မင်းတို့မျက်ရည်တွေ သုတ်လိုက်….

Mr. MarGaDecember 19, 20131min020

အဲဒီညက

သန်းခြောက်ဆယ်လုံး စောင့်ကြည့်မနေခဲ့ပေမယ့်

သန်းလေးဆယ်လောက်တော့ စောင့်ကြည့်နေခဲ့မှာပါ…။

 

ပရိသတ် သုံးသောင်းနီးပါး က

ကိုယ်တိုင်ကိုယ်ကျ အားပေးခဲ့တဲ့ ပွဲ…။

ကိုယ့်မြေ ကိုယ့်ရေမှာ

ကိုယ့်ဂုဏ်သိက္ခာကို ပြန်ဆယ်ခဲ့တဲ့ ပွဲ…။

 

ရင် တထိတ်ထိတ် နဲ့

ဘုရား တ’ ကာ ကြည့်ရတဲ့ ပွဲ။

 

 

မိနစ် ၁၂ဝ အပြည့်

ရသ ကိုးပါးနဲ့ အသုံးတော်ခံသွားတာ

အချိန် ကုန်လို့ ကုန်မှန်း မသိလောက်အောင်ပဲ…။

 

စက္ကန့် မလပ် တိုက်ပွဲ ဝင်နေတဲ့ သူတို့ဟာ…

နှလုံးသွေးတွေ ပွက်ပွက်ညံနေတဲ့ အားမာန် နဲ့

အအေးဒဏ်ကို အံတုခဲ့ကြတယ်…။

 

Waraporn Boonsing  က မန္တလေးမြို့ကြီးကို ပုတ်ထုတ်လိုက်တယ်။

အဲဒါ ဘောလုံးတစ်လုံး မဟုတ်ခဲ့ဘူး

ငါတို့   အားလုံးရဲ့ မျှော်လင့်ချက်

ငါတို့   အားလုံးရဲ့ အောင်မြင်မှု

ငါတို့   အားလုံးရဲ့ အပြုံးအပျော်တွေ…။

 

 

ဆီမီးဖိုင်နယ်ကိုတော့ ငါတို့ ရှုံးခဲ့ရတယ်

ဒါပေမယ့်….

မြန်မာအမျိုးသမီး ဘောလုံး အသင်းဟာ

ရာဇဝင်ကို မရှုံးခဲ့ဘူး

ငါတို့ ပြည်သူအားလုံးရဲ့ စိတ်မှာ

ဒီ…ပွဲ…ဟာ…အနိုင်…..။     ။

 

သိ င်္ဂ ါ ရ + Mr. MarGa

 

20 comments

  • padonmar

    December 19, 2013 at 7:46 pm

    Zawmin Lwin’s photo.
    45 minutes ago
    ဥပဒေလမ်းကြောင်းအရ ဒိုင်များကို တူတူတန်တန် တုန်.ပြန်ရမည်

