မုဒိမ်းအကျင့်ခံရတာကိုများ တကယ့်စည်းစိမ် တဲ့လားကွယ်…။

black chawJanuary 28, 20141min018

မုဒိမ်းမှုတွေ သိတ်…သိတ်ပြီးတော့ ခေတ်စားနေပါတယ် ကျောင်းဒကာ…။
မုဒိမ်းမှုဟေ့ဆိုတာနဲ့ ယောက်ျားလေးမုဒိမ်းသမားတွေကိုပဲ ထင်တတ်သူတွေ အနေနဲ့…
မိန်းမ မုဒိမ်းသမားတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်ပါရစေဦး…။
ရုရှားလူမည်းမုဆိုးမလို့ နာမည်ကြီးတဲ့ ဗယ်လာရီယာကေ ဆိုတဲ့ အမျိုးသမီးပေါ့…။
ကွယ်…သိတ်ဆိုးတာပဲတဲ့…ခစ်ခစ်…။
ယောက်ျား ၁ဝ ယောက်ကိုတဲ့…
မေ့ဆေးတွေ ထုံဆေးတွေ ပေးပြီးတော့တဲ့…
ကျင့်ခဲ့သတဲ့ကွယ်…မုဒိမ်း…။
ဟိုသီချင်းလေးသွားသတိရတယ် သိလား…။
ကြက်သီးတွေတောင် ထထလာတယ် ဆိုလား…။
ဟုတ်တယ်…။ သတင်းဖတ်ရင်း ကြက်သီးတွေတောင် ထလာတယ်ကွယ်…။
ဟိုတလောက ကျောက်စ် မင်္ဂလာဆောင်မှာ နိုဇိုးမိကြီးနဲ့တွေ့တော့ ရုရှားကို သွားလည်မလို့ဆိုလား…။
ကြည့်…သူသိတ်…အကြံကြီးတာပဲ…အာဟီး…။
အရက်သမား တွေ လည်း သရေကျစရာဗျ…တိလား…။
အဲဒီ မုဒိမ်းမကြီးက သူမနေထိုင်တဲ့ အခန်းထဲကို ဖိတ်ခေါ်ပြီးတော့တဲ့…
ယမကာတွေနဲ့ ကောင်းကောင်း ဧည့်ခံသေးတာတဲ့…။
သွေးပူသွေးဆူသွားအောင် ကြံစည်တဲ့ သဘောနေမှာပေါ့ဗျာ…။
ရွာထဲက အရက်သမားသမဂ္ဂအဖွဲ့ဝင် ပုဂ္ဂိုလ်အကောင်းစားလေးတွေအတွက်…
စိုးရိမ်စိတ် ဝင်မိပါတယ်ကွယ်…။
ပြီးတော့မှ မေ့ဆေးသို့မဟုတ် ထုံဆေးတစ်မျိုးမျိုးသုံးပြီး…
အဲဒီယောက်ျားတွေကို အိပ်ပျော်သွားစေပါတယ်တဲ့…။
ပြီးတော့ကျတော့မှ ယောက်ျားတွေကို ကြိုးနဲ့တုတ်ပြီးတော့ (ကန်တော့နော် ကျောင်းဒကာကြီး..)
မုဒိမ်းကျင့်တာတဲ့ကွယ်…။
အဲဒီအခန်းကိုတော့ ဆင်ဆာဖြတ်လိုက်ကြရအောင်ဗျာ…။
မုဒိမ်းအကျင့်ခံရတဲ့ ယောက်ျားတွေကို ဆေးစစ်ကြည့်လိုက်တော့…
ကျားအင်္ဂါ တစ်ဝိုက်မှာ ထိခိုက်ရှနာအနာအဆာတွေ ရှိနေသတဲ့ကွယ်…။
သိတ်ပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ပြုမူဆက်ဆံထားတယ်ဆိုတဲ့…
လက္ခဏာတွေပေါ့ကွယ်…။
အဲဒါကြောင့် ပြောတာ…။ ကြက်သီးတွေတောင်ထထလာပါတယ်ဆို…။
အဲဒီ…အကျင့်ခံခဲ့ရတဲ့ ယောက်ျား ၁ဝ ယောက်ကို စစ်မေးကြည့်လိုက်တော့တဲ့…
၉ ယောက်က ဝန်ခံချက်ပေးပါတယ်တဲ့…။
အဲဒီအမျိုးသမီးက ဖိအားပေးပြီးတော့သူတို့အပေါ်လိမ်လည်လှည့်ဖျား ကာမဆက်ဆံ ခဲ့တာပါတဲ့…။
ဒါပေမယ့်…ကျန်တစ်ယောက်ကတော့…လူရိုးကြီးခင်ဗျ…။
မုဒိမ်း အကျင့်ခံခဲ့ရတာကိုပဲ တသသ ဖြစ်နေပုံမျိုးကြီးနဲ့တဲ့…။
ဟေးဟေး…ကိုယ်တိုင်သာ ဖတ်ကြည့်တော့ကွယ်…။
အခုအဖြစ်မျိုးက ရတောင့်ရခဲပဲဗျ…။ ဒီအမျိုးသမီး ကျွန်တော့်ကို ဖိအားပေးကျင့်ကြံခဲ့တာ
မှန်ပေမယ့် ဒါဟာ မကြုံစဖူး တစ်ကယ့်စည်းစိမ် တစ်ခုပဲ တဲ့ ခင်ဗျာ…။
လူဆိုး…။
ဘိလပ်က ကိုဆွေတို့လို လူမျိုးတွေ နေမှာပေါ့…။
ဟန်တောင် မဆောင်တော့ဘူး…။
ကဲ…ကဲ…ဒီပို့စ်ဖတ်နေကြတဲ့ ကိုပါလေရာကြီးတို့ ကိုဆာမိကြီးတို့
ကိုဂီဂီ တို့လို အမျိုးကောင်းသားတွေအနေနဲ့…
ငါယောက်ျားပဲ ဆိုပြီး သိတ်ဂန်ကျယ်မနေပဲ…
သတိလေးနဲ့ နေကြဖို့ တိုက်တွန်းပါရစေခင်ဗျာ…။
မတော်…ယောက်ျားတန်မယ့် မုဒိမ်းအကျင့်ခံရတယ်ဆိုတာမျိုးကြီး…
မဖြစ်ရအောင်…အသွားအလာ ဆင်ခြင်ကြပါလို့…။
မိန်းမမုဒိမ်းသမားများ ပပျောက်ရေး ဆိုသည့်
မွန်မြတ်သော ရည်ရွယ်ချက်ကောင်းကောင်းဖြင့် ရေးသားထားပါတယ်ခင်ဗျာ…။
ဟေးဟေး…ယုံချင်ယုံ…မယုံချင်နေ
မူလလက်ဟောင်း ဘလက်ချော
(ဆင်တူရိုးမှား အထူးသတိပြု)
ဘလက်ချော တစ်ယောက် အလုပ်မအားလပ်တဲ့ကြားက
JAN’ 2014 မှာ ပို့စ်မတင်လိုက်ရဘူး မဖြစ်ရအောင်
ဂျာနယ်တစ်ခုထဲမှာပါခဲ့တဲ့ သတင်းတစ်ပုဒ် ကို ဖတ်ပြီး
ဆူလွယ်နပ်လွယ် ပို့စ်တစ်ပုဒ်ရေးတင်လိုက်တယ်ဆိုတာ
ဝန်ခံချက်ပေးခဲ့ပါရစေဗျာ…။
(အထူးမှတ်ချက်။ ။ ဖတ်ရွေးအဖွဲ့ကြီးအနေနဲ့ အရေးအသားကောင်းလွန်းတယ်ဆိုပြီး
ဆုချီးမြှင့်ခြင်းအား လုံးဝ ခွင့်မပြုပါကြောင်း…။)

