ဘာဖြစ်လို့ သင်ယူနေတာလဲ

manawphyulayJanuary 13, 20141min06

learn-520x245

မိမိတို့အားလုံးသည် မိခင်ဝမ်းမှ ကိုးလလွယ် ဆယ်လဖွားပြီးသကာလ ဘာမျှမသိ၊ ဘာမျှ မတတ်သေးတဲ့ အချိန်ကာလ ကလေးအရွယ်မှ စတင်ကာ စကားတီတီတာတာ စတင်ပြောဆို လာနိုင်သည့် အရွယ်မှစ၍ အရာရာကို သိလို စိတ်ဖြင့် မေးမြန်းတတ်လာပါသည်။ ထို့နောက် စူးစမ်း လေ့လာမှုများဖြင့် စတင်ခဲ့ပြီး သိမှတ်သမျှကို မှတ်သားနာယူခဲ့ရပါသည်။ တဖြည်းဖြည်းနဲ့ ကျောင်းနေတဲ့အရွယ် ရောက်ရှိလာသည့်အခါ စာသင်ကျောင်းမှ သင်ကြားပြသ ရိုက်သွင်းသမျှကိုလည်း လေ့လာကျက်မှတ်နာယူခဲ့ရပါသည်။ လူတွေရဲ့ ကလေးနှင့် တိရိစ္ဆာန်မှ မွေးသော ကလေးများသည် မွေးဖွားလာစဉ်အခါက အသိဉာဏ်ရှိသော လူသား ဖြစ်လာရခြင်းမှာ လူတွေ၌ သင်ယူနိုင်အားကောင်းပြီး စဉ်းစားဉာဏ်ရှိသော ဦးနှောက်ပါလာခြင်းနှင့် ယင်းစွမ်းအားကို အသုံးပြုကာ သင်ယူနိုင်ခြင်းတို့ကြောင့်ပင် ဖြစ်ပါသည်။
အမှန်တကယ်တော့ မွေးဖွားလာချိန်ကစပြီး ဦးနှောက်ကောင်းရုံ သက်သက်ဖြင့်ကား ဘာမျှ တတ်မည် မဟုတ်ပေ။ သင်၍သာ တတ်ခြင်း ဖြစ်ပါသည်။ နည်းနည်းသင်လျှင် နည်းနည်းတတ်၍ များများသင်လျှင် များများတတ်မည် ဖြစ်ပါသည်။ ဒါကြောင့် စကားပုံတစ်ခုသည်လည်း ပေါ်ပေါက်လာရပေသည်။ ဘာလဲဆိုတော့ ငါးပိဖုတ်တောင် ဆရာမပြ နည်းမကျဆိုတဲ့ စကားပုံလေးကတော့ လူအများ သုံးနှုန်းနေကျသည်မှာ ပါးစပ်ဖျားတွင် ရေပန်းစားနေပါသည်။ လူအတော်များများမှာ ကလေးဘဝမှစတင်ပြီး သင်ယူမှု အလေ့အကျင့်ရှိခဲ့ကြသော်လည်း ကျောင်းထွက်သည်နှင့် တစ်ပြိုင်နက် သင်ယူခြင်းကို ရပ်ရလေသည်။ ဤသည်မှာ မိမိ၏ အသိဉာဏ် ဖွံ့ဖြိုးမှုကို မိမိဘာသာရပ်ပစ်လိုက်ခြင်းပင် ဖြစ်ပါသည်။

6 comments

  • ဦး ဂျစ်

    January 14, 2014 at 8:27 pm

    ကျောင်းပြီးပြန်တော့ ဘဝရပ်တည်မှု အတွက် သင်ယူ လေ့လာရတာပဲ မဟုတ်ပါလားဗျာ
    ကျုပ်အဖြစ်ကိုပြောရရင် ကွန်ပျုတာသုံးတတ်အောင် ခြစ်ကုပ် သင်ယူနေရဆဲ

    Reply

  • ko six

    January 15, 2014 at 6:30 am

    ကိုယ်​မသိ​တွေက
    အရာရာဆို​တော့
    ​သေခြင်​းနဲ့ထိပ်​တိုက်​မ​တွေ့ခင်​ထိ
    ကိုယ်​လွတ်​ရုန်​း သင်​ယူ​နေရမှာပဲ