    ယမန်နေ. ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာအမျိုးသမီးအသင်းနည်းပြ ဂျပန်လူမျိုး ကူမာဒါ က ထိုပွဲကို ကိုင်တွယ်ခဲ့သည်. အိန္ဒိယကွင်းလယ်ဒိုင် အား အာရှဘောလုံးအဖွဲ.ချုပ်သို. တရားဝင်တိုင်ကြားသွားမည်ဟူသော ကြုံတောင်.ကြုံခဲ ကြားရသည်. သတင်း အတွက် အားရကျေနပ်မိသည် ။ ဘောလုံးအဖွဲ.ချုပ်ဥက္ကဋ္ဌ ကလည်း ထိုဒိုင်များ၏ လုပ်ရပ်နှင်. စွမ်းဆောင်ရည် ကို Video File များဖြင်. FIFA သို.တိုင်ကြားမည်ဟုဆိုသည် ။ မြန်မာဘောလုံးအသင်း အနေဖြင်. မှတ်မိသလောက် ဤကဲ့သို.တရားဝင်တိုင်ကြားမှုမျိုး မကြားခဲ့ဖူးသေးပါ (ကျွန်တော်. လေ.လာမှု အားနည်းချက်ကြောင်.လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည် ) ။ကျွန်တော်တို.အမြင်တွင် နည်းပြအဖွဲ.နှင်. တာဝန်ရှိသူတို.အနေဖြင်. ဒိုင်လူကြီူးများအားချဉ်းကပ် ထိတွေ.မှုပိုင်းတွင် လိုအပ်ချက်တစ်ခုခု ရှိနေသည်ဟု ထင်မြင်နေမိပါသည် ။ဤနေရာတွင် ကွင်းတွင်း /ပြင်ပ ၊ ပွဲမစခင် /ယှဉ်ပြိုင်နေချိန် / ပွဲပြီးနောက်ပိုင်း အခြေအနေအားလုံးကိုဆိုလိုပါသည် ။အခြားနိုင်ငံများတွင်သွားရောက်ကန်ရသော ပွဲများတွင် သူတို. ဒိုင်၏အကွ ယ်အကာကို ရသည် ။အချို.ဆိုလျှင် အားသာစေသော အဆုံးအဖြတ်များကိုပင်ရသည်ဟု ခံစားရသည် ။ အရှေ.တောင်အာရှတွင် ဒိုင်ကိုဖိအားပေးရာတွင် နာမည်ကျော်ခဲ့သော စင်္ကာပူ နည်းပြကဲ့သို. ကျွန်တော်တို. နည်းပြအဖွဲ.၏ကွင်းတွင်းဖိအားပေးမှုမျိုးကို ယခုပွဲကျမှသာ တွေ.မြင်ရခြင်းမျိုးဖြစ်သည် ။ သတင်းစာရှင်းလင်းပွဲတွင် ဤသို.တိုင်ကြားမည်ဟု တရားဝင်ပြောဆိုမှုမျိုး ယခုမှကြားဖူးသည် ။

    နောက်တောင်ကျနေသည်ဟုပြောချင်ပါသည် ။
    ကျွန်တော်တို.ဘောလုံးအသင်းများအနေဖြင်.က အိမ်ကွင်းအားသာချက်ဆိုလျှင် ပရိသတ်ကလွဲ၍ တစ်ခြား ဘာတစ်ခုမှ မရခဲ့ဖူး ။ လိုချင်သည်က မတရား ရပိုင်ခွင်.များမဟုတ်ပဲ အမှန်အတိုင်းဖြစ်လျှင်တော်လောက်ပြီဟု မျှော်လင်.ထားသည်.တိုင် ထိုအတိုင်းဖြစ်မလာခဲ့ ။ တကယ်က ပရိသတ်အားဆိုသည်က စိတ်ဓါတ်ကြံ.ခိုင်တည်ငြိမ်သူတို.အဖို. တွန်းအားဖြစ်စေသော်လည်း စိုးရိမ်တတ်သူ တို.အဖို.ပြင်းထားသောဖိအားသက်ရောက်စေသည် ။ ကျွန်တော်တို.အကြိမ်ကြိမ် သဘောကောင်းခဲ့ကြသည် ။ချစ်စတို ရှည်စေ ၊မုန်းစကိုတိုစေ ။ ရန်လိုလျှင် ရန်များသည် ။ ပြီးတာတွေပဲ ထားလိုက်ပါတော.ဆိုပြီး နေခဲ့ကြသဖြင်. လူတကာစော်ကားရဲသော အခြေအနေသို. ရောက်လာနေပြီဟု ခံစားမိသည် ။ စင်္ကာပူ လိုနိုင်ငံမျိုး ၊ဗီယက်နမ်လိုနိုင်ငံမျိုးတွင် ဤဒိုင်များ ဤသို.လုပ်ရမည် ထင်ပါသလား ။

