ကျနော် ဘောလုံးပွဲ ကြည့်တဲ့အခါ. . .

alinsettDecember 19, 20131min019

 

ဘောလုံးပွဲ ကြည့် ကြတဲ့ . . . .မိတ်ဆွေတွေကို ကြည့်နေမိတာ. . .

 

သူတို့ကြည့်ပုံကြည့်နည်းတွေကို တွေ ့တော့

ကိုယ်ကြည့်ပုံကြည့်နည်းနဲ့ နည်းနည်းကွာနေတာကို တွေးမိတယ် ။

 

——————————–

 

တချို ့မိတ်ဆွေတွေက ဘောလုံးပွဲကို ကိုယ်အားပေးချင်တဲ့ အသင်း. . . တစ်သင်းသင်းဘက်က နေပြီး အားပေးကြည့်တယ် ။

 

ကိုယ်အားပေးတဲ့အသင်း အနိုင်ရဖို ့ . . .စိတ်အားထက်သန်စွာနဲ့ အားပေးရလို့ လက်သီးလက်မောင်းတန်း လို ့. . .

အသံတွေ ပြာမတတ် အော်လို ့ဟစ်လို့ . . .

 

အဲဒီလို ကြည့်ရတာကို . . . .

ရင်မောစရာပဲ လို ့. . . မြင်ပါတယ် ။

 

တချို့ကတော့ . . . .ကိုယ့်နိုင်ငံ့အားကစားသမား

ရယ်လို ့အားပေးတာ မဟုတ်ပဲ . . . ငွေကြေးအတွက် တွက်ခြေကိုက်နိုင်မယ့်အသင်းကို ခန့်မှန်းပြီး တစ်ဘက်ဘက်က နေ အားပေးကြည့်ရှုပါတယ် ။

 

ဒါလည်း လက်သီးလက်မောင်း တန်းပြီး အော်ဟစ်မနေဘူးဆိုရင်တောင်

ကိုယ် ့အလောင်းအစား နိုင်ဖို့ကို စိတ်စောပြီး အံတကြိတ်ကြိတ် ကြည့်နေရတာမို ့. . . . မောစရာကြီးပါပဲ ။

 

ကိုယ် အားပေးတဲ့ အသင်း နိုင်ပါစေ ဆိုတဲ့ စိတ်ကြီးနဲ့ ဘောလုံးပွဲကြည့်ရတာမျိုး. . . . ကျွန်တော် မကြည့်ဖြစ်တာ ကြာပါပြီ။

 

ဘောလုံးပွဲ ကြည့်ရင် အသင်းတစ်သင်းဘက်ကနေပြီး ကြည့်မှ အရသာ ရှိတာလားးး

 

မဟုတ်သေးပါဘူး ။

 

ဘောလုံးအားကစားဆိုတာ

လေ့ကျင့်မှု ပညာ ရယ်. . .

လျင်မြန်ဖျတ်လတ်တဲ့ ခန္ဓာစွမ်းရယ်. . .

ဖြစ်လာတဲ့အခြေအနေကို အစီအစဉ်ကျအောင် ဖျတ်ခနဲ အသုံးချနိုင်စွမ်းရယ်. . . .

အသင်းအဖွဲ့ အစီအစဉ်တကျ ချိတ်ဆက်ပူးပေါင်းနိုင်မှုတွေရယ် . . . .

စသည်ဖြင့်. . . .

အသေးစိတ်ကြည့်ရှုရမယ့် ကစားနည်းပါ။

 

အားကစားသမားတစ်ယောက်ရဲ့ခြေထဲက ဘောလုံးကို . . .

သူ ့အသင်းသားနောက်တစ်ယောက်ခြေထဲ

ရောက်အောင် လှမ်း အပေးမှာ . . . . အခြားအသင်းရဲ့ အားကစားသမားက. . . ကြားကနေ . . .

မရမက ဖြတ်ယူပြ ကစားပြသွားတာ. . .

 

အလိမ် အလှည် အခွေ အခေါက်

အကွေ ့ အဝိုက်တွေနဲ ့ အပြေးအလွှား

ချိန်သားကိုက်ကိုက် လှုပ်ရှား ကစားရတဲ့ ကစားနည်း. . . .

