem

    January 31, 2014 at 1:21 pm

    မမွန်က ချိန်းပေမယ့် အဲဒီတုန်းက ကျွန်မက ရန်ကုန်မှာဆိုတော့ မတွေ ့ဖြစ်ခဲ့ပါဘူး။ အခွင့်သင့်ရင်တော့ တွေ ့ချင်ပါသေးရဲ ့။
    ၁၀ဝမြောက်ပို ့စ်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းပါ။

    Reply

  • Crystalline

    January 31, 2014 at 1:38 pm

    Congratulations Mon Mon Lay :))
    ခရီးသည်‌အားလုံး၇‌ယောက်‌…အမှုထမ်‌း၁၅‌ယောက်‌ဆို‌တော့ တကယ်‌့ vip trip ပဲ‌ပေါ့…..
    စကားမစပ်‌ ‌လေးခဆုက တကြီးဆုထက်‌ပို‌ကောင်‌းမယ်‌ထင်‌တယ်‌ :mrgreenn:

    Reply

  • TNA

    February 1, 2014 at 11:58 am

    နောက်ပိုစ့်တွေ့စောင့်မျှော်လျှက်

    Reply

  • ဒညင်းဝက်

    February 4, 2014 at 7:24 pm

    ကျနော်…မနက်အစောကြီး..4 နာရီလောက်..ဖုန်းဆက်နှိုးလို ့..
    မန်းလေးတောင် လိုက်ပို ့ပေးခဲ့တဲ ့.. မန်းလေးသား..လေးတစ်ယောက် ကို..သတိရသွားပါသည် ..။
    :kwi:

    မွန်မွန် ့ရဲ ့ ပိုစ့်.. 2 ကိုအရင်ဖတ်..ပြီးမှ…3 …
    ပြီးမှ…အခု..1….

    အဲဒလို ဖတ်လိုက်ရတာ..

    😆

    Reply

Leave a Reply to လုံမလေးမွန်မွန် Cancel Reply

Your email address will not be published.