    တစ်ခုတော.ပြောစရာရှိသည် ။ဒိုင်သာ မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့လျှင် မနေ.ကပွဲကျိန်းသေနိုင်မည်ဟု ပြောရဲပါသလားဆိုလျှင် အများကြီး မျှော်လင်.လို.ရသည် ဟုတော.ဆိုနိုင်မည်ဖြစ်သည် ။ အိမ်ရှင် အမျိုးသမီးအသင်းအနေဖြင်. အမျိုးသားအသင်းရှုံးသွားသဖြင်. ရွှေတံဆိပ်အတွက် သူတို.တွင်တာဝန် ၂ဆရှိသွားပြီ ။ ဤပွဲသည် လုံးဝရှုံး၍ မဖြစ် ဆိုသော ဖိအား ၊ ကွင်းအတွင်းပရိသတ်၏ အားရကျေနပ်ဖွယ် အစွမ်းကုန် အားပေးမှုအပေါ် ကို်ယ်ချင်းစာစိတ် တို.အောက်တွင် စိုးရိမ်ကြီးစွာ ကစားနေရသည်.ကြားထဲ ကိုယ်ရသင်.သော ပြစ်ဒါဏ်ဘောများ ကျတော.ငြင်းပယ်ခံရ ၊ကိုယ်မပြုသော အမှုအချို.အတွက်အရေးယူခံရ ၊အခြေအနေတူ နီးပါး ဂိုး၂လုံးအနက် သူတို.သွင်းတော. ဂိုးးးး ကိုယ်သွင်းတော. လက်မခံ….ံ မည်သူမဆို ဒေါသထွက်ကြပေမည် ။ အဲ့ဒိတော. စိုးရိမ်စိတ် ၊ဖိအား ၊ဒေါသကြားက ကစားကွက် ဘယ်လိုမှ စိတ်တိုင်းကျ ပြုနိုင်တော.မည် မဟုတ် ။နောက် ပင်နတီ ဆိုသည်က နတ်ကြီးကြောင်း ဘောလုံးကန်ဖူးသူတိုင်းသိကြသည် ။ဂိုးသမားအဖို.က မိရင်တော်လို. ၊ မမိရင် သဘာဝ ။ ကန်သွင်းရသူတို.အဖို. ဝင်ရင် သာမာန် ၊မဝင်ရင် အသုံးမကျဆိုတော. စကန်တည်းက အရှုံး နှင်. ။နိုင်ငံတကာ နာမည်ကျော် ဘောလုံးသမားတိုင်းလိုလို ပင်နတီ မဝင်ခြင်းအရသာ ခံစားမှုမျိုး ကြုံဖူးကြသည်ကို လေ.လာသူများအားလုံးသိပြီးဖြစ်ပါသည် ။ဤနေရာတွင် အတွေ.အကြုံ ၊ စိတ်တည်ငြိမ်မှု ၊ ကံတရား တို.က ဆုံးဖြတ်မြဲဖြစ်သည် ။ထိုအရှုံးကိုတော. အခြေအနေအားလုံးထည်.တွက်ပြီး လက်ခံရပေမည် ။

    လက်မခံချင်သည်က ပင်နတီအထိရောက်လာရသည်.အခြေအနေကိုသာဖြစ်သည် ။ အမျိုးသားအသင်း အနေဖြင်. ဒိုင်၏ကျိန်စာ သင်.ခဲ့သော်ငြား သူ.ကိုတိုင်လျှင် ကိုယ်.ပွဲထိမ်းသိမ်းနိုင်မှုက ပြဿနာ အရှာခံရနိုင်သည် ။ယခုပွဲကတော. ဘယ်လိုအခြေအနေကြုံရ ကြုံရ ထိထိရောက်ရောက်တိုင်သင်.သည် ။မည်သူကြားဝင်စေ.စပ်လို. ….မည်သည်.အခြေအနေတွေထည်.တွက်လို. ဆိုသည်မျိုး (လုံးဝ) လုံးဝ လက်မခံပဲ ဥပဒေအတိုင်း တူတူတန်တန် တုန်.ပြန်ရမည်

