လမ်းပြမီးတိုင်

Tun Lin NaingDecember 29, 20131min06

ငါဟာ……..

 

လမ်းဆုံလမ်းခွ တစ်ခုက
မီးပြတိုင်လေးတစ်ခုပဲပေါ့…..
လူတွေကိုလမ်းမှန်ရောက်ဖို့
စိမ်း ဝါ နီ အချက်ပြတွေနဲ့
ရဲရဲ ရှေ့ကိုဆက်နေဆဲ….
ငါ နဲ့တွေ့ဆုံပြီးတော့မှ
သူတို့ပန်းတိုင်ဆီ
ဆက်လက်ထွက်ခွာခဲ့ကြ
လှည့်ကြည့်ဖို့ သတိမရကြတော့…

 

 

ငါ့ကို ပြန်လှည့်ကြည့်သည်ဖြစ်စေ
သတိမရတော့သည်ဖြစ်စေ…
ငါ့ကို ပြန်တမ်းတသည်ဖြစ်စေ
မေ့ထားလိုက်သည်ဖြစ်စေ…
ငါ့ကို အလိုရှိသေးသည်ဖြစ်စေ
အသုံးမလိုတော့သည်ဖြစ်စေ…

ငါကတော့ ငါ့အလုပ်ကို
ရူးသွပ်စွာနဲ့ ဆက်လက်
ခုံမင်နှစ်သက်ဆဲ မြတ်နိုးနေဆဲ…

 

လေဒဏ် နေဒဏ် မိုးဒဏ်တွေကြား
မတုန်မလှုပ် နောက်မဆုပ်ပဲ
သူတို့လေးတွေ လမ်းမှန်ရောက်ဖို့
ငါ လမ်းပြနေဆဲပါ…

 

အညတရကျောင်းဆရာ

 

 

6 comments

  • surmi

    December 29, 2013 at 4:08 pm

    ယုံကြည်​မှုနဲ့အတူ
    ​အောင်​မြင်​မှာပါ ။
    ပြင်​းထန်​တဲ့ ဆန္ဒ ကို ဘယ်​အရာကတားနိုင်​ပါ့မလဲ..

    Reply

  • Tun Lin Naing

    December 29, 2013 at 5:14 pm

    ယုံကြည်ချက်တစ်ခုတည်းဆုပ်ကိုင်ရှေ့ဆက်နေရပေမယ့်
    တစ်ခါတစ်ခါတော့လည်း ဘဝကပေးတဲ့
    ချဉ် ငန် စပ် ခါး ရသာမျိုးစုံကြားမှာ ဗျာ များနေခဲ့ရတာလည်း
    အခါခါပဲ ပေါ့ခင်ဗျာ…………………….

    Reply

  • alinsett

    December 29, 2013 at 5:43 pm

    ကဗျာထဲမှာ
    အားမာန်တွေလည်းတွေ ့တယ်
    ယုံကြည်မှုနဲ့ သတ္တိတွေ လည်းတွေ့တယ်
    မျှော်လင့်ချက်ရှိရှိ အိပ်မက်တွေလည်း တွေ ့တယ်

    အင်းးး
    စကားမကျန်အောင် ပြောခဲ့ရ ရင်
    ကဗျာရေးဟန်ထဲမှာ လွတ်လပ်လင်းပွင့်မှ ုကိုလည်း
    တွေ ့လိုက်ရပါတယ်

    ——-

    ကျွန်တော်တို့ရဲ့ ကဗျာချစ်သူလူငယ်အဖွဲ ့ ဖန်တီးပြသနေတဲ့
    ကဗျာပြခန်းက
    ဆရာ့ကဗျာတွေကို ကြိုဆိုနေပါတယ်ခင်ဗျ

    Reply

  • {ငါကတော့ ငါ့အလုပ်ကို
    ရူးသွပ်စွာနဲ့ ဆက်လက်
    ခုံမင်နှစ်သက်ဆဲ မြတ်နိုးနေဆဲ…

    လေဒဏ် နေဒဏ် မိုးဒဏ်တွေကြား
    မတုန်မလှုပ် နောက်မဆုပ်ပဲ
    သူတို့လေးတွေ လမ်းမှန်ရောက်ဖို့
    ငါ လမ်းပြနေဆဲပါ…}

    စိတ်ဓာတ်ကိုလေးစားပါတယ်…
    အားလျှော့ပြစ်ပြီး လှိုင်းလုံးကြီးတွေရဲ့တစ်ဖက်ကိုကျော်ကြည့်ဖို့ပြင်ဆင်နေမိပြီ…
    🙁

    Reply

  • Mr. MarGa

    December 30, 2013 at 2:16 pm

    ကဗျာလေး က
    ကျောင်းဆရာ တစ်ယောက်ရဲ့ စိတ်ထားကို ထင်ထင်မြင်မြင်ကို ဖော်ပြထားပါလားဗျာ။
    တစ်ချိန်က ဆရာတစ်ယောက်ဘဝ ရောက်ခဲ့ရတာမို့
    ဒီကဗျာကို
    လေးလေးနက်နက် ဖတ်သွားပါတယ် လို့

    Reply

  • မဟာရာဇာ အံစာတုံး

    January 2, 2014 at 1:48 pm

    သူများ အကျိုးဆောင်
    ကိုယ့်အကျိုး အောင် .. တာပါပဲ …
    သူများ အကျိုးဆောင်ရတာ
    တော်ရုံလူ လုပ်နိုင်တာ မဟုတ်ဘူး ခင်ဗျ …
    ဘေးထိုင် ဘုပြောဖို့လောက်သာ စွမ်းကြတာကလား …

    Reply

Leave a Reply to •*¨နန်းတော်ရာသူ •*¨ Cancel Reply

Your email address will not be published.