    Reply

    • manawphyulay

      January 15, 2014 at 8:34 am

      ဟုတ်တယ်မောင်လေးရေ
      အိမ်က မေမေကတော့ ပြောပါတယ်။ သေဖြင့် သေတော့မယ် သင်လို့ကို မပြီးနိုင်ဘူးတဲ့လေ
      ပြန်ပြောလိုက်ပါတယ်။ မေမေရေ သေရင် မပြီးတဲ့အပိုင်းမှာပါတာကတော့ သင်ယူခြင်းပါပဲလို့လေ…

      မှန်လားဟင်

      Reply

    • Foreign Resident

      January 15, 2014 at 9:16 am

      manawphyulay says:
      ” သေဖြင့် သေတော့မယ် သင်လို့ကို မပြီးနိုင်ဘူးတဲ့လေ ။
      မေမေရေ သေရင် မပြီးတဲ့အပိုင်းမှာပါတာကတော့ ၊
      သင်ယူခြင်းပါပဲလို့လေ… မှန်လားဟင် ”

      အင်းးးးး ၊ မနော ပြောတာကို မ ကန့်ကွက်ပါဘူး ၊ ဒါပေမယ့် ၊
      ( လောကုတ္တရာ ကိုဖယ်ပြီး ၊ လောကီ ကိစ္စ ဘဲပြောရမယ် ဆိုရင်တော့ )
      ” သင်ယူမှု / Learning ” ဆိုတာ ကလည်း ကိုယ့်ရဲ့ ကျေနပ်မှုပေါ်မူတည်မယ် ထင်ပါရဲ့ ။

      အဘ ကတော့ သင်ယူမှု Learning ကို လျှော့ / slow down လုပ်လိုက်ပြီ ။
      ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လက်ရှိ ဘဝ အခြေအနေကို ရောင့်ရဲလိုက်လို့ ။

      တကယ်ဆိုရင် အဘ ဩဇီ Master ( ကပ္ပတိန် သင်တန်း ) ဆက်တက်သင့်တာပေါ့ ။
      ဩဇီ Master ( ကပ္ပတိန် ) ဖြစ်သွားရင် လစာ ဒေါ်လှ ၁၅၀၀ဝ လောက်ရမှာဘဲ ။
      အဘ နှင့် အတူတူ ဩဇီ ရောက်တဲ့ သူငယ်ချင်း အင်ဂျင်နီယာ တစ်ယောက် တောင် ၊
      အင်ဂျင်နီယာ သင်တန်း ၂ နှစ်ဆက်တက်လိုက်တာ အခု လစာ သောင်းကျော်သွားပြီ ။

      ဒါပေမယ့် ၊ အဘ ကတော့ လက်ရှိ အဘ ရဲ့ ဘဝ နှင့်ဘဲ ရောင့်ရဲလိုက်တော့မယ် ။
      အဘ လည်း ငယ်စဉ်မှာ ၊ ပြေးသင့်သလောက်လဲ ပြေးခဲ့ ပြီးဘီ ၊
      ရောက်သင့်သလောက်လဲ ရောက်ခဲ့ ပြီးဘီ လို့ ထင်တာဘဲ ။
      နားဘို့ / ဇိမ်ခံဘို့ ဆိုတာကလည်း ထည့်စဉ်းစားသင့်တဲ့ အချက် တစ်ခုဘဲလေ ။

      Reply

  • ဒညင်းဝက်

    January 18, 2014 at 9:32 pm

    မှန်တယ်
    မှားတယ်…
    ဘာမှ မပြောလိုတော့….

    :kwi:

    Reply

  • kai

    January 19, 2014 at 4:28 pm

    ကျုပ်ကတော့.. အသက်ကလေးများ နှစ်၁၀ဝလောက်ထပ်ရရင်.. ကျောင်းတွေအကုန်တက်လိုက်ချင်တာ…
    ဦးနှောက်ကတော်တော်ငတ်တာ… :mrgreen:

    Reply

Leave a Reply

Your email address will not be published.