    မြန်မာ လူမျိုးဆို.၏ နောက်ထပ်မျက်ရည် ဒိုင်လူကြီးတွေကြောင်. ကြွေမကျရစေဖို. ဒိတစ်ခေါက်တော. ရင်းရပေတော.မည် ။ Media များအနေဖြင်.လည်း ထိုဖြစ်ရပ် အမှန်တကယ် လုပ်ဆောင်နေသည် ဘယ်အဆင်.ရောက်ပြီ မည်သည်.အဖွဲ.အစည်းက မည်သို.ဆုံးဖြတ်သည်မျိုးကို Watch Dog များပီပီ မျက်ခြေမပြတ် (ကျွန်တော်တို.လို ပရိသတ်တွေအတွက် ) စောင်.ကြပ်ကြည်.ရှုပေးနေနိုင်ပါရန် မေတ္တာရပ်ခံပါသည် ။

    နိုင်ငံတကာ ဒိုင်ဘေး …. ကင်းစင်ဝေး ….ငြိမ်းအေးကြပါစေ

    Reply

    • Mr. MarGa

      December 19, 2013 at 8:37 pm

      ဒေါ်လေးရေ
      မေတ္တာပို့တဲ့အထဲ တစ်ခုတိုးသွားပြီပေါ့ 🙂
      ဒီလိုသတင်းကြားမိလို့ ဝမ်းသာမိပါတယ်။
      အိမ်ရှင် ဖြစ်ပါရဲ့နဲ့ ဒီလောက်အထိ မျက်နှာသာ မပေးတာကို မခံချင်ပေမယ့်
      နောက်ပွဲတွေမှာ ဒီလိုမဖြစ်အောင် ဒီလို မခံရအောင်တော့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ရမယ်မလား
      ဆိုတော့ ဆက် စောင့်ကြည့်၊ စောင့်ဖတ်နေပါတယ်ဗျာ

      Reply

    • ကထူးဆန်း

      December 20, 2013 at 9:30 am

      ဒိုင် ဒိုင် နဲ့ ဒိုင်နေကြလို့ ..၈၈ မိနစ် မြန်မာ ပြန်ချေတဲ့ သွင်းတဲ့ ဂိုးကကော ဟုတ်ရဲ့လား ဆိုတာ .. အဲ့ဒါလည်း off side ဖမ်းရင် ရမယ်ထင်ကြောင်းပါ .. မြန်မာရှေ့တန်းနှစ်ယောက်လည်း ကျွံ့ ထွက်နေတယ်လို့ ထင်ကြောင်းပါ … TV ကမြင်ရသလောက်ပြောတာပါ ..
      မြန်မာအမျိုးသမီး အသင်းက အမျိုုူးသား အသင်းထက် စ်ိတ်ဓါတ်ပိုကြံ့ခိုင် တဲ့ အတွက် congratulation အကြီးကြီးပါ ..
      ဘောဆရာ … ကိုပေ တစ်ယောက်ဘယ်ပျောက်နေလဲ မသိ ….

      Reply

      • TNA

        December 20, 2013 at 3:21 pm

        ဟုတ်တယ် ဒုတိယဂိုးကလူကျွံနေတယ်လို့ထင်ပါတယ်။ သို့သော်လဲ ဒီဂိုးမှမပေးရင် ပွဲထိန်းရခက်သွားလိမ့်မယ်လို့ထင်ပါတယ်။ ပထမဂိုးတုန်းကလဲမပေးဘူးဆိုတော့။ ဒိုင်တောင် အတော်လေးကြာမှပေးဖို့ဆုံးဖြတ်လိုက်တာ။ သူ့ဆုံးဖြတ်ချက်မှန်ပါတယ်။ မဟုတ်လို့ကတော့ ရန်ကုန်ထက်ပွဲဆူသွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပင်နယ်တီမှရှုံးရတာ ယူကြုံးမရဖြစ်မိပါတယ်။ ပထမငါးလုံးရဲ့နောက်ဆုံးအလုံးသာဝင်သွားခဲ့မယ်ဆိုရင်————————- ယခုထိတသသဖြစ်နေဆဲပါ။ ငယ်ငယ်ကလိုမျက်ရည်မကျတော့ပေမဲ့ ရင်ထဲမှာတော့ လုံးဝမကောင်းပါဘူး။