 

အဲဒီ ကစားနည်းကိုပဲ ရင်သပ်ရှုမော ကြည့်မိတယ် ။

 

ကိုယ် အားပေးတဲ့ အသင်း အနိုင်ရမှ . . .

ဖြစ်မယ်ဆိုတဲ့ ဆန္ဒကြီးနဲ ့. . .

ကြည့်ရတဲ့ အမော . . .

 

မမောတဲ့ကြည့်နည်းနဲ့ အားကစားကို လေ့လာကြည့်ရှုရုံသက်သက် ကြည့်တယ်။

 

ဘောလုံးအားကစားကြည့်ခြင်း ကို

အတ္တကင်းကင်း နဲ့ ရင်မမောပဲ . . . .

ရင်သပ်ရှုမော ကြည့် ချင်လို့ပါ ။

 

အနိုင် အရှုံး ဆိုတာတွေ မပါလို ့. . .

နိုင်ဖို့လည်း စိတ်မစောရဘူး ရှုံးမှာလည်း တွေးမကြောက်ဘူး ။

 

အနိုင်ရလို့လည်း ဝမ်းသာတာမရှိ ရှုံးလို့လည်း ဝမ်းမနည်းးး

 

အရှုံးအနိုင်တွေ ဝမ်းသာဝမ်းနည်းတွေနဲ့

ကြည့်ရတာ ပင်ပန်းပါတယ်ဗျာ ။

 

အသင်းတစ်သင်း ဘက်ကနေပြီး

မကြည့်ပဲ. . . .

အသင်းနှစ်သင်းလုံးရဲ ့ . . .

အားကစား သမားတွေ . . . . . .

လှုပ်ရှားသွားတဲ့ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခတ်မိလောက်အောင် စောင့်ကြည့်ရတာ က . . . .

အရသာ အရမ်းရှိပါတယ် ။

 

ကျွန်တော်တော့ ဘောလုံးပွဲကို အဲဒီလိုကြည့်တယ် ။

 

မမောဘူး ။

ပျော်တယ် ။

 

:kwi:

 

:kwi:

 

 

 

 

 

 

 

 

19 comments

  • ဝင့်ပြုံးမြင့်

    December 19, 2013 at 9:26 am

    မြန်မာအသင်းနိုင်ရင် အိမ်ကယောက်ျားကို ထားခဲ့ပြီး အိမ်ပေါ်က အပြီးဆင်းပေးမယ်ကွ
    အဲဒီစိတ်နဲ့ကြည့်ပါတယ် ဟီး

    Reply

  • ဦးကြောင်ကြီး

    December 19, 2013 at 10:30 am

    ပြိုင်ဗွဲဆိုဒါ အတ္တပါမှ ကြည့်ကောင်းသကွ… နို့မို့ရင် မန်ယူနဲ့ ရီးယဲလ် ကန်လည်း ဘာဖီးလ်မှ အလာဗူး။

    Reply

    • alinsett

      December 19, 2013 at 11:11 am

      အနိုင် အရှုံးက အဒိကမဟုတ်ပါဘူး
      ယှဉ်ပြိုင်ခြင်းသာ အဒိက ဟဲဟဲ

      အတ္တနဲ့ ကြည့်ရင် မောလို ့
      သူတို့ လေ့ကျင့်မှု သူတို့ ခြေစွမ်းကိုပဲ ကြည့်ော့တယ်

      ကျနော့်သဘော ပြောတာပါ

      :kwi:

      Reply

  • kyeemite

    December 19, 2013 at 11:16 am

    မလွယ်ဘူးကွ :kwi:

    Reply

    • alinsett

      December 19, 2013 at 1:28 pm

      ဘယ်လို မလွယ်တာပါလိမ့် ဦးကြီး

      :kwi:

      Reply

  • kyeemite

    December 19, 2013 at 4:21 pm

    နင့်လိုစိတ်နဲ့ ဘောပွဲကြည့်ဖို့ မလွယ်ဘူးပြောတာကွ :kwi:

    Reply

    • alinsett

      December 19, 2013 at 5:32 pm

      လွယ်တော့ မလွယ်ဘူး ဗျ
      ဒါပေမယ့် ကျနော်ကတော့ အဲ့လိုပဲ ကြည့်တယ်။ ကိုယ်တိုင်က နှစ်နှစ်ကာကာ စွဲလမ်းတဲ့ကစားနည်း မဟုတ်လို့လားပဲ။
      🙂

      ပြီးတော့ ကျနော် ဘောလုံးပွဲ ကြည့်တဲ့အခါ. . .
      မြန်မာအသံနဲ့ ကြေငြာနေတဲ့ ပွဲမျိုးဆို အသံပိတ်ပြီးကြည့်တယ်။

      ဘောလုံးပွဲကြေငြာသူရဲ့ အသံဟာ ဘက်လိုက်တဲ့စကားလုံးတွေ
      သူ့ထင်မြင်ယူဆချက်တွေ ထည့်ထည့်အော်နေတာကို သိပ် ခံစားလို့မရဘူးလေ ။
      ဘောလုံးပွဲကြေငြာသူဟာ အခြေအနေကို အရှိအတိုင်းပေါ်လွင်လာအောင်
      ကြည့်ရှုသူ စိတ်အားတက်ကြွလာအောင် ပြောရမှာ

      အခုတော့
      ကိုယ့်လူမျိုးအသင်းဘက်ကနေ ကာဆီးကာဆီးနဲ့
      ဟိုဘက်အသင်းကို သာသာနာနာ ပြောနေတာမျိုး ကြားရလွန်းလို့

      အဟီး

      ကိုယ့်လူမျိုးအသင်းသားက ပေါက်ကရလုပ်နေတာမျိုးကျတော့
      ရေငုံနှုတ်ပိတ် ကြီး လုပ်နေတာလည်း ရှိသေးး

      ဒီတော့ မြန်မာလို ကြေငြာနေရင် အသံပိတ်ပြီး ကြည့်တယ်။
      ဇိမ်ပဲ ။
      :kwi:

      Reply

  • Paing Lay

    December 19, 2013 at 8:16 pm

    နောင်တော်တို့ပြောတာမြင်မှ ဆရာ အတ္တကျော် ဘောလုံးကန်တာကို ပြေးမြင်ယောင်မိတယ်ဂျို့ 😀 ဆရာ အတ္တကျော် ကျောင်းသားဘဝတုန်းက ဘောလုံးကန်တော့ ဘောလုံး ကောင်းကောင်း မကစားနိုင်ဘဲနဲ့ ရှေ့တန်းထည့်ထားတယ်တဲ့ ကျန်တဲ့ သူ့သူငယ်ချင်းတွေက မကျေနပ်လို့ ကျောင်းအုပ်ကြီးကိုမေးတော့ “မင်းတို့ဘာသိလို့လဲ ဒီကောင်က အာကျယ်ပြီး အဆဲသန်လို့ ငါရှေ့တန်းထည့်ထားတာတဲ့” ကောင်းလှောင့်တည်းးးးးးးးးးးးးးကောင်းလှောင့်တည်းးးးးးးးးးးးးး :mrgreen:

    Reply

    • alinsett

      December 20, 2013 at 7:10 am

      အဟိ

      အဆဲသန်တာ အတွန်းအတိုက် အရိုက်အနှက် ပုန်းကစ် ကွယ်ကစ်
      တွယ်ပစ်တတ်တာလည်း အရည်အချင်းတစ်ရပ်ပဲလို့ ယူဆထားတာပေါ့လေ
      🙂

      Reply

  • padonmar

    December 19, 2013 at 8:39 pm

    စာရေးဆရာမတယောက် (ဂျူးလို့ထင်တယ်)ကရေးဖူးတယ်။
    ဘောလုံးပွဲကြည့်ရင် တဖက်ဖက်ကနေပြီး ကြည့်မှ အရသာရှိတယ်တဲ့။