18 comments

  • Myo Thant

    January 28, 2014 at 4:02 pm

    ( ဘိလပ်က ကိုဆွေတို့လို လူမျိုးတွေ နေမှာပေါ့…။
    ဟန်တောင် မဆောင်တော့ဘူး…။
    ကဲ…ကဲ…ဒီပို့စ်ဖတ်နေကြတဲ့ ကိုပါလေရာကြီးတို့ ကိုဆာမိကြီးတို့
    ကိုဂီဂီ တို့လို အမျိုးကောင်းသားတွေအနေနဲ့…
    ငါယောက်ျားပဲ ဆိုပြီး သိတ်ဂန်ကျယ်မနေပဲ…
    သတိလေးနဲ့ နေကြဖို့ တိုက်တွန်းပါရစေခင်ဗျာ…။ )

    ဟုတ်ရယ် ဟုတ်ရယ် အဲလူကြီးတွေ သတိထား ၊

    သားသားတို့က ငယ်သေးတယ် ၊ နားအလည်ဘူးရယ် ၊ 🙂

    Reply

  • sorrow

    January 28, 2014 at 4:22 pm

    သူမနေထိုင်တဲ့ အခန်းထဲကို ဖိတ်ခေါ်ပြီးတော့တဲ့…
    ယမကာတွေနဲ့ ကောင်းကောင်း ဧည့်ခံသေးတာတဲ့…
    အမလေးဟဲ့ .. လွန်လွန်းအားကြီးတယ်အဲ့တာတော့ …မူးနေတဲ့လူကို အင်အားသုံးတာတော့ လွန်တာပေါ့…အာဟိ

