ကမ္ဘာ့ အသေးဆုံး ငှက်လေး

ကမ္ဘာကျော် Animation Movie တစ်ခုဖြစ်တဲ့ Epic ဆိုတဲ့ ဇာတ်ကားကို ကြည့်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ဖူးရင် ပုံထဲက ငှက်လေးတွေကိုလည်း မြင်ရုံနဲ့ ဪ … ဆိုပြီး ဖြစ်သွားပါလိမ့်မယ်။ ဟုတ်ကဲ့။ ဒီငှက်လေးတွေဟာ ဆိုရင် ကမ္ဘာ့ အသေးဆုံး ငှက်လေးတွေ ဖြစ်ကြပါတယ်။ အမည်နာမ အားဖြင့်တော့ Bee Hummingbird လို့ ခေါ်ပါတယ်။

ဒီငှက်လေးတွေကို ကျူးဘား နိုင်ငံမှာ တွေ့ရလေ့ ရှိပါတယ်။ သူတို့ဟာ အကောင်သေးသလောက် တောင်ပံလည်း အတော်ခတ်နိုင်တဲ့ အကောင်လေးတွေ ပါပဲ။ တစ်စက္ကန့်အတွင်း တောင်ပံခတ်နှုန်းဟာဆိုရင် အကြိမ် ၈ဝ ခန့် ရှိတယ်လို့ ဆိုပါတယ်။ တောင်ပံ များများခတ်နိုင်သော ပိုပြီး မြန်သွားတာပေါ့။ ဒါကြောင့်ပဲ ပျံသန်းမှု ဆိုင်ရာမှာတော့ အလွန် လျင်မြန်လှပါသတဲ့။

အတောင်ပံတွေရဲ့ ရိုက်ခတ်နှုန်းနဲ့အတူ အလွန်အင်မတန်မှ လှစ်ခနဲ လှစ်ခနဲနေအောင် မြန်ဆန်ကြတဲ့ ဒီကမ္ဘာ့ အသေးဆုံး ငှက်လေးတွေရဲ့ သတ္တိကလည်း မခေလှပါဘူး။ သူတို့ထက် ကြီးတဲ့ ငှက်တွေကို မကြောက်မရွံ့ ရင်ဆိုင်တိုက်ခိုက်တတ်ပါသတဲ့။

သူတို့လေးတွေကို သူတို့ရဲ့ တဖျတ်ဖျတ် လှုပ်ခတ်နေတဲ့ တောင်ပံတွေကြောင့်မို့ လူတွေ သတိထားမိ၊ သိမိကြပေမယ့်လို့လည်း တကယ်တော့ သူတို့ဟာဆိုရင် ကမ္ဘာ့အသေးဆုံး ငှက်လေးတွေ ဖြစ်ကြကြောင်းကို သတိမထားမိတတ်ကြပါဘူး။

ခန္ဓာကိုယ် အနေအထား အားဖြင့် ၂ လက်မ ကျော်ကျော်လေးသာ ရှိကြပါတယ်။ ဒါတောင်မှ နှုတ်သီးနဲ့ အမြီးပါပြီး ရေတွက်ထားတာပါ။ အလေးချိန်အားဖြင့် ၂ ဂရမ် လောက်သာ ရှိတတ်ကြပါတယ်။

=============================
– Anzartone
=============================

Source:

http://www.estfacts.com/worlds-smallest-bird/
=============================
ထူးဆန်းထွေလာ
https://www.facebook.com/strimages
=============================

10 comments

  • Crystalline

    January 29, 2014 at 3:03 pm

    အဲလောက်… ပိကျိလေးဆိုတော့အသည်းယားစရာပေါ့… အိမ်မှာတော့အခုကျီးကန်းနဲ့စာကလေးတွေပျော်နေလေရဲ့.. ဦးလေးနဲ့ဖုန်းပြောတော့ နင်တိရစာန်ဥယာဉ်ထဲရောက် နေတာလားတဲ့.. ငှက်သံတွေကြွက်ကြွက်ညံနေလို့… စာကလေးတွေကိုကြည့်ရတာချစ်ဖို့ကောင်းပေမယ့် အညစ်အကြေးတွေကိုတော့တော်တော်စိတ်ညစ်တာ.. :))

    Reply

  • Mr. MarGa

    January 29, 2014 at 3:26 pm

    မြန်မာလိုပြောရင် ဝတ်ရည်စုပ်ငှက် ခေါ်မလား….
    ဒါဖတ်ပြီးမှ နှံပြည်စုတ် လေးတွေတောင် မတွေ့တာကြာပြီဆိုတာ သွားသတိရမိတယ်

    Reply

  • ဦးကျောက်ခဲ

    January 29, 2014 at 3:47 pm

    မောင်အံ…ခင်ဗျားငှက်က တစ်လုပ်စာတောင်မရှိ…
    ခက်ပါတယ်လေ… ကျောက်စ်ကလည်း ငှက်မြင်ရင် စားစရာမှတ်နေတာ…
    😀

    Reply

  • Shwe Ei

    January 29, 2014 at 4:40 pm

    ဥလေးဒေ ချစ်ဖို့ကောင်းထှာဟယ် 😀

    Reply

    • KZ

      January 29, 2014 at 6:36 pm

      ဟယ် ဟုတ်တယ်ဟယ်။
      နားကပ်လုပ်ပန်ချင်တယ်

      😀

      Reply

  • kyeemite

    January 30, 2014 at 8:43 am

    ရှာရှာဖွေဖွေတင်ပြပေးတဲ့ အံစရာကိုသင့်ခရုပါကွ..ဒါနဲ့ ထူးဆန်းထွေလာ
    https://www.facebook.com/strimages က နင်ဖန်တီးထားတာလား…
    တော်တော်စုံတယ်….ကြိုက်၏

    Reply

  • myat pearl phyu

    January 30, 2014 at 1:03 pm

    epic ထဲက ဌက်လေး …ချစ်ချရာလေး …

    Reply

  • မဟာရာဇာ အံစာတုံး

    January 31, 2014 at 1:15 pm

    အားပေးသွားသူအပေါင်းကို
    သန်းခရု ဗဲရီးမက်ချ်ပါနော့ …
    သာဒု .. သာဒု ..

    Reply

Leave a Reply

Your email address will not be published.