” ပြန်တွေးမိတဲ့အခါ “

ခင္ခJanuary 20, 20144min05

” ပြန်တွေးမိတဲ့အခါ “

 

ဓာတ်မီးတိုင်အောက် ထိုင်ကာသာ

စာဖတ်ကြမယ်လာလာ

မာကျူရီမီး ထိန်ထိန်ကြီး

တစ်ညလုံးလာ မဆလလက်ထက်မှာ၊

နွေလည်းမီးမပျက်

မီးစက်ဆိုတာလည်းဝေးလျှက်

လောပီတကပို့တာတဲ့။

 

တစ်ဖက်နဲ့တစ်ဖက်ကမ်း

ကူးတို့ဇက်နဲ့ ကူးကာလှမ်း

ဇတ်ထွက်ခွာချိန် စောင့်လျှက်လေ

အချိန်တွေကုန် ခရီးဖင့်လို့

မြစ်ကိုမြင်လျှင် တံတားဆင်

မြစ်ကူးတံတားများ ဆောက်ကာသွားတော့

အလျှင်အမြန် ရောက်ကာလှမ်းပေါ့

ချိန်ကုန်သက်သာ သွားကြသူဌာ

နဝတခေတ် လုပ်ခဲ့ကြတာ

လမ်းတံတားတော့ ဆောက်လှများစွာ။

 

လွတ်လပ်ခွင့်များ မပေးထားဘဲ

ဖိနှိပ်ခဲ့တာ နှစ်ကာလကြာ

အခုတော့ မီဒီယာ

လွတ်လပ်ခွင့်လာ ရေးကြပြီဗျာ၊

ဇိမ်ခံမော်တော်ကား တန်ဖိုးများများ

လူအတော်များများ စီးကြတက်စီကား

အခုများတော့ ကားဈေးထိုးကျ

ကိုယ်ပိုင်ကားတွေ များလှလမ်းပေါ်ဝယ်၊

အရင်တုန်းက ဆယ်လူလာဖုန်း

လက်မှာကိုင်စွဲ ပြောကြသူကို

ငေးရလောက်ကာ အားကျမိတာ

အခုများတော့ မြို့နယ်အလွှာစုံ

သူသူဌာဌာ ကိုင်ကာပြောကြ

ဟမ်းဖုန်းလေးတွေ လက်ကမချ၊

ဦးသိန်းစိန်က သမ္မတ။

 

တစ်ခေတ်အခါ ကောင်းကွက်တွေပါ

ပြန်ကာတွေးတော ရေးကာနှောလို့

နှစ်ထောင့်ဆယ်ငါး ဘယ်ဆီသွားမယ်

ဘယ်သူဘယ်လို ဦးဆောင်ကာလုပ်

ဘာတွေကောင်းကွက် ကျန်ခဲ့အုံးမဟဲ့

စောင့်ကာမျှော်တွေ ဒို့ပြည်အရေး။ ။

 

ခင်ခ။

 

 

 

5 comments

  • kyeemite

    January 20, 2014 at 11:32 am

    တစ်ညလုံးလာ မဆလလက်ထက်မှာ၊
    နွေလည်းမီးမပျက်
    မီးစက်ဆိုတာလည်းဝေးလျှက်
    လောပီတကပို့တာတဲ့။
    အင်း…အဲ့တုန်ကတော့ ခုလောက်လည်း တိုက်တာအိမ်ယာတွေမများ၊ ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံဆိုတာလည်းနတ္တိ…ခုထိ လောပီတကိုသာအားကိုးနေရသေးတာကိုး…
    ၂၀၁၅ ကိုလည်း အများနည်းတူ အကောင်းမြင်မျှော်လျှက်ပါ ကိုခင်ခရေ..

    Reply

  • ခင် ခ

    January 20, 2014 at 12:03 pm

    အခုခေတ် တိုက်တာ အိမ်ယာ နဲ့ စက်မှုဇုံတွေ တိုးချဲ့ဖြစ်တည်လာတာကို လက်ခံပါတယ်။
    သူ့ခေတ်နဲ့သူတော့ သူအိုးနဲသူ့ဆန်တန်ခဲ့တယ်လို့ ဆိုရမယ်ထင်တယ်လေ။
    အစိုးရမကောင်းခဲ့ဘူး ခါးသည်းတဲ့ဒါဏ်တွေခံခဲ့ရတယ် ဆိုပေမယ့် ကောင်းကွက်လေးတွေကို ရှာဖွေမိတာပါကိုကြီးမိုက်ရေ။
    အခုတလော တင်ဖြစ်နေတဲ့ ကျွန်တော်ပိုစ့်တွေမှာ ဦးစွာရောက်လာခြင်းအတွက်တော့ လေးစားပါတယ် ဆရာမိုက်ရယ်။

    Reply

  • kyeemite

    January 20, 2014 at 3:25 pm

    အရမ်းလည်းလေးစားမနေနဲ့အုံး ကိုခင်ခရေ…ရွာထဲမလဲ တစ်နေ့တစ်နေ့ ဖတ်စရာအသစ်မှမရှိတာ
    အဲ့တော့ တက်လာသမျှပို့စ်အသစ်တွေပဲလိုက်ဖတ်နေရတာ..ကျုပ်တောင် ရွာစည်ပါစေဆိုပီး
    မဖြစ်ညစ်ကျယ်ရေးတင်ထားသေး….ခိခိ 😀

    Reply

  • MAUNG

    January 21, 2014 at 8:02 am

    ပြန်တွေးကြည့် လိုက်တော့ ….ကိုကြီးခင်ရေ…

    ကျား ကြောက်လို့ ရှင်ကြီး ကိုး
    ရှင်ကြီး ကျား ထက်ဆိုး ..မဟုတ်တောင် ရှင်ကြီး လဲ ကျားနဲ့ မထူးပါဘူး

    ဦးမိုက် ပြောသလို ဘဲ ..၂၀၁၅ ကိုလည်း အများနည်းတူ အကောင်းမြင်မျှော်လျှက်ပါ

    Reply

Leave a Reply

Your email address will not be published.