    Reply

  • kai

    January 28, 2014 at 5:04 pm

    သာမန်အားဖြင့်ကတော့..(ယောကျာ်းတွေအတွက်) မူးရင်ကာမဆက်ဆံရ ပိုခက်သွားတယ်လို့ပြောရမှာ…
    ပိုပိုမူးလာလေ.. ပိုပိုခက်သွားလေပေါ့…။
    ( မှတ်ချက်။ ။ အရက်မသောက်ဖူးတဲ့ မြန်မာပြည်ကစာရေးဆရာမတွေနဲ့..သူတို့ဝတ္ထုတွေပြန်ရိုက်တဲ့ကားတွေမတော့ .. မူးရင်ကျင့်ကြပါသတဲ့)

    ဆိုတော့…
    ဆေးကစွမ်းတယ်ဖြစ်မှာ…။
    ထပ်ကွန့်ရရင်..
    မုဒိမ်း.. Rape ဆိုတာမျိုးက..အလိုမတူမှနာမယ်တတ်လို့ဖြစ်တာဗျ..
    အလိုတူရင်… သဘာဝကပေးတဲ့.. နတ်စည်းစိမ်.. :mrgreen:

    အဲဒီအမျိုးသမီးပုံလေးရှာတင်ပေးလိုက်တယ်..
    မူရင်းသတင်းက..
    http://www.perthnow.com.au/news/black-widow-woman-who-drugged-raped-ten-men/story-e6frg12c-1225744078301

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 28, 2014 at 5:17 pm

    ရင်တုန်ပန်းတုန်ရှိလိုက်ဒါ
    ပွင့်ပွင့်လင်းလင်းမပြောခြင်ရင်တောင်
    အရက်အတူတူသောက်နေဂျဒါဘဲဟါ
    ပုခုန်းခြင်းတိုက်လိုက်ရင် သဘောပေါက်ဘါဒယ်
    ( အမဲလိုက်သလိုစားရမှကြေနပ်သလားပြော ပြောတတ်ဘူး )

    Reply

  • Paing Lay

    January 28, 2014 at 8:16 pm

    ဟမရေးးးးးးးးးးးးကြောက်ချာဂျီး :harr: :mrgreen:

    Reply

  • kyeemite

    January 29, 2014 at 8:47 am

    အင်း..အသွားအလာဆင်ခြင်မှ…တားတားကကြောက်တတ်တယ်..အာဟိ :harr: :mrgreen:

    Reply

  • surmi

    January 29, 2014 at 9:23 am

    တိန် !!! 🙂

    ညကမီးသတ်ကားသံတွေကြောင့် အိပ်မရဖြစ်နေတာ
    ရွာထဲလည်းဝင်ရော တန်းတွေ့တာဘဲဗျို့ ……
    တော်ဘီ ……
    ညဖက်အပြင်မထွက်တော့ဘူး :mrgreen:

    Reply

  • ဦးဦးပါလေရာ

    January 29, 2014 at 9:36 am

    ဒီက မော်ဒယ်လေးတွေ အတုခိုးမြန်တတ်ကြပုံနဲ့တော့ ဒုက္ခပါကလား ကိုချောရေ….။
    ကျုပ်က အစကတည်းက တနေကုန် ဆိုင်ပေါင်းစုံလှည့်ထိုင်နေကျနော်…
    တမင် မဟုတ်ဘူး….။
    တမင် မဟုတ်ဘူး….။။
    :mrgreen:

    Reply

  • မဟာရာဇာ အံစာတုံး

    January 29, 2014 at 12:55 pm

    ကြားရတဲ့ သတင်းတွေအရတော့
    နောက်ထပ် ပစ်မှတ်အနေနဲ့
    မြန်မာပြည်က ဆင်ပြောင်ဆယ်စီး အားမာန်ကြီးတဲ့
    ဘလောချက် ဆိုတဲ့ လူကြီးကို ချိန်နေတယ် ဆိုပါတော့ရော …

    Reply

  • ဦးကျောက်ခဲ

    January 29, 2014 at 1:28 pm

    “ဝယ်…. ဒါမျိုးတွေရှိလား” လို့ ပေါင်ချိန်ကြီးလေသံနဲ့မေးရင်…
    အနှီ ဒွန္ဒယားကြီးမှာ ရှိပါကြောင်း ကျောက်စ်က သက်သေခံပါရစေ…