        Reply

        • မဟာရာဇာ အံစာတုံး

          December 21, 2013 at 9:20 am

          ဒုတိယ ဂိုးက …
          အမှန်တကယ် အားဖြင့် …
          သုံးခါတိတိ ဂိုးခြင်း ဖြစ်ပါတယ် …
          ပထမ ကန်လိုက်ကတည်းက ဂိုးစည်းကို ကျော်ပြီး ဂိုးသွားတယ် ..
          ဒုတိယ ထပ်ကန်တယ် ..
          ဂိုးစည်းကို သိသိသာသာကို ကျော်သွားတယ် …
          တတိယ ထပ်ကန်ပြန်တယ် ..
          မသိမသာ ကျော်ပြီး ဂိုးပါတယ် …
          သေချာကျိယင် မြင်ပါတယ် …
          မျက်မှန်တွေ ချွတ်ပီး ကျိဂျဘာလို့ မစ်တာ ရပ်ခံဘာဒယ် .. ငိငိငိ

      • Mr. MarGa

        December 23, 2013 at 7:32 pm

        အမျိုးသမီး အသင်းဟာ အမျိုးသားအသင်းထက် စိတ်ဓာတ် ကြံ့ခိုင်ကြပါတယ်။ ဟုတ်ပါတယ်။
        ဒိုင်ကို မြင်မိတာတော့
        အလွဲတွေ များတာမို့
        မလွဲတလွဲ ဆက် လွဲသွားတယ် ထင်ပါကြောင်း

        Reply

  • လုံမလေးမွန်မွန်

    December 19, 2013 at 10:02 pm

    အရင်ဆုံးမေးချင်တာက ဘယ်တုန်းက ဘယ်လို ရေးလိုက်ကြတာလဲဟင်င်င်.. :mrgreen:

    သုတ်လိုက်ပါတယ်… မျက်ရည်ရော..နှပ်ရော တူတူထွက်တာဆိုတော့… တူတူသုတ်လိုက်ပါတယ်….

    သူတို့အတွက် ဘယ်လောက်တောင် ဂုဏ်ယူမိလဲဆိုရင် ကိုယ်တိုင်တောင် ဘောလုံးကန်ချင်စိတ်ဖြစ်လာတဲ့အထိပဲ… ဟိုကိုရီးကတော့ အားပေးရှာပါတယ်… အရပ်ရှည်တော့ ဘောလုံးမကန်နဲ့ ဂိုးဖမ်းတဲ့…

    သူတို့ကို ဂုဏ်ပြုမိတဲ့တစ်ပြိုင်နက် ဟိုကလပ်ကန်နေတဲ့ကောင်တွေကို မေတ္တာပို့မိတယ်… 🙂

    Reply

    • Mr. MarGa

      December 23, 2013 at 7:34 pm

      တစ်နေကုန် ဖတ်ကာ
      တစ်နေကုန် တွေး
      ထို့နောက်
      ပေါင်းစပ်ကာ ရေးလိုက်ခြင်း ဖြစ်ပါကြောင်း…………

      Reply

  • ဗုံဗုံ

    December 20, 2013 at 7:10 am

    ငိုခဲ့ရတာတော့ အမှန်ဘဲကွယ်… 😥
    တောက်စ်….2013 မှာဆုံးရှုံးမှုတွေများတယ်ကွာ…
    ချစ်သူတွေ..မျက်ရည်တွေ..နှပ်တွေ….နည်းတာမဟုတ်ဘူး…. :mrgreen:

    Reply

    • Mr. MarGa

      December 23, 2013 at 7:34 pm

      ပထမံတန်ခိုးနဲ့ 2014 မှာ နှစ်ဆ မတိုးပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။

      Reply

  • alinsett

    December 20, 2013 at 7:20 am

    ရာဇဝင်မှာ
    စာတင်ကာ ထားပါ့မယ်
    ပလာထင်ပါဘူးရယ်လို့

    ငါပြင်ကာပြောလိုက်မယ်
    ရာဇဝင်ရူးကြီး ရူးတော့သကိုးးးးးးး

    :kwi:

    Reply

    • Mr. MarGa

      December 23, 2013 at 7:36 pm

      ရာဇဝင်
      စာတင်ကာ ထားပါလို့
      ရာဇဝင် ရူးတယ်ပြောပြော
      မောလို့ပဲ သေသေ
      စောမေတို့ကတော့
      ဒါတွေ နောကြေနေပြီ ဆိုလား…………..

