Google နှင့် Facebook တို့ ပြည်တွင်း၌ ဆာဗာများ အထိုင်ချလာနိုင်ဖွယ်ရှိ

ဦး ဂ်စ္January 14, 20141min07

ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်ကြသည် Google နှင့် Facebook တို့ကပြည်တွင်း၌ ဆာဗာအထိုင်ချခြင်း ပြုလုပ်လာနိုင်ဖွယ် ရှိကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနမှ စုံစမ်းသိရသည်။ အဆိုပါ နည်းပညာ ကုမ္ပဏီကြီးနှစ်ခုမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ဆာဗာများကို အထိုင်ထားခြင်း ပြုလုပ်ရန်အတွက် ဆွေးနွေးနေကြကြောင်း အဆိုပါဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ Google နှင့် Facebook တို့ ပြည်တွင်း၌ ဆာဗာအထိုင်ချမည် ဆိုပါက ထိုကုမ္ပဏီများ၏ ဝန်ဆောင်မှုများသည် ပြည်ပဆာဗာသို့ ဖြတ်ရန်မလိုတော့ဘဲ အင်တာနက် အသုံးပြုမှုမြန်နှုန်းများလည်း ပိုမိုမြန်ဆန်လာမည် ဖြစ်ကြောင်းအထက်ပါ တာဝန်ရှိသူက ဆိုသည်။ “အခုထက်တော့သုံးရတာ ပိုမြန်ဆန်လာမယ်လို့ ထင်ပါတယ်။ နောက်ပြီး သုံးစွဲသူတွေရဲ့ အချက်အလက်တွေကိုလည်း အစိုးရက လိုအပ်ရင်လိုအပ်သလို တောင်းခံကြည့်ရှုမှုတွေ ပိုလွယ်ကူလာနိုင်တယ်” ဟု Google နှင့် Facebook ပြည်တွင်း၌ ဆာဗာအထိုင်ချရန်အတွက် ဆွေးနွေးနေခြင်း အကြောင်းအရာနှင့် ဆက်စပ်၍အင် တာနက်အသုံးပြုသူ အွန်လိုင်းမန်နေဂျာတစ်ဦးက သူ၏ထင်မြင်ချက်ကို ပြောသည်။ အပြည့်အစုံဖတ်ရန် ===>
http://www.myanmarinternetjournal.com/content/10534

7 comments

  • Mr. MarGa

    January 15, 2014 at 1:49 pm

    ထိုင်သည်ဖြစ်စေ ထသည်ဖြစ်စေ
    အချိန်စောင့်ဦးမည် ထင်ပါ၏
    အစိုးရသက်တမ်းတစ်ခုခန့်တော့ စောင့်ကြည့်မည့်ဟန် 🙂

    Reply

  • ကြောင်ဝတုတ်

    January 15, 2014 at 2:41 pm

    ဟိုလေ…. စိန်ဗိုလ်တင့်ဆိုင်းထဲက ပတ်မကြီးထုလိုက်သလိုပဲ….
    မထင်…. ဟင်… ဟင်… ဟင်….

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    Reply

    • KZ

      January 15, 2014 at 7:27 pm

      Wait Long Long lah..!
      😀

      Reply

  • Paing Lay

    January 16, 2014 at 3:53 pm

    ရတယ်ပဲ ထားလိုက်ပါဦးဗျာ။ မြန်မာလူမျိုးများရဲ့ ခေါက်ရိုးကျိုး အကျင့်ဆိုးအောက်မှာ ဘယ်လောက်ကြာကြာတောင့်ခံနိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ချင်းသေးပါ၏ :mrgreen:

    Reply

  • kai

    January 16, 2014 at 5:27 pm

    ဒေတာစင်တာကြီးတော့ မထင်..
    ပရော့စီလို.. တဆင့်ခံတော့ဖြစ်လာမှာပါ…။

    စကားအတင်းစပ်..
    လျှပ်စစ်ဘယ်ကရမှာလည်းဟင်..
    အဲဒါတွေက..ပါဝါမတရားသုံးပြီး.. ပျက်လို့လည်းမှမရတာ..

    Bloom Box ဝယ်သုံးထားမလားမသိ..။

    Reply

  • တိမ်တမန်

    January 16, 2014 at 6:08 pm

    ထင်မြင်ချက်…..
    အင်း…ထင်မြင်ချက်…

    Reply

Leave a Reply

Your email address will not be published.