2014 Victoria Moon Poem၏ မဟာသင်္ကြန်စာ

moonpoemJanuary 6, 20141min013

၂၀၁၄ မဟာသင်္ကြန်စာအရ တနင်္ဂနွေသားသမီး တာစားမည်ဖြစ်ပြီးစားမည့်တာမှာပဲပလာတာသို့မဟုတ်သကြားပလာတာ ဖြစ်လတ္တံ့။
တနင်္လာသားသမီးများကံညံ့သော်လည်း မဏိမေခလာကယ်ကိန်းမြင်သည်။မေခလာမကယ်အားက ရန်ကျော်လာကယ်မည် ဖြစ်လတ္တံ ့။
အင်္ဂါသားသမီးများ ဘင်္ဂအိမ်ရောက်နေပြီးစနေသားသမီးများပုတိအိမ်ရောက်နေသည်ဖြစ်ရာည၁ဝနာရီမတိုင်ခင် အိမ်ပြန်သင့်လတံ။္တ
ဗုဒ္ဓဟူးသားသမီးဂြိုဟ်ခွင် တိုင်ထိပ်ရောက်နေသော်လည်း ဓာတ်ကြိုးနှင့်ငြိနိုင်သဖြင့် ကုန်ကားဖြတ်ချိန် သတိထားပါ။
ကြာသပတေးသားသမီးများအတွက် အခုချိန်မှာ အပင်စိုက်သင့်ပြီး စိုက်သင့်သည့်အပင်မှာ သရေပင်။သောကြာသားသမီးများ ခရီးထွက်ရာတွင် နဂါးခေါင်း လည်ထွက်နေသည့်အတွက်အရပ်၁ဝမျက်နှာအပ အခြားသို့သွားသင့်လတ္တံ့။ ရာဟုသားသမီးများချစ်သူနှစ်ဦးအချစ်ရေး ကြားလူဝင်လတ္တံ့။ ်မဝင်စေရန် ဘယ်သွားသွားနှစ်ဦးစလုံးလက်ကို ကြိုးတုပ်ပြီးသွားပါ။ ရရက်သားသမီးများအတွက်ယတြာမှာ www.yahoo.comကိုဖွင့်ပြီး ရဟူးရဟူးဟု ၃ခေါက်အော်လိုက်ပါ။ ဘေးနားမှသူငယ်ချင်းများမှ သွားရှာပြီဟူသောအကြည့်ခံရ လတ္တံ့။
(2014 Victoria Moon Poem၏ မဟာသင်္ကြန်စာ)

13 comments

  • TNA

    January 6, 2014 at 6:52 pm

    အောင်မယ်လေးရီလိုက်ရတာဟယ်။ မျက်ရည်တောင်ထွက်တယ် ကြံကြံဖန်ဖန်ရေးလဲရေးတတ်တယ်။

    Reply

  • padonmar

    January 6, 2014 at 7:56 pm

    ဖွဘုတ်မှာ ရီပြီး၊ဒီရောက်တော့လည်းထပ်ရီရ။
    ဆမာကဒါနိုင်ငံကြီးတင်ပါအုံး။

    Reply

  • kai

    January 7, 2014 at 7:37 am

    ယူအက်စ်မှာ အမေရိကန်အဖြူမိတ်ဆွေတွေကို.. ဘယ်နေ့ဖွားလည်းသွားမေးရင်.. အူကြောင်ကြောင်နဲ့.. ဆဲလ်ဖုန်းတွေထုတ်.. ပြန်ရှာတတ်ကြတယ်..။
    ကိုယ့်ကိုယ်ကိုယ်.. ဘယ်နေ့ဖွားလည်း.. မသိကြပါကြောင်း..

    ဒါ့ကြောင့်..ဒီသင်္ကြန်စာ( အမှန်က မဟာသင်္ကြန်ရောက်ဖို့လည်း အဝေးးကြီးလိုသေး)… အသုံးမဝင်ကြောင်း.. :mrgreen:

    Reply

  • KZ

    January 7, 2014 at 9:40 am

    တရုတ်တွေလည်း သူတို့ ဘယ် နေ့မွေးတုန်း သိဘူးရယ်။
    ဘယ် သတ္တဝါနဲ့ နှစ်မှာ မွေးလဲပဲ သိကြတယ်။

    အိမ်ကို ၁ဝ နာရီမတိုင်ခင်ပြန်ပါ့မယ်။
    😀

    Reply

  • မဟာရာဇာ အံစာတုံး

    January 7, 2014 at 11:12 am

    ဒါဆို …
    ကျုပ်က ပဲပလာတာ နေ့တိုင်း စားရမှာပေါ့နော် …
    အလကား စားရမှာလား၊ ပိုက်ပိုက်နဲ့ စားရမှာလားဆိုဒါဘာ ထဲ့ဟောပေးဘာ ခညာ ..

    Reply

      • မဟာရာဇာ အံစာတုံး

        January 7, 2014 at 2:30 pm

        အိမ်ပြန်ချင်ပါဘူး
        သည်းလေးနဲ့ ခွဲရမှာစိုးညို့ ..
        :mrgreen:

        Reply

  • moonpoem

    January 7, 2014 at 12:32 pm

    ကိုယ်တို့ကတော့ မော်တော်ပီကယ်ကို နည်းနည်းဖားပြီး ကုန်ကားလာမလာ စောင့်ခိုင်းကြည့်ရုံပဲ ဟေဟေး

    Reply

  • TNA

    January 7, 2014 at 8:10 pm

    ပြောမလို့မေ့ကျန်ခဲ့လို့ နေ့တခုမေ့ထားခဲ့တယ်။ အဲနေ့ကလူဒွေဘာလုပ်ရမဒုန်း

    Reply

  • တိမ်တမန်

    January 8, 2014 at 9:51 pm

    သောကြာသားသမီးများ ခရီးထွက်ရာတွင် နဂါးခေါင်း လည်ထွက်နေသည့်အတွက်အရပ်၁ဝမျက်နှာအပ အခြားသို့သွားသင့်လတ္တံ့။

    ဆိုတော့….

    ဘယ်မလဲ…မြေပုံ….

    :kwi:

    Reply

  • kyeemite

    January 9, 2014 at 1:57 pm

    😀 😀 😀 😀 😀

    Reply

  • ဦးကြောင်ကြီး

    January 13, 2014 at 1:44 pm

    လကဗျာအား ကြောင်စားမည်ဖြစ်ပြီး ကြောင်အား လကဗျာလေးမှ ကြောင်သန်းတုပ်ပေးမည်ဖြစ်သည်။ 😀

    Reply

  • Paing Lay

    January 13, 2014 at 3:48 pm

    စိုက်ရမှာက သရေပင်ဆိုပါလား အဲဒီမျိုးစေ့သွားရှာကြည့်ဦးမှပါ :mrgreen:

    Reply

Leave a Reply

Your email address will not be published.