    Reply

    • alinsett

      December 20, 2013 at 7:07 am

      ဟုတ်တယ် အန်တီရေ။
      ဂျူး ရဲ့ အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ ဆောင်းပါးတစ်ပုဒ်ထဲမှာ အဲဒီလို ပြောထားတာ
      ဖတ်ဖူးတယ် ။
      သူက အားနည်းတဲ့အသင်း ဘက်က ဝင်ရပ်တည်ပြီး အားပေးမယ် ဆိုပဲ။

      :kwi:

      Reply

  • TNA

    December 20, 2013 at 2:44 pm

    ဟိုဖက်အသင်းဘောလုံးဆွဲရင် အားပေးလိုက် ဒီဖက်အသင်းဘောလုံးဆွဲရင်အားပေးလိုက် စိတ်ချမ်းသာပါ အိ။ နာတော့အဲလိုပဲကြည့်တယ်။ ကိုယ်ကြည့်မရတဲ့ အသင်းနဲ့ကန်ရင်တော့အဲပွဲလုံးဝမကြည့် ဥပမာ ချဲဆီး :mrgreen:

    Reply

    • alinsett

      December 20, 2013 at 5:50 pm

      အဲ
      ဒါလည်း ကြည့်နည်းတမျိုးပါပဲလားဗျ
      :kwi:

      good

      Reply

  • အဲလိုသာဆို အကုန်လုံးဘောသမားကောင်းတွေဖြစ်ကုန်ပြီး ပိတ်သတ်ဘယ်ရှိတော့မဒုန်းတော့်
    😀

    Reply

  • မဟာရာဇာ အံစာတုံး

    December 21, 2013 at 9:24 am

    အမလေး လေး
    နင်က အချစ်တွေ အမုန်းတွေနဲ့ကျ
    ခံစားတတ်လိုက်တာ ငါ ပြော မပြောလိုက်ချင်ဘူး
    အခုပဲ သေတော့မယ့် အတိုင်းပဲ
    အဲ့ဒါ နင့်ကိုနင် ချစ်နေတဲ့ အတ္တပဲ ..

    နင်က ဘောပွဲကျ အတ္တ မပါမှတဲ့
    နောက်အခါ မှတ်ထား ..
    စာရေးဆရာ ဖြစ်ချင်ရင် ဘယ်အရာကိုမဆို ထပ်တူ ခံစားမှု ပြုတတ်ရတယ် ..

    Reply

    • alinsett

      December 21, 2013 at 9:49 am

      ထပ်တူခံစားမှုပြုတတ်တာနဲ့
      ဘောလုံးပွဲမှာ အနိုင်အရှုံးအဒိကထားကြည့်တာ
      ဘာမှလည်း မဆိုင်ဘူး

      🙂

      ဘောလုံးပွဲကို ဘောလုံးကန်တဲ့ပွဲအဖြစ်ပဲ ကြည့်တယ်
      အချစ်တွေ အမုန်းတွေနဲ့မကြည့်

      သူတို့ ဘယ်လိုလေ့ကျင့်ပြီး အဲဒီလေ့ကျင့်ထားတဲ့ အစွမ်းကို
      ဘယ်လို အသံးချသွားလဲ
      ဘောလုံးကို ဘယ်လို လှလှပပ ကစားပြနေလဲ
      ဒါပဲ

      ဟဲဟဲ

      နီ ငယ်ပါသေးတယ် အန်ဇာလေးရယ်

      😆

      Reply

  • sorrow weaver

    December 21, 2013 at 11:10 am

    နာက ဘောလုံးပွဲမကြိုက် ..လက်ဝှေ့ ပဲကြိုက်တယ်… လက်ဝှေ့တောင် ဗမာလက်ဝှေ့မှ ..အဟိဟိ …လက်ရှိဘဝမှာတော့ …ဟိုကချင်မကြီးပဲ နာ့ကို ထိုးတာ….အဟင့်ဟင့် …

    Reply

    • alinsett

      December 21, 2013 at 11:41 am

      ဒါမျိုးကျတော့ ကချင်နုထွားဂျီးက
      အရှုံးပေးထားပြီးသားပေါ့နော်

      🙂

      Reply

Leave a Reply

Your email address will not be published.