    လွန်ခဲ့တဲ့ ၁ဝနှစ်ကျော် Middle-east မှာနေတုံးက အဖြစ်အပျက်ပါ…
    တညသား သန်းခေါင်ကျော် မနက် ၂နာရီလောက် အိမ်ရာဝင်းထိပ်က…
    လုံခြုံရေးအစောင့် နီပေါတွေ “ကယ်ပါဦး” ဆိုလို့ ထွက်သွားလိုက်ပါတယ်…
    သူတို့နေတဲ့ တန်းလျားက ခုံပေါ်မှာ နီပေါကောင်လေး တစ်ယောက်…
    ဖြူဖတ်ဖြူရော် ကြောင်စီစီနဲ့ အမြှုတ်ထွက်မတတ် ဖြစ်နေတယ် ခင်ဗျ…
    ဒါပေသည့် ကျ်ားမာနကလည်း မကျသေး…

    ခြံနီးချင်း ဒတ်ချ်အဖိုးကြီးက ဘရန်ဒီကို ပါးစောင်ညှစ်တိုက်မှ စကားမေးရပါတယ်…
    အနှီ နီပေါ သတို့သား ညဦးပိုင်း လေညှင်းခံ လမ်းသလားလိုက်တာ…
    အာရပ်မ ၄ကောင်က လမ်းညွှန်ပေးပါဆိုပြီး ကားပေါ်တင် ကျ်ားဒိမ်းကျင့်လိုက်သတဲ့လေ…
    သူ့ကို ကမ္မဇ္ဇ မထကြွလို့ဆိုပြီး ဆေးတွေ ပါးစပ်ထဲ အတင်းထိုးထဲ့ပြီး…
    ပါးတွေ နားတွေရိုက် ၊ အတော်အီစလံဝေအောင် သမလွှတ်လိုက်သေးသတဲ့…
    နေထိုင်ခွင့်ပါမစ်ကလည်း မရှိ ၊ ယုံနိုင်ဘွယ်မို့ ရဲကိုလည်းတိုင်မရ…
    “အေ” ကိုက်ပြီလားဆိုတဲ့ သံသယနဲ့ နောက်ပိုင်း အတော်ပိန်ချုံးသွားပါတယ်…

    ဟမ်… ငါသာဖြစ်လိုက်ပါတော့လို့ ဆုတောင်းမမှားနဲ့ ကျောင်းဒကာ…
    ၁၄နှစ်ဆိုအိမ်ထောင်ကျ ၊ အသက် ၂၅မှာ ခလေးအမေ စည်ပိုင်းရှိတ်ဖြစ်နေတဲ့…
    လင်ပစ်မ ပုံဆိုးကြီးတွေက ကျင့်သွားတာပါ ခင်ဗျား….
    😀

    Reply

  • ဘဆွေ

    January 29, 2014 at 5:07 pm

    ဘုရား..ဘုရားး…
    စိတ်နဲ့တောင် မတွေးရဲဘူး…
    ကိုယ်က နဂို ကမှ ဖလံလေးရယ်..ဒါမျိုးတွေ့ရင် စေပြီပေါ့..ဖွဟဲ့ လွဲပါစေ..ဖယ်ပါစေ..ဒူးမပြောနဲ့ ..ပေါင်မပြောနဲ့….

    Reply

  • KZ

    January 29, 2014 at 6:28 pm

    မုဒိမ်း ဆိုတာ ဘလက် ကာယ လုပ်တာကိုခေါ်သလားးး??
    ဒါဆို ကိုဘလက် …..
    ကာယ (လေ့ကျင့်ခန်း) လုပ်ရင်ရော အထက်ပါအတိုင်း ခေါ်လို့ရသလားးး

    :mrgreen:

    Reply

  • myat pearl phyu

    January 30, 2014 at 1:17 pm

    အဲ့ဒိ ရှရှားမကြီးကို အိန္ဒိယ ပို့ပေးလိုက် …

    Reply

  • ခင် ခ

    January 31, 2014 at 11:13 am

    ကြုံတောင်ကြုံခဲ အဖြစ်ကို ကြုံခဲ့ကြသူတွေကတော့ ကြုံတောင့်ကြုံခဲပါဘဲ။

    Reply

  • black chaw

    March 2, 2014 at 4:47 pm

    ပို့စ်တင်ပြီး တာဝန်မဲ့ ပြစ်ထားခဲ့မိတဲ့…
    ့ဘလက်ချောကြီးကို ခွင့်လွွှတ်ပေးကြပါ ဗျာ…။
    ကွန်းမန့်ပေးကြသူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

    Reply

Leave a Reply to sorrow Cancel Reply

Your email address will not be published.