အဆိပ်ရှိ၍ ကျန်းမာရေးအတွက် မသင့်တော်သော ကျင်းထုံနှင့် Baby Care ခြင်ဆေးခွေများကို တားမြစ်ပိတ်သိမ်း

introAugust 6, 20101min01

ထွန်းညှိထားလျှင် ခြင်များ ပြုတ်ကျသေဆုံးသည်ကို တွေ့ရသဖြင့် ဈေးကွက်အတွင်း လူကြိုက်များနေသော တရုတ်နိုင်ငံလုပ် ကျင်းထုံခြင်ဆေးခွေနှင့် Baby Care ခြင်ဆေးခွေများတွင် အဆိပ်အာနိသင်ရှိသော ဓာတုပစ္စည်းများ ခွင့်ပြုထားသည်ထက် ပိုမိုပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် တားမြစ် ပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ခြင်ဆေးများသည် တရားဝင် မှတ်ပုံတင်ထားသော ခြင်ဆေးများ မဟုတ်ဘဲ ပါဝင်သော Meperfluthrim ဆိုသော ဓာတုပစ္စည်းပမာဏမှာ သတ်မှတ်ထားသော ဝ ဒသမ ဝ၄ ရာခိုင်နှုန်းထက် ကျော်လွန်နေပြီး ကျင်းထုံခြင်ဆေး အနီတွင် ဝ ဒသမ ၁၁၅၉ ရာခိုင်နှုန်း၊ အပြာရောင်တွင် ဝ ဒသမ ၆၄၁ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း ဓာတ်ခွဲစမ်းသပ်မှုများအရ သိရသည်ဟု ကြားသိရသည်။

ထိုသို့ အဆိပ်ဓာတ် ပါဝင်မှု များသောကြောင့် ခြင်များကို ကျသေစေပြီး လူကြိုက်များနေသောကြောင့် ဈေးကွက်မှ လိုက်လံသိမ်းဆည်းနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါခြင်ဆေးခွေသည် အခြားခြင်ဆေးခွေများထက် ပန်းနာရင်ကြပ်နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများအပေါ် ပိုဆိုးစေသော သက်ရောက်မှု ရှိစေနိုင်ပြီး ကလေးသူငယ်များအနီး ထွန်းရန် လုံးဝမသင့်တော်ကြောင်း ၎င်းက ဆက်လက် ပြောကြားသွားသည်။

Source: Written by : သီဟသစ်(ဆေး-၂) Mutdfan.com

One comment

  • etone

    August 7, 2010 at 5:12 am

    တရုတ်ကတော့ အဆိပ်နဲ့ တိုက်ပြန်ပြီကွာ ။

    Reply

Leave a Reply

Your email address will not be published.