      Reply

  • kyeemite

    December 20, 2013 at 1:51 pm

    မင်းတို့မျက်ရည်
    “တင်း”လို့ထွက်သလေ
    ငြင်းဖို့သက်သေ
    အပြစ်မဖို့ရက်ပေ
    ညစ်လို့ခက်သလေ
    မဖြစ်လို့ဆက်နေ
    :kwi:

    Reply

    • Mr. MarGa

      December 23, 2013 at 7:39 pm

      တင်းလို့ထွက်သော်လည်း အပြစ်မဖို့ရက်တာမို့
      ညစ်လို့ခက်တာကိုတော့ မပြောချင်ဘု
      မဖြစ်လို့ ဆက်ကာ ပညာ ပြလိုက်တာဖြင့်
      ခြောက်ဂိုးတောင်ဆိုပါလားးး ပိတ်သတ်ကြီးရဲ့ :mrgreenn:

      Reply

  • KZ

    December 20, 2013 at 2:04 pm

    😥

    😥

    😥

    😥

    Reply

    • TNA

      December 20, 2013 at 3:44 pm

      ကူငိုမယ်နော် ချွေးမွလေး
      😥 :byee:
      😥 :byee:
      😥 :byee:
      😥 :byee:
      😥 :byee:

      Reply

      • Mr. MarGa

        December 23, 2013 at 7:42 pm

        ဪ…………ငါ့နှယ်
        မျက်ရည် သုတ်ခိုင်းတဲ့ ပို့စ်မှာမှ လာငိုနေရသလားဗျာ……..
        သုတ်လို့ ရပါပီ
        သုတ်လိုက်ပါတော့……… :kwi:

        Reply

    • Mr. MarGa

      December 23, 2013 at 7:41 pm

      လောလောဆယ်တော့
      ငိုတစ်ခါ ပြုံးတစ်လှည့်ပါပဲ
      😥 :mrgreen:
      😥 :mrgreen:
      😥 :mrgreen:
      😥 :mrgreen:
      😥 :mrgreen:
      😥 :mrgreen:
      😥 :mrgreen:
      😥 :mrgreen:

      Reply

  • အဲဒီညက

    သန်းခြောက်ဆယ်လုံး စောင့်ကြည့်မနေခဲ့ပေမယ့်

    သန်းလေးဆယ်လောက်တော့ စောင့်ကြည့်နေခဲ့မှာပါ…။

    [ဟုတ်ပါ့မလားမောင်သကြားရဲ့…မကြည့်နိုင်တဲ့လူတွေအများကြီးနော်..အစ်မတောင် အမျိုးသားပွဲပဲတကူးတကကြည့်နိုင်တယ်…အဆင်မပြေတဲ့နေရာတွေအများကြီးလေ..ရေဒီယိုကတော့နားထောင်ကြပါတယ် 🙁 ]

    Reply

    • Mr. MarGa

      December 23, 2013 at 7:44 pm

      သန်းခြောက်ဆယ် သန်းခြောက်ဆယ် နဲ့ ပြောနေလွန်းလို့
      လျှော့ထားတာပါဗျာ။ အဲ့လောက် စောင့်မကြည့်ဘူးဆိုတာ သိနေလို့ပါ။
      သန်းလေးဆယ်ထက်တော့ လျှော့နိုင်ဘူးဗျာ ဒါဗျဲ………

      Reply

Leave a Reply to TNA Cancel Reply

Your email address will not be published.